လာလီဂါဖလားအတွက် အက်သလက်တီကို အသက်စွန့်တိုက်ပွဲဝင်သွားမည်ဟု ဆီမြွန်နီကြုံးဝါး

ဒီယေဂိုဆီမြွန်နီကအက်သလက်တီကိုမက်ဒရစ်ဟာလာလီဂါဖလားအတွက်အသက်စွန့်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကြုံးဝါးပြောကြားလိုက်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ဟာလာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေပြီးရာသီသိမ်းပွဲစဉ်အဖြစ်ဗယ်လာဒိုးလစ်အားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။၎င်းတို့ဟာဒုတိယနေရာမှရီးရဲလ်မက်ဒရစ်ကိုရမှတ်၂မှတ်ဖြတ်ထားရာအနိုင်ရရှိရန်လိုအပ်နေပါတယ်။အကယ်၍အက်သလက်တီကိုသာသရေကျပြီးရီးရဲလ်မက်ဒရစ်ကအနိုင်ရရှိပါကအမှတ်တူနေမှာဖြစ်သော်လည်းထိပ်တိုက်တွေ့ဆုံမှုတွင်အသာမရမှုကြောင့်ရီးရဲလ်မက်ဒရစ်ကလာလီဂါချန်ပီယံဖြစ်သွားပါမယ်။

အခြားတစ်ဖက်တွင်ဗယ်လာဒိုးလစ်မှာလည်းလာလီဂါမှတန်းမဆင်းရရေးအတွက်တိုက်ပွဲဝင်နေရာအက်သလက်တီကိုအနေဖြင့်ကြီးမားတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြက “ဗိုလ်လုပွဲပါ။အသင်းနှစ်သင်းဟာကွဲပြားတဲ့ရည်မှန်းချက်အတွက်တိုက်ပွဲဝင်သွားကြပါမယ်။နှစ်သင်းလုံးဟာကိုယ်စီရည်မှန်းချက်တွေအတွက်အသက်စွန့်တိုက်ပွဲဝင်သွားကြပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လာလီဂါဖလားအတြက္ အက္သလက္တီကို အသက္စြန႔္တိုက္ပြဲဝင္သြားမည္ဟု ဆီႁမြန္နီႀကဳံးဝါး

ဒီေယဂိုဆီႁမြန္နီကအက္သလက္တီကိုမက္ဒရစ္ဟာလာလီဂါဖလားအတြက္အသက္စြန႔္တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းႀကဳံးဝါးေျပာၾကားလိုက္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ဟာလာလီဂါအမွတ္ေပးဇယားကိုဦးေဆာင္ေနၿပီးရာသီသိမ္းပြဲစဥ္အျဖစ္ဗယ္လာဒိုးလစ္အားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။၎တို႔ဟာဒုတိယေနရာမွရီးရဲလ္မက္ဒရစ္ကိုရမွတ္၂မွတ္ျဖတ္ထားရာအႏိုင္ရရွိရန္လိုအပ္ေနပါတယ္။အကယ္၍အက္သလက္တီကိုသာသေရက်ၿပီးရီးရဲလ္မက္ဒရစ္ကအႏိုင္ရရွိပါကအမွတ္တူေနမွာျဖစ္ေသာ္လည္းထိပ္တိုက္ေတြ႕ဆုံမႈတြင္အသာမရမႈေၾကာင့္ရီးရဲလ္မက္ဒရစ္ကလာလီဂါခ်န္ပီယံျဖစ္သြားပါမယ္။

အျခားတစ္ဖက္တြင္ဗယ္လာဒိုးလစ္မွာလည္းလာလီဂါမွတန္းမဆင္းရေရးအတြက္တိုက္ပြဲဝင္ေနရာအက္သလက္တီကိုအေနျဖင့္ႀကီးမားတဲ့စိန္ေခၚမႈနဲ႔ရင္ဆိုင္ေနရပါတယ္။

အာဂ်င္တီးနားလူမ်ိဳးနည္းျပက “ဗိုလ္လုပြဲပါ။အသင္းႏွစ္သင္းဟာကြဲျပားတဲ့ရည္မွန္းခ်က္အတြက္တိုက္ပြဲဝင္သြားၾကပါမယ္။ႏွစ္သင္းလုံးဟာကိုယ္စီရည္မွန္းခ်က္ေတြအတြက္အသက္စြန႔္တိုက္ပြဲဝင္သြားၾကပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။