လိဂ်မန်နေဂျာအဖွဲ့ချုပ်ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာဆွတ်ခူး

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာမန်စီးတီးအားတတိယမြောက်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်မှုနဲ့အတူလိဂ်မန်နေဂျာအဖွဲ့ချုပ်ကချီးမြှင့်တဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

အသက်၅၀နှစ်ရှိစပိန်လူမျိုးနည်းပြဟာ၂၀၁၆ခုနှစ်တွင်အီတီဟတ်သို့ရောက်လာပြီးနောက်ယခုရာသီတွင်ပရီးမီးယားလိဂ်ဖလားအပြင်လိဂ်ဖလားကိုလည်းလေးကြိမ်ဆက်ခူးနိုင်အောင်ဦးဆောင်ထားနိုင်ပါတယ်။ဒါ့အပြင်ဂွါဒီယိုလာရဲ့မန်စီးတီးဟာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းတက်ရောက်ထားနိုင်ကာမေလ၂၉ရက်နေ့မှာချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရပါမယ်။

လိဂ်မန်နေဂျာအဖွဲ့ချုပ်ရဲ့အကောင်းဆုံးနည်းပြဆုအတွက်မဲအများဆုံးစာရင်းတွင်မာဆယ်လိုဘီရဲလ်ဆာ၊ဒါနီရယ်ဖာကီ၊ဟမ်မာဟာယက်စ်၊ဒေးဗစ်မိုယက်စ်နှင့်ဘရန်ဒန်ရော်ဂျာတို့လည်းပါဝင်ပါတယ်။

နော့ဝှစ်ချ်နည်းပြဖာကီ၊ဟားလ်စီးတီးနည်းပြဂရန့်မက်ကန်း၊ချဲလ်တင်ဟမ်နည်းပြမိုက်ကယ်ဒပ်ဖ်တို့ဟာ၎င်းတို့ရဲ့သက်ဆိုင်ရာလိဂ်အသီးသီးတို့ရဲ့အကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးခဲ့ပါတယ်။

ချဲလ်ဆီးအမျိုးသမိးအသင်းကိုဘာကလေအက်ဖ်အေအမျိုးသမီးဖလားဆွတ်ခူးပေးနိုင်ခဲ့တဲ့နည်းပြဟာယက်စ်မှာစူပါလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင်ရိန်းဂျားအသင်းကိုရှုံးပွဲမရှိမှတ်တမ်းဖြင့်စကော့တလန်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးပေးနိုင်ခဲ့တဲ့အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်မှာလိဂ်မန်နေဂျာအဖွဲ့ချုပ်ရဲ့အထူးဆုချီးမြှင့်ခံခဲ့ရပါတယ်။

ZawGyi

လိဂ္မန္ေနဂ်ာအဖြဲ႕ခ်ဳပ္ရဲ႕တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ဂြါဒီယိုလာဆြတ္ခူး

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာဟာမန္စီးတီးအားတတိယေျမာက္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္မႈနဲ႔အတူလိဂ္မန္ေနဂ်ာအဖြဲ႕ခ်ဳပ္ကခ်ီးျမႇင့္တဲ့တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

အသက္၅၀ႏွစ္ရွိစပိန္လူမ်ိဳးနည္းျပဟာ၂၀၁၆ခုႏွစ္တြင္အီတီဟတ္သို႔ေရာက္လာၿပီးေနာက္ယခုရာသီတြင္ပရီးမီးယားလိဂ္ဖလားအျပင္လိဂ္ဖလားကိုလည္းေလးႀကိမ္ဆက္ခူးႏိုင္ေအာင္ဦးေဆာင္ထားႏိုင္ပါတယ္။ဒါ့အျပင္ဂြါဒီယိုလာရဲ႕မန္စီးတီးဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းတက္ေရာက္ထားႏိုင္ကာေမလ၂၉ရက္ေန႔မွာခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရပါမယ္။

လိဂ္မန္ေနဂ်ာအဖြဲ႕ခ်ဳပ္ရဲ႕အေကာင္းဆုံးနည္းျပဆုအတြက္မဲအမ်ားဆုံးစာရင္းတြင္မာဆယ္လိုဘီရဲလ္ဆာ၊ဒါနီရယ္ဖာကီ၊ဟမ္မာဟာယက္စ္၊ေဒးဗစ္မိုယက္စ္ႏွင့္ဘရန္ဒန္ေရာ္ဂ်ာတို႔လည္းပါဝင္ပါတယ္။

ေနာ့ဝွစ္ခ်္နည္းျပဖာကီ၊ဟားလ္စီးတီးနည္းျပဂရန႔္မက္ကန္း၊ခ်ဲလ္တင္ဟမ္နည္းျပမိုက္ကယ္ဒပ္ဖ္တို႔ဟာ၎တို႔ရဲ႕သက္ဆိုင္ရာလိဂ္အသီးသီးတို႔ရဲ႕အေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးခဲ့ပါတယ္။

ခ်ဲလ္ဆီးအမ်ိဳးသမိးအသင္းကိုဘာကေလအက္ဖ္ေအအမ်ိဳးသမီးဖလားဆြတ္ခူးေပးႏိုင္ခဲ့တဲ့နည္းျပဟာယက္စ္မွာစူပါလိဂ္တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဒါ့အျပင္ရိန္းဂ်ားအသင္းကိုရႈံးပြဲမရွိမွတ္တမ္းျဖင့္စေကာ့တလန္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးေပးႏိုင္ခဲ့တဲ့အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းစတီဗင္ဂ်ရတ္မွာလိဂ္မန္ေနဂ်ာအဖြဲ႕ခ်ဳပ္ရဲ႕အထူးဆုခ်ီးျမႇင့္ခံခဲ့ရပါတယ္။