လာလီဂါတွင် အက်စ်ပန်ညိုအတွက် ကွင်းလယ်တစ်ဝက်ခန့်မှ ဂိုးသွင်းခဲ့တဲ့ နယူးကာဆယ်အရှုံးသမားဟိုဆေးလူ

နယူးကာဆယ်ပရိသတ်တွေကတော့ သူတို့အသင်းအတွက်၅၂ပွဲကစားခဲ့ရာမှာဟိုဆေးလူတစ်ယောက်အဲဒီမှတ်တမ်းအတိုင်းလုပ်ဆောင်နိုင်မယ်ဆိုရင်အကြီးအကျယ်အံ့ဩနေကြမှာအသေအချာပါပဲ။

အသက်၃၂နှစ်ရှိဟိုဆေးလူဟာတိုင်နီဆိုက်မှာ၂၀၁၇ခုနှစ်မှ၂၀၁၉ခုနှစ်အထိကစားခဲ့ရာမှာတော့စိတ်ပျက်စရာကာလများနှင့်ကြုံခဲ့ရပါတယ်။

ဒါပေမဲ့ဟိုဆေးလူဟာယခုရာသီမှာတော့အက်စ်ပန်ညိုအတွက်အကြီးအကျယ်တောက်ပပေးနေပါတယ်။သူဟာလာလီဂါပွဲ၁၇ပွဲမှာ၁၀ဂိုးသွင်းထားနိုင်တဲ့အထိလုပ်ပြထားနိုင်ပါတယ်။

သူသွင်းယူခဲ့တဲ့နောက်ဆုံးဂိုးကတော့တကယ့်ကိုအံ့မခန်းပါပဲ။

ဟိုဆေးလူဟာတနင်္ဂနွေနေ့ညတုန်းကဂီတာဖေးနှင့်ပွဲစဉ်မှာကွင်းလယ်တစ်ဝက်နီးပါးကနေအက်စ်ပန်ညိုအတွက်ဦးဆောင်ဂိုးကိုအံ့မခန်းသွင်းယူပြခဲ့ပါတယ်။

နယူးကာဆယ်နှင့်စတုတ်တိုက်စစ်မှူးဟောင်းဟာကွင်းလယ်တစ်ဝက်နီးပါးခန့်မှာဘောလုံးရရှိပြီးတဲ့နောက်ဂိုးပေါက်သို့ကန်သွင်းဖို့အခွင့်အရေးရှိနေကြောင်းသိရှိလိုက်ပါတယ်။

သူဟာဂိုးပေါက်သို့လှမ်းကြည့်လိုက်ချိန်မှ ပြိုင်ဘက်ဂိုးသမားဒေးဗစ်ဆိုရီယာမှာရှေ့တက်နေကြောင်းသိရှိသွားခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲသူဟာဂိုးသမားဆိုရီယာကိုကျော်ပြီးဂိုးပေါက်ထည့်ထဲသို့ကန်သွင်းယူခဲ့ပါတယ်။

သူဟာယင်းဂိုးကြောင့်လာလီဂါတွင်နောက်ဆုံးလေးရာသီအတွင်းဂိုးသွင်းအားနှစ်ဆရှိလာတဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

ဒါ့အပြင်သူ့ထက်လာလီဂါမှာဂိုးပိုသွင်းနိုင်တဲ့သူအဖြစ်ဘာစီလိုနာတိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးပဲရှိပါတယ်။

ဒါပေမဲ့ချက်ချင်းဆိုသလိုပဲတစ်မိနစ်အကြာမှာဂီတာဖေးဟာတူရကီလက်ရွေးစင်အီနက်စ်အူနယ်ရဲ့ဂိုးဖြင့်ချေပဂိုးရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ဟိုဆေးလူဟာပွဲချိန်၆၂မိနစ်မှာဂျာဗီပူအာဒိုဂိုးသွင်းနိုင်အောင်ထပ်မံဖန်တီးပေးခဲ့ပါတယ်။

ဟိုဆေးလူဟာပြီးခဲ့တဲ့နွေတုန်းကအက်စ်ပန်ညိုသို့မပြောင်းခင်အလာဗက်စ်အတွက်၁၁၃ပွဲကစားခဲ့ရာမှာ၃၆ဂိုးသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာနယူးကာဆယ်မှာကစားပြီးတဲ့နောက် အင်္ဂလန်မှာစတုတ်တွင်ကစားခဲ့သေးပေမဲ့၂၇ပွဲကစားခဲ့ရာမှာ၄ဂိုးတည်းပဲသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

လာလီဂါတြင္ အက္စ္ပန္ညိဳအတြက္ ကြင္းလယ္တစ္ဝက္ခန႔္မွ ဂိုးသြင္းခဲ့တဲ့ နယူးကာဆယ္အရႈံးသမားဟိုေဆးလူ

