လိဒ်နှင့်တစ်နှစ်စာချုပ်သစ်ချုပ်ရန်သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ ဘီရဲလ်ဆာ

မာဆယ်လိုဘီရဲလ်ဆာဟာလိဒ်နှင့်စာချုပ်သစ်ချုပ်ရန်သဘောတူညီမှုရရှိကာသူ့အနာဂတ်နဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ကောလာဟလသတင်းများကိုအဆုံးသတ်လိုက်ပါတယ်။

အသက်၆၅နှစ်ရှိအာဂျင်တီးနားလူမျိုးနည်းပြဟာယခုနွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးလိဒ်ပရိသတ်များဟာသူတို့ချစ်မြတ်နိုးတဲ့နည်းပြကိုဆုံးရှုံးရမှာစိုးရိမ်ခဲ့ကြပါတယ်။

ဒါပေမယ့်ယခုအခါဘီရဲလ်ဆာမှာလိဒ်တွင်သူ့ရဲ့စတုတ္ထမြောက်ရာသီအဖြစ်ဆက်လက်ရှိနေဦးမှာဖြစ်တာကြောင့်လိဒ်ပရိသတ်များအသက်ရှူချောင်သွားခဲ့ကြပြီဖြစ်ပါတယ်။

ဘီရဲလ်ဆာဟာလိဒ်အားပရီးမီးယားလိဂ်ပထမဆုံးရာသီမှာအမှတ်ပေးဇယားအဆင့်၉နေရာတွင်ရပ်တည်နိုင်အောင်ပေးထားနိုင်ပါတယ်။

ဘီရဲလ်ဆာနှင့်လိဒ်တို့ဟာလာမယ့်ရက်အနည်းငယ်အတွင်းမှာစာချုပ်သစ်ချုပ်ဆိုသွားမယ်လို့ယူဆရပါတယ်။

ZawGyi

လိဒ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္တဲ့ ဘီရဲလ္ဆာ

မာဆယ္လိုဘီရဲလ္ဆာဟာလိဒ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ရန္သေဘာတူညီမႈရရွိကာသူ႔အနာဂတ္နဲ႔ပတ္သက္ၿပီးထြက္ေပၚေနတဲ့ေကာလာဟလသတင္းမ်ားကိုအဆုံးသတ္လိုက္ပါတယ္။

အသက္၆၅ႏွစ္ရွိအာဂ်င္တီးနားလူမ်ိဳးနည္းျပဟာယခုေႏြရာသီတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးလိဒ္ပရိသတ္မ်ားဟာသူတို႔ခ်စ္ျမတ္ႏိုးတဲ့နည္းျပကိုဆုံးရႈံးရမွာစိုးရိမ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ယခုအခါဘီရဲလ္ဆာမွာလိဒ္တြင္သူ႔ရဲ႕စတုတၳေျမာက္ရာသီအျဖစ္ဆက္လက္ရွိေနဦးမွာျဖစ္တာေၾကာင့္လိဒ္ပရိသတ္မ်ားအသက္ရႉေခ်ာင္သြားခဲ့ၾကၿပီျဖစ္ပါတယ္။

ဘီရဲလ္ဆာဟာလိဒ္အားပရီးမီးယားလိဂ္ပထမဆုံးရာသီမွာအမွတ္ေပးဇယားအဆင့္၉ေနရာတြင္ရပ္တည္ႏိုင္ေအာင္ေပးထားႏိုင္ပါတယ္။

ဘီရဲလ္ဆာႏွင့္လိဒ္တို႔ဟာလာမယ့္ရက္အနည္းငယ္အတြင္းမွာစာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမယ္လို႔ယူဆရပါတယ္။