လာလီဂါမှထွက်ခွာကာ ပရီးမီးယားလိဂ်နှင့်ပူးပေါင်းရန် ရီးရဲလ်မက်ဒရစ်ကြိုးပမ်းနေ

ရီးရဲလ်မက်ဒရစ်ဟာလာလီဂါမှထွက်ခွာကာလိဂ်သစ်တစ်ခုနှင့်ပူးပေါင်းရန်ကြိုးပမ်းနေပြီးပရီးမီးယားလိဂ်မှာ၎င်းတို့ပူးပေါင်းရန်ဆန္ဒအရှိဆုံးလိဂ်ဖြစ်နေကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလာလီဂါဖလား၃၄ကြိမ်အထိဆွတ်ခူးကာစပိန်တွင်အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေပြီးဘာစီလိုနာ(၂၆ကြိမ်)၊အက်သလက်တီကို(၁၁ကြိမ်)တို့ထက် အောင်မြင််မှုရရှိထားပါတယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ဟာလာလီဂါရဲ့ဆုံးဖြတ်ချက်များအပေါ်မကျေမနပ်ဖြစ်နေပါတယ်။အထူးသဖြင့်ရီးရဲလ်မက်ဒရစ်ဟာလာလီဂါဥက္ကဌဂျာဗီးယားတီဘက်စ်ကလိဂ်ရဲ့ရှယ်ယာများကို အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ CVC ထံသို့ရောင်းချလိုက်မှုအပေါ် စိတ်ပျက်နေပါတယ်။

တစ်ဖက်တွင်ဂျာဗီးယားတီဘက်စ်ဟာရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့လုပ်ဆောင်နေတဲ့ဥရောပစူပါလိဂ်ပြိုင်ပွဲကိုအကြီးအကျယ်ကန့်ကွက်ရှုံ့ချသူဖြစ်ပါတယ်။ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်နှင့်လာလီဂါတို့အကြားဆက်ဆံရေးမှာဆိုးရွားသထက်ဆိုးရွားလာနေပါတယ်။

Mundo Deportivo ရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်ဟာလာလီဂါမှထွက်ခွာပြီးနိုင်ငံခြားမှလိဂ်တစ်ခုနှင့်ပူးပေါင်းရန်အလေးအနက်ထားစဉ်းစားနေကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ်ဟာပရီးမီးယားလိဂ်နှင့်ပူးပေါင်းရန်အထူးစိတ်ဝင်စားနေပြီးအသင်းအတွက်ဝင်ငွေလည်းများစွာမြင့်မားလာမယ်လို့ယုံကြည်နေပါတယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်အတွက်အကြီးမားဆုံးအတားအဆီးမှာအင်္ဂလန်မှာအီးယူမှနုတ်ထွက်တော့မယ့်အခြေအနေဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဒုတိယစဉ်းစားထားတဲ့လိဂ်မှာဘွန်ဒက်စ်လီဂါဖြစ်ကြောင်းသိရပါတယ်။

လာလီဂါဥက္ကဌတီဘက်စ်ကတော့အထက်ပါသတင်းမှာအခြေအမြစ်မရှိတဲ့သတင်းဖြစ်ကြောင်းပြောကြားထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယနေ့ညမှာအလာဗက်စ်နှင့်လာလီဂါအဖွင့်ပွဲရင်ဆိုင်ကစားရပါမယ်။

ZawGyi

လာလီဂါမွထြက္ခြာကာ ပရီးမီးယားလိဂ္ႏွင့္ပူးေပါင္းရန္ ရီးရဲလ္မက္ဒရစ္ႀကိဳးပမ္းေန

ရီးရဲလ္မက္ဒရစ္ဟာလာလီဂါမွထြက္ခြာကာလိဂ္သစ္တစ္ခုႏွင့္ပူးေပါင္းရန္ႀကိဳးပမ္းေနၿပီးပရီးမီးယားလိဂ္မွာ၎တို႔ပူးေပါင္းရန္ဆႏၵအရွိဆုံးလိဂ္ျဖစ္ေနေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလာလီဂါဖလား၃၄ႀကိမ္အထိဆြတ္ခူးကာစပိန္တြင္အေအာင္ျမင္ဆုံးအသင္းအျဖစ္ရပ္တည္ေနၿပီးဘာစီလိုနာ(၂၆ႀကိမ္)၊အက္သလက္တီကို(၁၁ႀကိမ္)တို႔ထက္ ေအာင္ျမင္္မႈရရွိထားပါတယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ဟာလာလီဂါရဲ႕ဆုံးျဖတ္ခ်က္မ်ားအေပၚမေက်မနပ္ျဖစ္ေနပါတယ္။အထူးသျဖင့္ရီးရဲလ္မက္ဒရစ္ဟာလာလီဂါဥကၠဌဂ်ာဗီးယားတီဘက္စ္ကလိဂ္ရဲ႕ရွယ္ယာမ်ားကို အေမရိကန္ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ CVC ထံသို႔ေရာင္းခ်လိုက္မႈအေပၚ စိတ္ပ်က္ေနပါတယ္။

တစ္ဖက္တြင္ဂ်ာဗီးယားတီဘက္စ္ဟာရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔လုပ္ေဆာင္ေနတဲ့ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကိုအႀကီးအက်ယ္ကန႔္ကြက္ရႈံ႕ခ်သူျဖစ္ပါတယ္။ဒါေၾကာင့္လည္းရီးရဲလ္မက္ဒရစ္ႏွင့္လာလီဂါတို႔အၾကားဆက္ဆံေရးမွာဆိုး႐ြားသထက္ဆိုး႐ြားလာေနပါတယ္။

Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္ဟာလာလီဂါမွထြက္ခြာၿပီးႏိုင္ငံျခားမွလိဂ္တစ္ခုႏွင့္ပူးေပါင္းရန္အေလးအနက္ထားစဥ္းစားေနေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဥကၠဌပီရက္ဇ္ဟာပရီးမီးယားလိဂ္ႏွင့္ပူးေပါင္းရန္အထူးစိတ္ဝင္စားေနၿပီးအသင္းအတြက္ဝင္ေငြလည္းမ်ားစြာျမင့္မားလာမယ္လို႔ယုံၾကည္ေနပါတယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္အတြက္အႀကီးမားဆုံးအတားအဆီးမွာအဂၤလန္မွာအီးယူမွႏုတ္ထြက္ေတာ့မယ့္အေျခအေနျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္အသင္းဒုတိယစဥ္းစားထားတဲ့လိဂ္မွာဘြန္ဒက္စ္လီဂါျဖစ္ေၾကာင္းသိရပါတယ္။

လာလီဂါဥကၠဌတီဘက္စ္ကေတာ့အထက္ပါသတင္းမွာအေျခအျမစ္မရွိတဲ့သတင္းျဖစ္ေၾကာင္းေျပာၾကားထားပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယေန႔ညမွာအလာဗက္စ္ႏွင့္လာလီဂါအဖြင့္ပြဲရင္ဆိုင္ကစားရပါမယ္။