လာလီဂါကလပ်တစ်ခုကို ဝယ်ယူရန် ပီအက်စ်ဂျီပိုင်ရှင်ကမ်းလှမ်းထား

ပီအက်စ်ဂျီပိုင်ရှင်များဟာလာလီဂါကလပ်အက်စ်ပန်ညိုကိုဝယ်ယူရန်ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်းသတိရပါတယ်။

တရုတ်အရုတ်ထုတ်လုပ်ရေးကုမ္ပဏီ Rastar Group ကအက်စ်ပန်ညိုကို၂၀၁၆ခုနှစ်ကတည်းကပိုင်ဆိုင်လာခဲ့တာဖြစ်ပြီးတရုတ်လက်ရွေးစင်လီဝေကိုခေါ်ယူလိုက်ပြီးတဲ့နောက် တရုတ်တွင်အားပေးမှုအများဆုံးအသင်းများထဲမှတစ်ခုဖြစ်နေပါတယ်။လီဝေဟာအက်စ်ပန်ညိုရဲ့အင်္ကျီအရောင်းရဆုံးကစားသမားအဖြစ်လည်းရပ်တည်နေပါတယ်။

ဒါပေမဲ့ဘာစီလိုနာရဲ့မြို့ခံပြိုင်ဘက်အက်စ်ပန်ညိုကိုဥက္ကဌချန်ယန်ချင်က အရောင်းစာရင်းတင်လာခဲ့ပါတယ်။

ရေဒီယိုမာကာရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီရဲ့ကာတာပိုင်ရှင်များဟာအက်စ်ပန်ညိုကိုဝယ်ယူရန်ကမ်းလှမ်းထားတဲ့အုပ်စုနှစ်ခုမှတစ်ခုဖြစ်ကြောင်းသိရပါတယ်။အခြားအုပ်စုတစ်ခုမှာမြောက်အမေရိကမှရင်းနှီးမြှပ်နှံသူများဖြစ်ပါတယ်။

Qatar Sports Investment ဟာ၂၀၁၁ခုနှစ်တွင်ပီအက်စ်ဂျီကိုဝယ်ယူပြီးတဲ့နောက်ဆယ်စုနှစ်တစ်ခုကျော်ရင်းနှီးမြှပ်နှံမှုများပြုလုပ်ကာ ကမ္ဘာ့အဆင့်ကစားသမားများခေါ်ယူပြီးထိပ်သီးကလပ်တစ်ခုဖြစ်အောင်တည်ဆောက်ထားပါတယ်။

QSI ကိုနက်စ်ဆာအယ်ခီလိုင်ဖီကဦးစီးနေတာဖြစ်ပြီးသူဟာကလပ်ဥက္ကဌနှင့်စီအီးအိုအဖြစ်သာမကbeIN Mediaတွင်လည်းအဆိုပါရာထူးများရယူထားပါတယ်။

၎င်းတို့ဟာစီးရီးအေကလပ်ရိုးမားနှင့်ပေါ်တူဂီကလပ်ဘရာဂါတို့ကိုဝယ်ယူရန်ကြိုးပမ်းခဲ့ပေမဲ့ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းကြောင့်ဝယ်ယူရန်ခက်ခဲခဲ့ပါတယ်။

ဒါပေမဲ့အက်စ်ပန်ညိုမှာပီအက်စ်ဂျီကဲ့သို့ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းမဟုတ်ရာယူအီးအက်ဖ်အေရဲ့စည်းမျဉ်းနှင့်ကိုက်ညီနေပါတယ်။

ပီအက်စ်ဂျီဟာလည်းမန်စီးတီးပိုင်ရှင် Abu Dhabi United Group ကဲ့သို့ပင် ကမ္ဘာတလွှားဘောလုံးကလပ်များဝယ်ယူရင်းနှီးမြှပ်နှံရန် စီစဉ်နေပါတယ်။

