လိဒ်နှင့်စာချုပ်သစ်ချုပ်ရေးရွှေ့ဆိုင်းထားရမှုအပေါ် ဘီရဲလ်ဆာဖွင့်ဟ

မာဆယ်လိုဘီရဲလ်ဆာဟာလိဒ်အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရေးရွှေ့ဆိုင်းထားလိုက်မှုအပေါ်ဖွင့်ဟပြောကြားလိုက်ပြီးရာသီအကုန်တွင်မှအနာဂတ်ကိုဆုံးဖြတ်သွားမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

ဘီရဲလ်ဆာဟာ၂၀၁၈ခုနှစ်တွင်လိဒ်နည်းပြဖြစ်လာပြီးနောက်ပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင်စွမ်းဆောင်ပေးထားပြီးနွေရာသီတုန်းကတစ်နှစ်စာချုပ်သက်တမ်းသာတိုးခဲ့ရာစာချုပ်မှာယခုရာသီအကုန်တွင်ကုန်ဆုံးပါမယ်။

မကြာသေးမီတုန်းကလိဒ်အသင်းဥက္ကဌအင်ဒရေရာဒရီဇာနီကမိမိတို့မှာဘီရဲလ်ဆာထွက်ခွာမည်ဆိုပါကအစားထိုးနိုင်ရန်အဆင်သင့်ဖြစ်နေကြောင်းနှင့်ဘီရဲလ်ဆာကိုဆက်လက်ထိန်းထားလိုကြောင်းပြောကြားခဲ့ပါတယ်။

ယခုအခါဘီရဲလ်ဆာက “ဒါနဲ့ပတ်သက်ပြီးပထမဆုံးပြောရမယ်ဆိုရင်ဥက္ကဌကကျွန်တော့်ကိုစာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပြီးကျွန်တော်ကရွှေ့ဆိုင်းထားသလိုပုံပေါက်နေတယ်။ကလပ်ကကျွန်တော့်ထက်တောင်ဆက်ရှိစေချင်ပုံပါပဲ။ဒါကပြဿနာမဟုတ်ပါဘူး။တကယ်လို့ရာသီမကုန်ခင်ကလပ်ဘက်ကအဖြေလိုချင်တယ်ဆိုရင်ကျွန် တော်ပြောပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လိဒ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ေရးေ႐ႊ႕ဆိုင္းထားရမႈအေပၚ ဘီရဲလ္ဆာဖြင့္ဟ

မာဆယ္လိုဘီရဲလ္ဆာဟာလိဒ္အသင္းႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေ႐ႊ႕ဆိုင္းထားလိုက္မႈအေပၚဖြင့္ဟေျပာၾကားလိုက္ၿပီးရာသီအကုန္တြင္မွအနာဂတ္ကိုဆုံးျဖတ္သြားမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ဘီရဲလ္ဆာဟာ၂၀၁၈ခုႏွစ္တြင္လိဒ္နည္းျပျဖစ္လာၿပီးေနာက္ပရီးမီးယားလိဂ္သို႔တန္းတက္ႏိုင္ေအာင္စြမ္းေဆာင္ေပးထားၿပီးေႏြရာသီတုန္းကတစ္ႏွစ္စာခ်ဳပ္သက္တမ္းသာတိုးခဲ့ရာစာခ်ဳပ္မွာယခုရာသီအကုန္တြင္ကုန္ဆုံးပါမယ္။

မၾကာေသးမီတုန္းကလိဒ္အသင္းဥကၠဌအင္ဒေရရာဒရီဇာနီကမိမိတို႔မွာဘီရဲလ္ဆာထြက္ခြာမည္ဆိုပါကအစားထိုးႏိုင္ရန္အဆင္သင့္ျဖစ္ေနေၾကာင္းႏွင့္ဘီရဲလ္ဆာကိုဆက္လက္ထိန္းထားလိုေၾကာင္းေျပာၾကားခဲ့ပါတယ္။

ယခုအခါဘီရဲလ္ဆာက “ဒါနဲ႔ပတ္သက္ၿပီးပထမဆုံးေျပာရမယ္ဆိုရင္ဥကၠဌကကြၽန္ေတာ့္ကိုစာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းထားၿပီးကြၽန္ေတာ္ကေ႐ႊ႕ဆိုင္းထားသလိုပုံေပါက္ေနတယ္။ကလပ္ကကြၽန္ေတာ့္ထက္ေတာင္ဆက္ရွိေစခ်င္ပုံပါပဲ။ဒါကျပႆနာမဟုတ္ပါဘူး။တကယ္လို႔ရာသီမကုန္ခင္ကလပ္ဘက္ကအေျဖလိုခ်င္တယ္ဆိုရင္ကြၽန္ ေတာ္ေျပာပါမယ္”လို႔ေျပာၾကားသြားပါတယ္။