လိဂ် ၁ ကလပ် မော်ကမ်ဘီဝယ်ယူပြီး ပရီးမီးယားလိဂ်သို့ ပို့ဆောင်ပေးလိုနေတဲ့ တိုင်ဆန်ဖူရီ

တိုင်ဆန်ဖူရီဟာလိဂ်၁ကလပ်မော်ကွမ်ဘီကိုဝယ်ယူပြီးပရီးမီးယားလိဂ်သို့ပို့ဆောင်ပေးလိုလျက်ရှိပါတယ်။

သူဟာမော်ကွမ်ဘီကိုဝယ်ယူနိုင်မယ့်အခွင့်အရေးရရှိခဲ့ကြောင်း ဖွင့်ဟလာပြီးနောက်မြို့ခံကလပ်ကိုဝယ်ယူပြီးပရီးမီးယားလိဂ်သို့ပို့ဆောင်လိုကြောင်းဆိုလာတာလည်းဖြစ်ပါတယ်။

WBC ချန်ပီယံဖူရီဟာမကြာသေးမီတုန်းကဒီဇင်ဘာလ၃ရက်နေ့တွင် ဒီရစ်ခ်ခရစ်ဆိုရာနှင့်ထိုးသတ်မည်ဖြစ်ကြောင်းကြေညာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာနွေရာသီတုန်းကသူ့ရဲ့ Gypsy King အမှတ်တံဆိပ်ကို မော်ကွမ်ဘီအသင်းအားစပွန်ဆာပေးခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဒီယန်တေးဝိုင်ဒါ၊ဒီလီယန်ဝှိုင်းတီတို့နှင့်ထိုးသတ်ပွဲများကြောင့်ပေါင်သန်းပေါင်းများစွာရရှိခဲ့သူလည်းဖြစ်ပါတယ်။

သူဟာသူရရှိလာတဲ့ငွေများဖြင့် ဒေသတွင်းကလပ် မော်ကွမ်ဘီရဲ့လေ့ကျင့်ရေးအသုံးအဆောင်ပစ္စည်းများကိုမြှင့်ပေးထားသလို စပွန်ဆာလည်းပေးထားပါသေးတယ်။

ယခုအခါမှာတော့ရှုံးပွဲမရှိဘောက်ဆင်စတား ယူနိုက်တက်အမာခံပရိသတ်ဖူရီက လိဂ် ၁ တွင်တန်းမဆင်းရရေးတိုက်ပွဲဝင်လာရနိုင်တဲ့အသင်းကို ဝယ်ယူပြီးပရီးမီးယားလိဂ်သို့ပို့ဆောင်ပေးလိုကြောင်းဖွင့်ဟလာပါတယ်။

ဖူရီက “မော်ကွမ်ဘီကိုဝယ်ယူရေးစဉ်းစားနေတယ်။အခုသူတို့ကလိဂ်၁မှာကစားနေရပါတယ်။မော်ကွမ်ဘီဘောလုံးကလပ်ကိုဝယ်ယူဖို့အရင်တုန်းကကမ်းလှမ်းခံရဖူးတယ်။လေ့ကျင့်ရေးပစ္စည်းအားလုံးကျွန်တော်ပိုင်တယ်။အားကစားလေ့ကျင့်ခန်းရော။ဒီတော့အနာဂတ်မှာဘာဖြစ်လာနိုင်မလဲဘယ်သူသိလဲ”လို့ပြောကြားသွားပါတယ်။

ZawGyi

လိဂ္ ၁ ကလပ္ ေမာ္ကမ္ဘီဝယ္ယူၿပီး ပရီးမီးယားလိဂ္သို႔ ပို႔ေဆာင္ေပးလိုေနတဲ့ တိုင္ဆန္ဖူရီ

တိုင္ဆန္ဖူရီဟာလိဂ္၁ကလပ္ေမာ္ကြမ္ဘီကိုဝယ္ယူၿပီးပရီးမီးယားလိဂ္သို႔ပို႔ေဆာင္ေပးလိုလ်က္ရွိပါတယ္။

သူဟာေမာ္ကြမ္ဘီကိုဝယ္ယူႏိုင္မယ့္အခြင့္အေရးရရွိခဲ့ေၾကာင္း ဖြင့္ဟလာၿပီးေနာက္ၿမိဳ႕ခံကလပ္ကိုဝယ္ယူၿပီးပရီးမီးယားလိဂ္သို႔ပို႔ေဆာင္လိုေၾကာင္းဆိုလာတာလည္းျဖစ္ပါတယ္။

WBC ခ်န္ပီယံဖူရီဟာမၾကာေသးမီတုန္းကဒီဇင္ဘာလ၃ရက္ေန႔တြင္ ဒီရစ္ခ္ခရစ္ဆိုရာႏွင့္ထိုးသတ္မည္ျဖစ္ေၾကာင္းေၾကညာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာေႏြရာသီတုန္းကသူ႔ရဲ႕ Gypsy King အမွတ္တံဆိပ္ကို ေမာ္ကြမ္ဘီအသင္းအားစပြန္ဆာေပးခဲ့သူလည္းျဖစ္ပါတယ္။

သူဟာဒီယန္ေတးဝိုင္ဒါ၊ဒီလီယန္ဝႈိင္းတီတို႔ႏွင့္ထိုးသတ္ပြဲမ်ားေၾကာင့္ေပါင္သန္းေပါင္းမ်ားစြာရရွိခဲ့သူလည္းျဖစ္ပါတယ္။

သူဟာသူရရွိလာတဲ့ေငြမ်ားျဖင့္ ေဒသတြင္းကလပ္ ေမာ္ကြမ္ဘီရဲ႕ေလ့က်င့္ေရးအသုံးအေဆာင္ပစၥည္းမ်ားကိုျမႇင့္ေပးထားသလို စပြန္ဆာလည္းေပးထားပါေသးတယ္။

ယခုအခါမွာေတာ့ရႈံးပြဲမရွိေဘာက္ဆင္စတား ယူႏိုက္တက္အမာခံပရိသတ္ဖူရီက လိဂ္ ၁ တြင္တန္းမဆင္းရေရးတိုက္ပြဲဝင္လာရႏိုင္တဲ့အသင္းကို ဝယ္ယူၿပီးပရီးမီးယားလိဂ္သို႔ပို႔ေဆာင္ေပးလိုေၾကာင္းဖြင့္ဟလာပါတယ္။

ဖူရီက “ေမာ္ကြမ္ဘီကိုဝယ္ယူေရးစဥ္းစားေနတယ္။အခုသူတို႔ကလိဂ္၁မွာကစားေနရပါတယ္။ေမာ္ကြမ္ဘီေဘာလုံးကလပ္ကိုဝယ္ယူဖို႔အရင္တုန္းကကမ္းလွမ္းခံရဖူးတယ္။ေလ့က်င့္ေရးပစၥည္းအားလုံးကြၽန္ေတာ္ပိုင္တယ္။အားကစားေလ့က်င့္ခန္းေရာ။ဒီေတာ့အနာဂတ္မွာဘာျဖစ္လာႏိုင္မလဲဘယ္သူသိလဲ”လို႔ေျပာၾကားသြားပါတယ္။