လိဒ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် တိုက်စစ်သမားလေးဦးနဲ့ပွဲထွက်လာမယ့် သရဲနီ

မန်ယူရဲ့တောင်ပံကစားသမားသစ်ဂျာဒွန်ဆန်ချိုဟာစနေနေ့တွင်လိဒ်ယူနိုက်တက်အားအိုးထရက်ဖို့ဒ်တွင်ဧည့်ခံကစားရမယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာပွဲထွက်လာမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိတောင်ပံကစားသမားဟာယခုနွေရာသီတွင်ဒေါ့မွန်မှမန်ယူသို့ပြောင်းရွှေ့ကြေးပေါင်၇၃သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူဟာရီးရဲလ်မက်ဒရစ်မှပေါင်၃၅သန်းဝန်းကျင်ဖြင့်ခေါ်ယူထားတဲ့ပြင်သစ်ဗဟိုနောက်ခံလူရာဖေးလ်ဗာရိန်းအပြောင်းအရွှေ့ကိုလည်းအပြီးသတ်ရန်လုပ်ဆောင်နေပါတယ်။

ဗာရိန်းဟာမန်ယူလေ့ကျင့်ရေးကွင်းသို့လာရောက်ကာဆေးစစ်ဆေးမှုပြုလုပ်ထားပြီးဖြစ်ကာယနေ့တွင်အပြောင်းအရွှေ့အပြီးသတ်သွားပါမယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်အဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့တဲ့ ဆိုးလ်ရှားရဲ့မန်ယူဟာပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ်အိုးထရက်ဖို့ဒ်မှာလိဒ်ကိုရင်ဆိုင်ရပါမယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရဆန်ချိုဟာလိဒ်နှင့်ပွဲစဉ်မှာမန်ယူအတွက်ပထမဆုံးပွဲအဖြစ်ပွဲထွက်ကစားလာမှာဖြစ်ကြောင်းသိရပါတယ်။

ဆိုးလ်ရှားဟာလိဒ်နှင့်ပွဲတွင်တိုက်စစ်သမားလေးဦးအသုံးပြုရန်ရည်ရွယ်ထားပြီးဆန်ချိုနှင့်အတူဘရူနိုဖာနန်ဒက်စ်၊မေဆင်ဂရင်းဝုဒ်တို့ကိုအသုံးပြုသွားပါမယ်။

ဒါ့အပြင်အင်တာမီလန်သို့ပြောင်းမယ်လို့သတင်းထွက်နေတဲ့အန်တိုနီမာရှယ်ကမန်ယူတိုက်စစ်ကိုဦးဆောင်လာပါမယ်။

အစောပိုင်းတုန်းကဆန်ချိုဟာမန်ယူရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်နောက်ကျမှပူးပေါင်းနိုင်ခဲ့လို့ လိဒ်နှင့်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ဒေါ့မွန်စတားဟောင်းဟာအားလပ်ရက်ခရီးစဉ်အတွင်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်လာမှုနဲ့အတူမန်ယူအတွက်ပွဲကစားရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူရဲ့အဓိကကစားသမားအများစုမှာလိဒ်နှင့်ပွဲတွင်ပါဝင်လာဦးမှာမဟုတ်ပါဘူး။မန်ယူဝါရင့်တိုက်စစ်မှူးကာဗာနီဟာကိုပါအမေရိကကစားခဲ့ရပြီးနောက် အားလပ်ရက်ပိုရရှိထားမှုနဲ့အတူလိဒ်နှင့်ပွဲကိုလွဲပါမယ်။ဒါ့အပြင်ဂျက်စီလင်ဂတ်မှာလည်းကိုဗစ်တွေ့ရှိထားမှုကြောင့်ပါဝင်လာဦးမှာမဟုတ်သလိုမားကပ်စ်ရပ်ရှ်ဖို့ဒ်နှင့်အဲလက််စ်တဲလ်လက်စ်တို့မှာလည်းဒဏ်ရာကြောင့်အနားယူနေရပါတယ်။

ZawGyi

လိဒ္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ တိုက္စစ္သမားေလးဦးနဲ႔ပြဲထြက္လာမယ့္ သရဲနီ

