လာလီဂါရဲ့ဒဏ်ရိုက်ခြင်းခံလာရတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာဟာဘဏ္ဍာရေးမျှတစွာသုံးစွဲရေးစည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်မှုကြောင့်လာလီဂါရဲ့ပေါင်၇၀၅၀၀၀ဒဏ်ရိုက်ခြင်းခံလာရပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့နှစ်များအတွင်းတွင်ဘဏ္ဍာရေးပြဿနာများနှင့်ကြုံတွေ့ရကာကြွေးမြီများစွာရှိနေခဲ့ရပြီးကစားသမားသစ်များကိုမှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဘာစီလိုနာဟာဘဏ္ဍရေးသုံးစွဲမှုမျှတလာစေရန်အတွက်ပထမအသင်းမှကစားသမားများကိုလုပ်ခလျှော့ချခြင်း၊ရုပ်သံလွှင့်ခအပါအဝင်အသင်းရဲ့ပိုင်ရှင်များကိုရောင်းချမှုများပြုလုပ်ခဲ့ရပါတယ်။

ဒါပေမဲ့ဘာစီလိုနာဟာလာလီဂါရဲ့ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ခဲ့မှုနဲ့အတူဒဏ်ရိုက်ခံလာရပါတယ်။

ဘာစီလိုနာဟာဒါနီအဲဗက်စ်နှင့်အင်ဒရေခရစ္စတင်ဆင်ကိုခေါ်ယူမှု၊ရော်နယ်အရူဂျိုကိုစာချုပ်သက်တမ်းတိုးချုပ်ဆိုမှုပြုလုပ်ခဲ့မှုတို့အတွက်ဒဏ်ရိုက်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

အဲဗက်စ်နှင့်ခရစ္စတင်ဆင်တို့ဟာဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာဟာအရူဂျိုကိုဧပြီလတုန်းကစာချုပ်ဖျက်သိမ်းကြေးယူရို၁ဘီလီယံပေးရမဲ့အချက်ပါ၄နှစ်စာချုပ်သစ်အားချုပ်ဆိုခဲ့ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံတွေ့နေရပေမဲ့လည်းနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကရောဘတ်လီဝန်ဒေါ့စကီး၊ရာဖင်ညာ၊ဂျူးစ်ကွန်ဒီအပါအဝင်ကစားသမားများကိုယူရို၁၅၃သန်းအသုံးပြုကာခေါ်ယူခဲ့ပါတယ်။

ZawGyi

လာလီဂါရဲ႕ဒဏ္႐ိုက္ျခင္းခံလာရတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာဟာဘ႑ာေရးမွ်တစြာသုံးစြဲေရးစည္းမ်ဥ္းစည္းကမ္းမ်ားကိုခ်ိဳးေဖာက္မႈေၾကာင့္လာလီဂါရဲ႕ေပါင္၇၀၅၀၀၀ဒဏ္႐ိုက္ျခင္းခံလာရပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေတြ႕ရကာေႂကြးၿမီမ်ားစြာရွိေနခဲ့ရၿပီးကစားသမားသစ္မ်ားကိုမွတ္ပုံတင္ႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။

ဘာစီလိုနာဟာဘ႑ေရးသုံးစြဲမႈမွ်တလာေစရန္အတြက္ပထမအသင္းမွကစားသမားမ်ားကိုလုပ္ခေလွ်ာ့ခ်ျခင္း၊႐ုပ္သံလႊင့္ခအပါအဝင္အသင္းရဲ႕ပိုင္ရွင္မ်ားကိုေရာင္းခ်မႈမ်ားျပဳလုပ္ခဲ့ရပါတယ္။

ဒါေပမဲ့ဘာစီလိုနာဟာလာလီဂါရဲ႕ဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းမ်ားကိုခ်ိဳးေဖာက္ခဲ့မႈနဲ႔အတူဒဏ္႐ိုက္ခံလာရပါတယ္။

ဘာစီလိုနာဟာဒါနီအဲဗက္စ္ႏွင့္အင္ဒေရခရစၥတင္ဆင္ကိုေခၚယူမႈ၊ေရာ္နယ္အ႐ူဂ်ိဳကိုစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုမႈျပဳလုပ္ခဲ့မႈတို႔အတြက္ဒဏ္႐ိုက္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

အဲဗက္စ္ႏွင့္ခရစၥတင္ဆင္တို႔ဟာဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့ၾကတာျဖစ္ပါတယ္။

ဘာစီလိုနာဟာအ႐ူဂ်ိဳကိုဧၿပီလတုန္းကစာခ်ဳပ္ဖ်က္သိမ္းေၾကးယူ႐ို၁ဘီလီယံေပးရမဲ့အခ်က္ပါ၄ႏွစ္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုခဲ့ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေတြ႕ေနရေပမဲ့လည္းေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေရာဘတ္လီဝန္ေဒါ့စကီး၊ရာဖင္ညာ၊ဂ်ဴးစ္ကြန္ဒီအပါအဝင္ကစားသမားမ်ားကိုယူ႐ို၁၅၃သန္းအသုံးျပဳကာေခၚယူခဲ့ပါတယ္။