လိဒ်နှင့်ပွဲမှာ အကာအကွယ်မဲ့ဂိုးပေါက်ထဲ ဝင်အောင် ကန်မသွင်းနိုင်ခဲ့တဲ့ လီဗာပူးစတားမာနေး

လီဗာပူးစတားဆာဒေယိုမာနေးဟာမနေ့ညတုန်းကလိဒ်နှင့်ပွဲစဉ်မှာအကာအကွယ်မဲ့နေတဲ့ဂိုးပေါက်သို့အပိုင်ကန်သွင်းခွင့်ရရှိခဲ့ပေမယ့်လည်းဖြုန်းတီးပစ်ခဲ့ပါတယ်။

မနေ့ညတုန်းကလိဒ်ကိုလီဗာပူးက၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလီဗာပူးဟာမိုဟာမက်ဆာလက်ရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ယင်းနောက်မာနေးဟာလီဗာပူးအတွက်ဒုတိယဂိုးသွင်းယူနိုင်မယ့်အခွင့်အရေးကြီးတစ်ခုရရှိခဲ့ပါတယ်။

ဆီနီဂေါစတားဟာပွဲချိန်၂၅မိနစ်မှာဂျိုတာရဲ့ဧရိယာညာခြမ်းမှာအနိမ့်ဘောချပေးမှုကနေအကာအကွယ်မဲ့နေတဲ့လိဒ်ဂိုးပေါက်ကိုအပိုင်ကန်ခွင့်ရခဲ့ပေမယ့်အပေါ်ထောင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲချိန်၅၀မိနစ်မှာဖာဘင်ဟိုကလီဗာပူးအတွက်ဒုတိယဂိုးသွင်းယူခဲ့ပြီးပွဲပြီးခါနီးနာကျင်အချိန်ပိုမှာအပိုင်အခွင့်အရေးဖြုန်းတီးထားတဲ့မာနေးဟာလည်းလီဗာပူးအတွက်တတိယဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

လိဒ္ႏွင့္ပြဲမွာ အကာအကြယ္မဲ့ဂိုးေပါက္ထဲ ဝင္ေအာင္ ကန္မသြင္းႏိုင္ခဲ့တဲ့ လီဗာပူးစတားမာေနး

လီဗာပူးစတားဆာေဒယိုမာေနးဟာမေန႔ညတုန္းကလိဒ္ႏွင့္ပြဲစဥ္မွာအကာအကြယ္မဲ့ေနတဲ့ဂိုးေပါက္သို႔အပိုင္ကန္သြင္းခြင့္ရရွိခဲ့ေပမယ့္လည္းျဖဳန္းတီးပစ္ခဲ့ပါတယ္။

မေန႔ညတုန္းကလိဒ္ကိုလီဗာပူးက၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာလီဗာပူးဟာမိုဟာမက္ဆာလက္ရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ယင္းေနာက္မာေနးဟာလီဗာပူးအတြက္ဒုတိယဂိုးသြင္းယူႏိုင္မယ့္အခြင့္အေရးႀကီးတစ္ခုရရွိခဲ့ပါတယ္။

ဆီနီေဂါစတားဟာပြဲခ်ိန္၂၅မိနစ္မွာဂ်ိဳတာရဲ႕ဧရိယာညာျခမ္းမွာအနိမ့္ေဘာခ်ေပးမႈကေနအကာအကြယ္မဲ့ေနတဲ့လိဒ္ဂိုးေပါက္ကိုအပိုင္ကန္ခြင့္ရခဲ့ေပမယ့္အေပၚေထာင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းပြဲခ်ိန္၅၀မိနစ္မွာဖာဘင္ဟိုကလီဗာပူးအတြက္ဒုတိယဂိုးသြင္းယူခဲ့ၿပီးပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာအပိုင္အခြင့္အေရးျဖဳန္းတီးထားတဲ့မာေနးဟာလည္းလီဗာပူးအတြက္တတိယဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။