လိဒ်နှင့်ပွဲတွင် လီဗာပူးလူငယ်ဟာဗေးအိလိယက်စ် ဆိုးရွားလှတဲ့ ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိ

ဟာဗေးအိလိယက်စ်ဟာမနေ့ညတုန်းကလိဒ်နှင့်ပွဲစဉ်မှာဆိုးရွားလှတဲ့ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိခဲ့ပါတယ်။

လီဗာပူးလူငယ်တောင်ပံကစားသမားဟာခြေကျင်းဝတ်ရိုးကျိုးဒဏ်ရာရရှိတယ်လို့ယူဆခဲ့ရပြီးခြေကျင်းဝတ်ကိုခွဲစိတ်ကုသမှုခံယူရတော့မှာဖြစ်ပါတယ်။

အသက်၁၈နှစ်ရှိအိလိယက်စ်ဟာလိဒ်ကစားသမားပါစကယ်စထရုခ်ရဲ့ဖျက်ထုတ်မှုကြောင့်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးလိဒ်ကစားသမားမှာလည်းအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အိလိယက်စ်ဟာလူနာတင်ထမ်းစင်ဖြင့်ကွင်းပြင်သို့ထွက်ခဲ့ရပြီးအရေးပေါ်ကားဖြင့်ဆေးရုံသို့ချက်ချင်းသွားရောက်ခဲ့ရပါတယ်။

အိလိယက်စ်ဟာလိဒ်ကစားသမားရဲ့ဖျက်ထုတ်ခြင်းခံရပြီးနောက်ကွင်းမြက်ခင်းတွင်ခြေကျင်းဝတ်လွဲကာလဲကျခဲ့ပြီးနာကျင်စွာအော်ဟစ်နေခဲ့ပါတယ်။အနီးတွင်ရှိတဲ့မိုဟာမက်ဆာလက်ကဆေးအဖွဲ့ကိုချက်ချင်းခေါ်ယူမှုပြုလုပ်ခဲ့ရပါတယ်။

လီဗာပူးစတားဆာလက်ဟာသူ့မျက်နှာကိုအင်္ကျီကိုဖုံးထားပြီးလီဗာပူးကစားသမားများမှာလည်းအထူးတုန်လှုပ်နေခဲ့ကြတာတွေ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်လီဗာပူးဟာမိုဟာမက်ဆာလက်၊ဖာဘင်ဟို၊မာနေးတို့ရဲ့သွင်းဂိုးများဖြင့်၃-၀ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

လိဒ္ႏွင့္ပြဲတြင္ လီဗာပူးလူငယ္ဟာေဗးအိလိယက္စ္ ဆိုး႐ြားလွတဲ့ ေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာရရွိ

ဟာေဗးအိလိယက္စ္ဟာမေန႔ညတုန္းကလိဒ္ႏွင့္ပြဲစဥ္မွာဆိုး႐ြားလွတဲ့ေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာရရွိခဲ့ပါတယ္။

လီဗာပူးလူငယ္ေတာင္ပံကစားသမားဟာေျခက်င္းဝတ္႐ိုးက်ိဳးဒဏ္ရာရရွိတယ္လို႔ယူဆခဲ့ရၿပီးေျခက်င္းဝတ္ကိုခြဲစိတ္ကုသမႈခံယူရေတာ့မွာျဖစ္ပါတယ္။

အသက္၁၈ႏွစ္ရွိအီလိယက္စ္ဟာလိဒ္ကစားသမားပါစကယ္စထ႐ုခ္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးလိဒ္ကစားသမားမွာလည္းအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အိလိယက္စ္ဟာလူနာတင္ထမ္းစင္ျဖင့္ကြင္းျပင္သို႔ထြက္ခဲ့ရၿပီးအေရးေပၚကားျဖင့္ေဆး႐ုံသို႔ခ်က္ခ်င္းသြားေရာက္ခဲ့ရပါတယ္။

အိလိယက္စ္ဟာလိဒ္ကစားသမားရဲ႕ဖ်က္ထုတ္ျခင္းခံရၿပီးေနာက္ကြင္းျမက္ခင္းတြင္ေျခက်င္းဝတ္လြဲကာလဲက်ခဲ့ၿပီးနာက်င္စြာေအာ္ဟစ္ေနခဲ့ပါတယ္။အနီးတြင္ရွိတဲ့မိုဟာမက္ဆာလက္ကေဆးအဖြဲ႕ကိုခ်က္ခ်င္းေခၚယူမႈျပဳလုပ္ခဲ့ရပါတယ္။

လီဗာပူးစတားဆာလက္ဟာသူ႔မ်က္ႏွာကိုအက်ႌကိုဖုံးထားၿပီးလီဗာပူးကစားသမားမ်ားမွာလည္းအထူးတုန္လႈပ္ေနခဲ့ၾကတာေတြ႕ရပါတယ္။

အဆိုပါပြဲစဥ္တြင္လီဗာပူးဟာမိုဟာမက္ဆာလက္၊ဖာဘင္ဟို၊မာေနးတို႔ရဲ႕သြင္းဂိုးမ်ားျဖင့္၃-၀ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။