လိဒ်နှင့်ပွဲတွင် ပထမဆုံးပရီးမီးယားလိဂ်ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ယူကွင်းလယ်တိုက်စစ်သမားဘရူနိုဖာနန်ဒက်စ်ဟာလိဒ်အားဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာပထမဆုံးပရီးမီးယားလိဂ်ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာဘီရဲလ်ဆာဦးဆောင်တဲ့လိဒ်ယူနိုက်တက်ကို၅-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းပွဲစဉ်မှာမန်ယူအတွက်ဂိုးများကိုဘရူနိုဖာနန်ဒက်စ်ကဟက်ထရစ်သွင်းယူခဲ့ပြီးမေဆင်ဂရင်းဝုဒ်နှင့်ဖရက်တို့ကဂိုးသွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမန်ယူအတွက်ပရီးမီးယားလိဂ်ဂိုး၁၈ဂိုးအထိသွင်းယူခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်ဟာပရီးမီးယားလိဂ်မှာပထမဆုံးအကြိမ်အဖြစ်ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လိဒ်အသင်းအတွက်ချေပဂိုးကဒုတိယပိုင်းမှာလုခ်အေလင်းကသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားက “ကျွန်တော်တို့အတွက်တိုက်စစ်မှူးတွေအကြားမှာဂိုးတွေပိုပြီးတော့သွင်းနိုင်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်။အလယ်တန်းတိုက််စစ်သမားကချည်းက၁၅ဂိုးသို့မဟုတ်ဂိုး၂၀သွင်းနိုင်ဖို့ကကျွန်တော်တို့အတွက်အရေးမကြီးပါဘူး။အန်တိုနီ(မာရှယ်)ဆိုရင်ပြီးခဲ့တဲ့ရာသီတုန်းကထက်ဂိုးပိုသွင်းနိုင်သင့်တယ်။မေဆင်ဆိုရင်ပိုကောင်းလာရမယ်။ပြီးခဲ့တဲ့ရာသီတုန်းကနောက်ပိုင်းမှာပွဲထွက်ခွင့်ပိုရတဲ့ကာဗာနီဂိုးပိုသွင်းရပါမယ်။ဂျာဒွန်(ဆန်ချို)လည်းဂိုးသွင်းရမယ်။ကျွန်တော်ကတော့ဂိုးသွင်းတယ်ဆိုရင်ဘရူနိုအတွက်ဖိအားတစ်ခုမဖြစ်စေရပါဘူး”လို့ပြောကြားသွားပါတယ်။

လိဒ်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဘရူနိုဖာနန်ဒက်စ်ကဟက်ထရစ်သွင်းနိုင်ခဲ့သလိုကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာကလည်းဂိုးဖန်တီးမှု၄ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။

ZawGyi

လိဒ္ႏွင့္ပြဲတြင္ ပထမဆုံးပရီးမီးယားလိဂ္ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

မန္ယူကြင္းလယ္တိုက္စစ္သမားဘ႐ူႏိုဖာနန္ဒက္စ္ဟာလိဒ္အားဂိုးျပတ္အႏိုင္ရရွိတဲ့ပြဲစဥ္မွာပထမဆုံးပရီးမီးယားလိဂ္ဟက္ထရစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူဟာဘီရဲလ္ဆာဦးေဆာင္တဲ့လိဒ္ယူႏိုက္တက္ကို၅-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းပြဲစဥ္မွာမန္ယူအတြက္ဂိုးမ်ားကိုဘ႐ူႏိုဖာနန္ဒက္စ္ကဟက္ထရစ္သြင္းယူခဲ့ၿပီးေမဆင္ဂရင္းဝုဒ္ႏွင့္ဖရက္တို႔ကဂိုးသြင္းယူခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကမန္ယူအတြက္ပရီးမီးယားလိဂ္ဂိုး၁၈ဂိုးအထိသြင္းယူခဲ့တဲ့ဘ႐ူႏိုဖာနန္ဒက္စ္ဟာပရီးမီးယားလိဂ္မွာပထမဆုံးအႀကိမ္အျဖစ္ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

လိဒ္အသင္းအတြက္ေခ်ပဂိုးကဒုတိယပိုင္းမွာလုခ္ေအလင္းကသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားက “ကြၽန္ေတာ္တို႔အတြက္တိုက္စစ္မႉးေတြအၾကားမွာဂိုးေတြပိုၿပီးေတာ့သြင္းႏိုင္ဖို႔ကပိုၿပီးေတာ့အေရးႀကီးပါတယ္။အလယ္တန္းတိုက္္စစ္သမားကခ်ည္းက၁၅ဂိုးသို႔မဟုတ္ဂိုး၂၀သြင္းႏိုင္ဖို႔ကကြၽန္ေတာ္တို႔အတြက္အေရးမႀကီးပါဘူး။အန္တိုနီ(မာရွယ္)ဆိုရင္ၿပီးခဲ့တဲ့ရာသီတုန္းကထက္ဂိုးပိုသြင္းႏိုင္သင့္တယ္။ေမဆင္ဆိုရင္ပိုေကာင္းလာရမယ္။ၿပီးခဲ့တဲ့ရာသီတုန္းကေနာက္ပိုင္းမွာပြဲထြက္ခြင့္ပိုရတဲ့ကာဗာနီဂိုးပိုသြင္းရပါမယ္။ဂ်ာဒြန္(ဆန္ခ်ိဳ)လည္းဂိုးသြင္းရမယ္။ကြၽန္ေတာ္ကေတာ့ဂိုးသြင္းတယ္ဆိုရင္ဘ႐ူႏိုအတြက္ဖိအားတစ္ခုမျဖစ္ေစရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

လိဒ္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဘ႐ူႏိုဖာနန္ဒက္စ္ကဟက္ထရစ္သြင္းႏိုင္ခဲ့သလိုကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာကလည္းဂိုးဖန္တီးမႈ၄ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။