လာလီဂါဂိုး ၂၂၀ သွင်းထားတဲ့ တိုက်စစ်မှူးကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို မန်စီးတီးနှင့်ချဲလ်ဆီးငြင်းပယ်

ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်ကြတဲ့မန်စီးတီးနှင့်ချဲလ်ဆီးတို့ဟာလာလီဂါဂိုး၂၂၀အထိသွင်းယူထားတဲ့တိုက်စစ်မှူးကိုခေါ်ယူနိုင်မယ့်အခွင့်အရေးကိုပယ်ချလိုက်ကြပါတယ်။

ဘာစီလိုနာဟာတစ်ပတ်လုပ်ခပေါင်၇၅၀၀၀၀အထိပေးနေရတဲ့တိုက်စစ်မှူးအန်တိုနီဂရက်ဇ်မန်းအားအသုံးစရိတ်လျှော့ချလိုမှု၊မက်ဆီအားစာချုပ်သစ်ချုပ်ဆိုနိုင်မှုတို့အတွက် အငှား(သို့မဟုတ်)အပြတ်ရောင်းချလိုနေပါတယ်။

Daily Star ရဲ့ဖော်ပြချက်အရဘာစီလိုနာအသင်းမှတာဝန်ရှိသူများအား ဂရက်ဇ်မန်းအား ခေါ်ယူရန်စိတ်ဝင်စားခြင်းရှိ/မရှိကိုမန်စီးတီးနှင့်ချဲလ်ဆီးတို့ထံစကားကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဒါပေမယ့်ပရီးမီးယားလိဂ်ကလပ်နှစ်ခုတို့ဟာဂရက်ဇ်မန်းအားခေါ်ယူနိုင်မယ့်အခွင့်အရေးကိုချက်ချင်းပယ်ချခဲ့ကြပါတယ်။

ဒါကြောင့်လည်းဘာစီလိုနာဟာအက်သလက်တီကိုမှနီဂယ်ဆောလ်နှင့်အလဲအထပ်လုပ်ပြီးဂရက်ဇ်မန်းကိုအသင်းဟောင်းသို့ပြန်ပို့ရေးအတွက်ဆွေးနွေးမှုပြုလုပ်နေပြီဖြစ်ပါတယ်။

ZawGyi





