လာလီဂါသို့အငှားဖြင့် ထွက်ခွာဖို့ သေချာနေတဲ့ မန်ယူလူငယ်ပါရမီရှင်တောင်ပံကစားသမား

မန်ယူတောင်ပံကစားသမားဖာကန်ဒိုပယ်လီစထရီဟာယခုလအတွင်းမှာလာလီဂါသို့အငှားဖြင့်ပြောင်းရွှေ့ကစားရန်ပြင်နေကြောင်းသိရပါတယ်။

ဥရုဂွေးလူငယ်ကစားသမားရဲ့အေးဂျင့်အက်ဂါဒိုလာဆယ်ဗီယာကယခုလအတွင်းတွင်ပယ်လီစီယာမှာစပိန်သို့ပြောင်းရန်သေချာနေကြောင်းဆိုသွားပါတယ်။

လာဆယ်ဗီယာက “အပြောင်းအရွှေ့ဖြစ်လာဖို့အတွက် ကျွန်တော်တို့လုပ်နေပါတယ်။စပိန်သို့ပြောင်းမှာကတော့ သေချာနေပါတယ်”လို့ပြောကြားသွားပါတယ်။

အသက်၁၉နှစ်ရှိပယ်လီစီယာဟာနွေရာသီတုန်းကဥရုဂွေးကလပ်ပီနာရိုးလ်မှာမန်ယူသို့ယူရို၉.၉သန်းဖြင့်ရောက်လာပြီးနောက်မန်ယူအတွက်တစ်ပွဲမျှကစားခွင့်မရထားသူလည်းဖြစ်ပါတယ်။

တောင်ပံကစားသမားဟာမန်ယူယူ-၂၃အသင်းအတွက်၈ပွဲကစားခွင့်ရရှိထားပြီးမန်ယူပထမအသင်းနှင့်ပုံမှန်လေ့ ကျင့်ခန်းဆင်းခွင့်ရနေသူလည်းဖြစ်ပါတယ်။

ZawGyi





