လိဒ်ပရိသတ်များရဲ့တိုက်ခိုက်ရေးသားမှုကြောင့် အကောင့်ဖျက်ပြီး ထွက်ပြေးခဲ့ရတဲ့ ကာရန်ကာနေး

အင်္ဂလန်လက်ရွေးစင်ဟောင်းကာရန်ကာနေးဟာဝက်စ်ဘရွန်းအား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကြောင့်လိဒ်ယူနိုက်တက်ပရိသတ်များရဲ့ကြမ်းတမ်းစွာပြောဆိုရေးသားမှုများခံရပြီးနောက် Twitter အကောင့်ကိုဖျက်ခဲ့ရပါတယ်။

အင်္ဂါနေ့တုန်းကလိဒ်ကဝက်စ်ဘရွန်းကိုအနိုင်ရရှိတဲ့ပွဲအပြီးမှာလိဒ်ဟာကိုဗစ်ကြောင့်အနားရပြီးပရီးမီးယားလိဂ်သို့ တက်ရောက်လာနိုင်ခြင်းဖြစ်ကြောင်းရုပ်သံတင်ဆက်သူအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကာရန်ကာနေးကပြောကြားခဲ့ပါတယ်။

ယင်းသို့ကာရန်ကာနေးရဲ့ပြောကြားမှုအပေါ်လိဒ်ကလည်းဆိုရှယ်မီဒီယာမှပြန်လည်တုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။ယင်းအဖြစ်အပျက်ပြီးနောက်မှာတော့ကာရန်ကာနေးဟာဆိုရှယ်မီဒီယာမှာလိဒ်ပရိသတ်များရဲ့တိုက်ခိုက်ရေးသားမှုများခံခဲ့ရပါတယ်။

ယခုအခါမှာတော့အင်္ဂလန်အသင်းနှင့်အတူကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့နှစ်ကြိမ်တိုင်တိုင်တက်ရောက်ခဲ့ကာ ကာရမ်ကာနေးဟာလိဒ်ပရိသတ်များရဲ့အကြီးအကျယ်တိုက်ခိုက်ခံရမှုနဲ့အတူအကောင့်ကိုဖျက်ပြီးထွက်ပြေးခဲ့ရပါတယ်။

ZawGyi




