လိဒ်နည်းပြသစ်ဂျက်စီမတ်ရှ်ရဲ့နည်းပြအဖွဲ့စာရင်းတွင် လီဗာပူးဂန္ထဝင်ဂျွန်တိုရှက်ခ်ရဲ့သားကင်မရွန်းလည်း ပါဝင်

လိဒ်ယူနိုက်တက်ဟာနည်းပြသစ်ဂျက်စီမတ်ရှ်ရဲ့နည်းပြအဖွဲ့ဝင်များကိုကြေညာလာပါတယ်။

အသက်၄၈နှစ်ရှိလိုက်ဇစ်နည်းပြဟောင်းဟာတနင်္လာနေ့တုန်းကလိဒ်နည်းပြသစ်အဖြစ်သုံးနှစ်ခွဲစာချုပ်ဖြင့်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံသားနည်းပြဟာချက်ချင်ပင်အလုပ်လုပ်ခွင့်ပါမစ်ရရှိခဲ့ပြီး ကြာသပတေးနေ့တွင်လိဒ်ယူနိုက်တက်ကိုစတင်လေ့ကျင့်ပေးခဲ့ပါတယ်။

လိဒ်ယူနိုက်တက်ရဲ့နည်းပြအဖွဲ့စာရင်းတွင်ဖရန့်ရိုင်မာ၊ကင်မရွန်းတိုချက်ခ်၊မတ်ဂျက်ဆင်၊အင်ဒရူးတေလာ၊မတ်ဂျက်ဆင်တို့ဖြစ်ပါတယ်။

လိဒ်ဟာပရီးမီးယားလိဂ်တွင်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ပြီးနောက်တန်းဆင်းဇုန်နှင့်ရမှတ်၂မှတ်သာကွာဟပါတော့တယ်။ဒါပေမဲ့ဘန်လေကနှစ်ပွဲလျှော့ကစားထားရာလိဒ်မှာတန်းဆင်းဇုန်သို့ချက်ချင်းရောက်လာနိုင်ပါတယ်။

လိဒ်ယူနိုက်တက်ဟာစနေနေ့တုန်းကအိမ်ကွင်းတွင်စပါးစ်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တစ်ရက်အကြာတွင်နည်းပြဘီရဲလ်ဆာကိုထုတ်ပယ်ခဲ့ပါတယ်။

လိဒ်ယူနိုက်တက်နည်းပြဟာယူနိုက်တက်နည်းပြရေးဖ်ရန်းနစ်ခ်ရဲ့တပည့်တစ်ဦးဖြစ်ပြီး ၄-၂-၂-၂ကစားကွက်နှင့်၄-၄-၂ ကစားကွက်တို့ကိုအားပြုအသုံးပြုသူဖြစ်ပါတယ်။

ဒါပေမဲ့မတ်ရှ်ဟာလိဒ်မှာနည်းစနစ်အပြောင်းအလဲလုပ်လာမလားဆိုတာအတိအကျမသိရပေမဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ထိပ်တန်းနည်းပြဂျွန်တိုချက်ခ်ရဲ့သားပါဝင်မှုကစိတ်ဝင်စားစရာကောင်းနေပါတယ်။

ကင်မရွန်းရဲ့ဖခင်ဂျွန်တိုချက်ခ်ဟာစပိန်ထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်ကိုနှစ်ကြိမ်တိုင်တိုင်ကိုင်တွယ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ဂျက်စီမတ်ရှ်ဟာလိဒ်အတွက်ပထမဆုံးပွဲအဖြစ်စနေနေ့မှာလက်စတာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ZawGyi

လိဒ္နည္းျပသစ္ဂ်က္စီမတ္ရွ္ရဲ႕နည္းျပအဖြဲ႕စာရင္းတြင္ လီဗာပူးဂႏၴဝင္ဂြၽန္တိုရွက္ခ္ရဲ႕သားကင္မ႐ြန္းလည္း ပါဝင္

လိဒ္ယူႏိုက္တက္ဟာနည္းျပသစ္ဂ်က္စီမတ္ရွ္ရဲ႕နည္းျပအဖြဲ႕ဝင္မ်ားကိုေၾကညာလာပါတယ္။

အသက္၄၈ႏွစ္ရွိလိုက္ဇစ္နည္းျပေဟာင္းဟာတနလၤာေန႔တုန္းကလိဒ္နည္းျပသစ္အျဖစ္သုံးႏွစ္ခြဲစာခ်ဳပ္ျဖင့္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

အေမရိကန္ႏိုင္ငံသားနည္းျပဟာခ်က္ခ်င္ပင္အလုပ္လုပ္ခြင့္ပါမစ္ရရွိခဲ့ၿပီး ၾကာသပေတးေန႔တြင္လိဒ္ယူႏိုက္တက္ကိုစတင္ေလ့က်င့္ေပးခဲ့ပါတယ္။

လိဒ္ယူႏိုက္တက္ရဲ႕နည္းျပအဖြဲ႕စာရင္းတြင္ဖရန႔္႐ိုင္မာ၊ကင္မ႐ြန္းတိုခ်က္ခ္၊မတ္ဂ်က္ဆင္၊အင္ဒ႐ူးေတလာ၊မတ္ဂ်က္ဆင္တို႔ျဖစ္ပါတယ္။

လိဒ္ဟာပရီးမီးယားလိဂ္တြင္ေနာက္ဆုံးေလးပြဲဆက္ရႈံးနိမ့္ၿပီးေနာက္တန္းဆင္းဇုန္ႏွင့္ရမွတ္၂မွတ္သာကြာဟပါေတာ့တယ္။ဒါေပမဲ့ဘန္ေလကႏွစ္ပြဲေလွ်ာ့ကစားထားရာလိဒ္မွာတန္းဆင္းဇုန္သို႔ခ်က္ခ်င္းေရာက္လာႏိုင္ပါတယ္။

လိဒ္ယူႏိုက္တက္ဟာစေနေန႔တုန္းကအိမ္ကြင္းတြင္စပါးစ္ကို၄-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တစ္ရက္အၾကာတြင္နည္းျပဘီရဲလ္ဆာကိုထုတ္ပယ္ခဲ့ပါတယ္။

လိဒ္ယူႏိုက္တက္နည္းျပဟာယူႏိုက္တက္နည္းျပေရးဖ္ရန္းနစ္ခ္ရဲ႕တပည့္တစ္ဦးျဖစ္ၿပီး ၄-၂-၂-၂ကစားကြက္ႏွင့္၄-၄-၂ ကစားကြက္တို႔ကိုအားျပဳအသုံးျပဳသူျဖစ္ပါတယ္။

ဒါေပမဲ့မတ္ရွ္ဟာလိဒ္မွာနည္းစနစ္အေျပာင္းအလဲလုပ္လာမလားဆိုတာအတိအက်မသိရေပမဲ့ နည္းျပအဖြဲ႕ဝင္ထဲမွာ ထိပ္တန္းနည္းျပဂြၽန္တိုခ်က္ခ္ရဲ႕သားပါဝင္မႈကစိတ္ဝင္စားစရာေကာင္းေနပါတယ္။

ကင္မ႐ြန္းရဲ႕ဖခင္ဂြၽန္တိုခ်က္ခ္ဟာစပိန္ထိပ္သီးကလပ္ရီးရဲလ္မက္ဒရစ္ကိုႏွစ္ႀကိမ္တိုင္တိုင္ကိုင္တြယ္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။

ဂ်က္စီမတ္ရွ္ဟာလိဒ္အတြက္ပထမဆုံးပြဲအျဖစ္စေနေန႔မွာလက္စတာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။