Zawgyi

လာလီဂါကလပ္တစ္ခုကို ဝယ္ယူရန္ ပီအက္စ္ဂ်ီပိုင္ရွင္ကမ္းလွမ္းထား

ပီအက္စ္ဂ်ီပိုင္ရွင္မ်ားဟာလာလီဂါကလပ္အက္စ္ပန္ညိဳကိုဝယ္ယူရန္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေၾကာင္းသတိရပါတယ္။

တ႐ုတ္အ႐ုတ္ထုတ္လုပ္ေရးကုမၸဏီ Rastar Group ကအက္စ္ပန္ညိဳကို၂၀၁၆ခုႏွစ္ကတည္းကပိုင္ဆိုင္လာခဲ့တာျဖစ္ၿပီးတ႐ုတ္လက္ေ႐ြးစင္လီေဝကိုေခၚယူလိုက္ၿပီးတဲ့ေနာက္ တ႐ုတ္တြင္အားေပးမႈအမ်ားဆုံးအသင္းမ်ားထဲမွတစ္ခုျဖစ္ေနပါတယ္။လီေဝဟာအက္စ္ပန္ညိဳရဲ႕အက်ႌအေရာင္းရဆုံးကစားသမားအျဖစ္လည္းရပ္တည္ေနပါတယ္။

ဒါေပမဲ့ဘာစီလိုနာရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္အက္စ္ပန္ညိဳကိုဥကၠဌခ်န္ယန္ခ်င္က အေရာင္းစာရင္းတင္လာခဲ့ပါတယ္။

ေရဒီယိုမာကာရဲ႕ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီရဲ႕ကာတာပိုင္ရွင္မ်ားဟာအက္စ္ပန္ညိဳကိုဝယ္ယူရန္ကမ္းလွမ္းထားတဲ့အုပ္စုႏွစ္ခုမွတစ္ခုျဖစ္ေၾကာင္းသိရပါတယ္။အျခားအုပ္စုတစ္ခုမွာေျမာက္အေမရိကမွရင္းႏွီးျမႇပ္ႏွံသူမ်ားျဖစ္ပါတယ္။

Qatar Sports Investment ဟာ၂၀၁၁ခုႏွစ္တြင္ပီအက္စ္ဂ်ီကိုဝယ္ယူၿပီးတဲ့ေနာက္ဆယ္စုႏွစ္တစ္ခုေက်ာ္ရင္းႏွီးျမႇပ္ႏွံမႈမ်ားျပဳလုပ္ကာ ကမာၻ႔အဆင့္ကစားသမားမ်ားေခၚယူၿပီးထိပ္သီးကလပ္တစ္ခုျဖစ္ေအာင္တည္ေဆာက္ထားပါတယ္။

QSI ကိုနက္စ္ဆာအယ္ခီလိုင္ဖီကဦးစီးေနတာျဖစ္ၿပီးသူဟာကလပ္ဥကၠဌႏွင့္စီအီးအိုအျဖစ္သာမကbeIN Mediaတြင္လည္းအဆိုပါရာထူးမ်ားရယူထားပါတယ္။

၎တို႔ဟာစီးရီးေအကလပ္႐ိုးမားႏွင့္ေပၚတူဂီကလပ္ဘရာဂါတို႔ကိုဝယ္ယူရန္ႀကိဳးပမ္းခဲ့ေပမဲ့ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းေၾကာင့္ဝယ္ယူရန္ခက္ခဲခဲ့ပါတယ္။

ဒါေပမဲ့အက္စ္ပန္ညိဳမွာပီအက္စ္ဂ်ီကဲ့သို႔ခ်န္ပီယံလိဂ္ဝင္ခြင့္ရအသင္းတစ္သင္းမဟုတ္ရာယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းႏွင့္ကိုက္ညီေနပါတယ္။

ပီအက္စ္ဂ်ီဟာလည္းမန္စီးတီးပိုင္ရွင္ Abu Dhabi United Group ကဲ့သို႔ပင္ ကမာၻတလႊားေဘာလုံးကလပ္မ်ားဝယ္ယူရင္းႏွီးျမႇပ္ႏွံရန္ စီစဥ္ေနပါတယ္။