နယူးကာဆယ္ပရိသတ္ေတြကေတာ့ သူတို႔အသင္းအတြက္၅၂ပြဲကစားခဲ့ရာမွာဟိုေဆးလူတစ္ေယာက္အဲဒီမွတ္တမ္းအတိုင္းလုပ္ေဆာင္ႏိုင္မယ္ဆိုရင္အႀကီးအက်ယ္အံ့ဩေနၾကမွာအေသအခ်ာပါပဲ။

အသက္၃၂ႏွစ္ရွိဟိုေဆးလူဟာတိုင္နီဆိုက္မွာ၂၀၁၇ခုႏွစ္မွ၂၀၁၉ခုႏွစ္အထိကစားခဲ့ရာမွာေတာ့စိတ္ပ်က္စရာကာလမ်ားႏွင့္ႀကဳံခဲ့ရပါတယ္။

ဒါေပမဲ့ဟိုေဆးလူဟာယခုရာသီမွာေတာ့အက္စ္ပန္ညိဳအတြက္အႀကီးအက်ယ္ေတာက္ပေပးေနပါတယ္။သူဟာလာလီဂါပြဲ၁၇ပြဲမွာ၁၀ဂိုးသြင္းထားႏိုင္တဲ့အထိလုပ္ျပထားႏိုင္ပါတယ္။

သူသြင္းယူခဲ့တဲ့ေနာက္ဆုံးဂိုးကေတာ့တကယ့္ကိုအံ့မခန္းပါပဲ။

ဟိုေဆးလူဟာတနဂၤေႏြေန႔ညတုန္းကဂီတာေဖးႏွင့္ပြဲစဥ္မွာကြင္းလယ္တစ္ဝက္နီးပါးကေနအက္စ္ပန္ညိဳအတြက္ဦးေဆာင္ဂိုးကိုအံ့မခန္းသြင္းယူျပခဲ့ပါတယ္။

နယူးကာဆယ္ႏွင့္စတုတ္တိုက္စစ္မႉးေဟာင္းဟာကြင္းလယ္တစ္ဝက္နီးပါးခန႔္မွာေဘာလုံးရရွိၿပီးတဲ့ေနာက္ဂိုးေပါက္သို႔ကန္သြင္းဖို႔အခြင့္အေရးရွိေနေၾကာင္းသိရွိလိုက္ပါတယ္။

သူဟာဂိုးေပါက္သို႔လွမ္းၾကည့္လိုက္ခ်ိန္မွ ၿပိဳင္ဘက္ဂိုးသမားေဒးဗစ္ဆိုရီယာမွာေရွ႕တက္ေနေၾကာင္းသိရွိသြားခဲ့ပါတယ္။

ခ်က္ခ်င္းဆိုသလိုပဲသူဟာဂိုးသမားဆိုရီယာကိုေက်ာ္ၿပီးဂိုးေပါက္ထည့္ထဲသို႔ကန္သြင္းယူခဲ့ပါတယ္။

သူဟာယင္းဂိုးေၾကာင့္လာလီဂါတြင္ေနာက္ဆုံးေလးရာသီအတြင္းဂိုးသြင္းအားႏွစ္ဆရွိလာတဲ့ပထမဆုံးကစားသမားလည္းျဖစ္ပါတယ္။

ဒါ့အျပင္သူ႔ထက္လာလီဂါမွာဂိုးပိုသြင္းႏိုင္တဲ့သူအျဖစ္ဘာစီလိုနာတိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးပဲရွိပါတယ္။

ဒါေပမဲ့ခ်က္ခ်င္းဆိုသလိုပဲတစ္မိနစ္အၾကာမွာဂီတာေဖးဟာတူရကီလက္ေ႐ြးစင္အီနက္စ္အူနယ္ရဲ႕ဂိုးျဖင့္ေခ်ပဂိုးရရွိသြားခဲ့ပါတယ္။

ဒါေပမဲ့ဟိုေဆးလူဟာပြဲခ်ိန္၆၂မိနစ္မွာဂ်ာဗီပူအာဒိုဂိုးသြင္းႏိုင္ေအာင္ထပ္မံဖန္တီးေပးခဲ့ပါတယ္။

ဟိုေဆးလူဟာၿပီးခဲ့တဲ့ေႏြတုန္းကအက္စ္ပန္ညိဳသို႔မေျပာင္းခင္အလာဗက္စ္အတြက္၁၁၃ပြဲကစားခဲ့ရာမွာ၃၆ဂိုးသြင္းေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

သူဟာနယူးကာဆယ္မွာကစားၿပီးတဲ့ေနာက္ အဂၤလန္မွာစတုတ္တြင္ကစားခဲ့ေသးေပမဲ့၂၇ပြဲကစားခဲ့ရာမွာ၄ဂိုးတည္းပဲသြင္းႏိုင္ခဲ့ပါတယ္။