လိဒ်နှင့် တစ်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ နည်းဗျူဟာဂုရုဘီရဲလ်ဆာ

လိဒ်မန်နေဂျာမာဆယ်လိုဘီရဲလ်ဆာဟာလိဒ်ယူနိုက်တက်တွင်လာမယ့်နှစ်နွေရာသီအထိဆက်ရှိနေမယ့်တစ်နှစ်စာချုပ်သစ်အားချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက်၆၆နှစ်ရှိအာဂျင်တီးနားလူမျိုးနည်းပြဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကလည်းပရီးမီးယားလိဂ်အဖွင့်ပွဲကစားရန်တစ်ရက်အလိုတွင်မှလိဒ်နှင့်တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

လိဒ်နှင့်မာဆယ်လိုဘီရဲလ်ဆာတို့ဟာလွန်ခဲ့တဲ့ခြောက်လကတည်းကတစ်နှစ်စာချုပ်သစ်ချုပ်ဆိုရန်အတွက်သဘောတူညီမှုရရှိခဲ့ကြပြီးဖြစ်ပေမယ့်လည်းနည်းပြဘက်ကစာချုပ်ကိစ္စနဲ့ပတ်သက်ပြီးခေါင်းထဲသိပ်မထည့်ဘဲသူ့အလုပ်များကိုဆက်လက်လုပ်ဆောင်နေမှုနဲ့အတူရာသီသစ်စရန်ရက်ပိုင်းမျှသာလိုတော့တဲ့အချိန်တွင်မှတစ်နှစ်စာချုပ်သစ်ချုပ်ဆိုလာတာလည်းဖြစ်ပါတယ်။

မာဆယ်လိုဘီရဲလ်ဆာဟာယခုစာချုပ်သစ်တွင်လည်းတစ်နှစ်လုပ်ခပေါင်၈သန်းဖြင့်ခံစားရဦးမှာဖြစ်ပြီးပရီးမီးယားလိဂ်ရဲ့စတုတ္ထလုပ်ခအများဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။

ဘီရဲလ်ဆာဦးဆောင်တဲ့လိဒ်ယူနိုက်တက်ဟာလာမယ့်တနင်္ဂနွေနေ့မှာမန်ယူကိုအိုးထရက်ဖို့ဒ်သို့သွားရောက်ကာပရီးမီးယားလိဂ်အဖွင့်ပွဲကစားရပါမယ်။

ZawGyi

လိဒ္ႏွင့္ တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္တဲ့ နည္းဗ်ဴဟာဂု႐ုဘီရဲလ္ဆာ

လိဒ္မန္ေနဂ်ာမာဆယ္လိုဘီရဲလ္ဆာဟာလိဒ္ယူႏိုက္တက္တြင္လာမယ့္ႏွစ္ေႏြရာသီအထိဆက္ရွိေနမယ့္တစ္ႏွစ္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

အသက္၆၆ႏွစ္ရွိအာဂ်င္တီးနားလူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကလည္းပရီးမီးယားလိဂ္အဖြင့္ပြဲကစားရန္တစ္ရက္အလိုတြင္မွလိဒ္ႏွင့္တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

လိဒ္ႏွင့္မာဆယ္လိုဘီရဲလ္ဆာတို႔ဟာလြန္ခဲ့တဲ့ေျခာက္လကတည္းကတစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္သေဘာတူညီမႈရရွိခဲ့ၾကၿပီးျဖစ္ေပမယ့္လည္းနည္းျပဘက္ကစာခ်ဳပ္ကိစၥနဲ႔ပတ္သက္ၿပီးေခါင္းထဲသိပ္မထည့္ဘဲသူ႔အလုပ္မ်ားကိုဆက္လက္လုပ္ေဆာင္ေနမႈနဲ႔အတူရာသီသစ္စရန္ရက္ပိုင္းမွ်သာလိုေတာ့တဲ့အခ်ိန္တြင္မွတစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလာတာလည္းျဖစ္ပါတယ္။

မာဆယ္လိုဘီရဲလ္ဆာဟာယခုစာခ်ဳပ္သစ္တြင္လည္းတစ္ႏွစ္လုပ္ခေပါင္၈သန္းျဖင့္ခံစားရဦးမွာျဖစ္ၿပီးပရီးမီးယားလိဂ္ရဲ႕စတုတၳလုပ္ခအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနပါတယ္။

ဘီရဲလ္ဆာဦးေဆာင္တဲ့လိဒ္ယူႏိုက္တက္ဟာလာမယ့္တနဂၤေႏြေန႔မွာမန္ယူကိုအိုးထရက္ဖို႔ဒ္သို႔သြားေရာက္ကာပရီးမီးယားလိဂ္အဖြင့္ပြဲကစားရပါမယ္။