မန္ယူရဲ႕ေတာင္ပံကစားသမားသစ္ဂ်ာဒြန္ဆန္ခ်ိဳဟာစေနေန႔တြင္လိဒ္ယူႏိုက္တက္အားအိုးထရက္ဖို႔ဒ္တြင္ဧည့္ခံကစားရမယ့္ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာပြဲထြက္လာမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိေတာင္ပံကစားသမားဟာယခုေႏြရာသီတြင္ေဒါ့မြန္မွမန္ယူသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၇၃သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူဟာရီးရဲလ္မက္ဒရစ္မွေပါင္၃၅သန္းဝန္းက်င္ျဖင့္ေခၚယူထားတဲ့ျပင္သစ္ဗဟိုေနာက္ခံလူရာေဖးလ္ဗာရိန္းအေျပာင္းအေ႐ႊ႕ကိုလည္းအၿပီးသတ္ရန္လုပ္ေဆာင္ေနပါတယ္။

ဗာရိန္းဟာမန္ယူေလ့က်င့္ေရးကြင္းသို႔လာေရာက္ကာေဆးစစ္ေဆးမႈျပဳလုပ္ထားၿပီးျဖစ္ကာယေန႔တြင္အေျပာင္းအေ႐ႊ႕အၿပီးသတ္သြားပါမယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္တြင္အဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့တဲ့ ဆိုးလ္ရွားရဲ႕မန္ယူဟာပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္အိုးထရက္ဖို႔ဒ္မွာလိဒ္ကိုရင္ဆိုင္ရပါမယ္။

The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရဆန္ခ်ိဳဟာလိဒ္ႏွင့္ပြဲစဥ္မွာမန္ယူအတြက္ပထမဆုံးပြဲအျဖစ္ပြဲထြက္ကစားလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ဆိုးလ္ရွားဟာလိဒ္ႏွင့္ပြဲတြင္တိုက္စစ္သမားေလးဦးအသုံးျပဳရန္ရည္႐ြယ္ထားၿပီးဆန္ခ်ိဳႏွင့္အတူဘ႐ူႏိုဖာနန္ဒက္စ္၊ေမဆင္ဂရင္းဝုဒ္တို႔ကိုအသုံးျပဳသြားပါမယ္။

ဒါ့အျပင္အင္တာမီလန္သို႔ေျပာင္းမယ္လို႔သတင္းထြက္ေနတဲ့အန္တိုနီမာရွယ္ကမန္ယူတိုက္စစ္ကိုဦးေဆာင္လာပါမယ္။

အေစာပိုင္းတုန္းကဆန္ခ်ိဳဟာမန္ယူရဲ႕ေလ့က်င့္ခန္းအစီအစဥ္ႏွင့္ေနာက္က်မွပူးေပါင္းႏိုင္ခဲ့လို႔ လိဒ္ႏွင့္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ေဒါ့မြန္စတားေဟာင္းဟာအားလပ္ရက္ခရီးစဥ္အတြင္းႀကံ့ခိုင္ေရးေလ့က်င့္ခန္းမ်ားျပဳလုပ္လာမႈနဲ႔အတူမန္ယူအတြက္ပြဲကစားရန္အသင့္ျဖစ္ေနၿပီျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူရဲ႕အဓိကကစားသမားအမ်ားစုမွာလိဒ္ႏွင့္ပြဲတြင္ပါဝင္လာဦးမွာမဟုတ္ပါဘူး။မန္ယူဝါရင့္တိုက္စစ္မႉးကာဗာနီဟာကိုပါအေမရိကကစားခဲ့ရၿပီးေနာက္ အားလပ္ရက္ပိုရရွိထားမႈနဲ႔အတူလိဒ္ႏွင့္ပြဲကိုလြဲပါမယ္။ဒါ့အျပင္ဂ်က္စီလင္ဂတ္မွာလည္းကိုဗစ္ေတြ႕ရွိထားမႈေၾကာင့္ပါဝင္လာဦးမွာမဟုတ္သလိုမားကပ္စ္ရပ္ရွ္ဖို႔ဒ္ႏွင့္အဲလက္္စ္တဲလ္လက္စ္တို႔မွာလည္းဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။