လိဒ်တောင်ပံကစားသမားရာဖင်ညာကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူရေး ဘာစီလိုနာအပြီးသတ်

ဘာစီလိုနာဟာလိဒ်ယူနိုက်တက်မှဘရာဇီးတိုက်စစ်သမားရာဖင်ညာကိုပြောင်းရွှေ့ကြေးပေါင်၅၅သန်းဖြင့်ခေါ်ယူလိုက်ပါတယ်။

ဘာစီလိုနာဟာယနေ့တွင်ကလပ်လေ့ကျင့်ရေးကွင်းမှာပရိသတ်များရှေ့မှောက်မှာဘဲရာဖင်ညာကိုမိတ်ဆက်ခဲ့ပါတယ်။

ရာဖင်ညာဟာ၂၀၂၀ခုနှစ်တုန်းကပြင်သစ်ကလပ်ရန်းနက်စ်မှပေါင်၁၇သန်းဖြင့်ပြောင်းလာပြီးနောက်လိဒ်အတွက်ပရီးမီးယားလိဂ်ပွဲ၆၅ပွဲကစားခဲ့ရာမှာ၁၇ဂိုးသွင်းယူပြီး၁၂ကြိမ်ဖန်တီးပေးခဲ့ပါတယ်။

ရာဖင်ညာက “ကလေးဘဝကတည်းကမက်လာခဲ့တဲ့အိပ်မက်တကယ်ဖြစ်လာပါပြီ။အကောင်းဆုံးပေးဆပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ရာဖင်ညာဟာ၂၀၂၁-၂၂ဘောလုံးရာသီနောက်ဆုံးပွဲဖြစ်တဲ့ဘရန့်ဖို့ဒ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပင်နယ်တီမှတဆင့်ဂိုးသွင်းယူပြီးပရီးမီးယားလိဂ်တွင်တင်ကျန်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

လိဒ္ေတာင္ပံကစားသမားရာဖင္ညာကို ေပါင္ ၅၅ သန္းျဖင့္ ေခၚယူေရး ဘာစီလိုနာအၿပီးသတ္

ဘာစီလိုနာဟာလိဒ္ယူႏိုက္တက္မွဘရာဇီးတိုက္စစ္သမားရာဖင္ညာကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၅၅သန္းျဖင့္ေခၚယူလိုက္ပါတယ္။

ဘာစီလိုနာဟာယေန႔တြင္ကလပ္ေလ့က်င့္ေရးကြင္းမွာပရိသတ္မ်ားေရွ႕ေမွာက္မွာဘဲရာဖင္ညာကိုမိတ္ဆက္ခဲ့ပါတယ္။

ရာဖင္ညာဟာ၂၀၂၀ခုႏွစ္တုန္းကျပင္သစ္ကလပ္ရန္းနက္စ္မွေပါင္၁၇သန္းျဖင့္ေျပာင္းလာၿပီးေနာက္လိဒ္အတြက္ပရီးမီးယားလိဂ္ပြဲ၆၅ပြဲကစားခဲ့ရာမွာ၁၇ဂိုးသြင္းယူၿပီး၁၂ႀကိမ္ဖန္တီးေပးခဲ့ပါတယ္။

ရာဖင္ညာက “ကေလးဘဝကတည္းကမက္လာခဲ့တဲ့အိပ္မက္တကယ္ျဖစ္လာပါၿပီ။အေကာင္းဆုံးေပးဆပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ရာဖင္ညာဟာ၂၀၂၁-၂၂ေဘာလုံးရာသီေနာက္ဆုံးပြဲျဖစ္တဲ့ဘရန႔္ဖို႔ဒ္ကို၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပင္နယ္တီမွတဆင့္ဂိုးသြင္းယူၿပီးပရီးမီးယားလိဂ္တြင္တင္က်န္ေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။