လိဒ်ယူနိုက်တက်စံချိန်တင်ဂိုးရှင်ပီတာလိုရီမာ ကွယ်လွန်

လိဒ်ယူနိုက်တက်အသင်းသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ပီတာလိုရီမာဟာ အသက်၇၄နှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။

စကော့တလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာလိဒ်အသင်းတွင်နှစ်ကြိမ်တိုင်တိုင်၂၃နှစ်တာကစားစဉ်အတွင်း၇၀၅ပွဲကစားကာ၂၃၈ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာနည်းပြဒွန်ရီဗီရဲ့လက်အောက်မှာလိဒ်ယူနိုက်တက်နှင့်အတူအမှတ်ပေးဖလား၂ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်နှင့်လိဂ်ဖလား၁ကြိမ်အသီးသီးဆွတ်ခူးနိုင်ခဲ့ပါတယ်။

လိုရီမာဟာစကော့တလန်လက်ရွေးစင်အသင်းအတွက်၂၁ပွဲကစားခဲ့ပြီး၁၉၇၄ကမ္ဘာ့ဖလားပွဲသုံးပွဲလုံးတွင် ကစားခဲ့ကာဇိုင်ရီအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းနိုင်ခဲ့ပါတယ်။

လိုရီမာဟာ၁၉၆၂ခုနှစ်၊စက်တင်ဘာလတုန်းကဆောက်သမ်တန်နှင့်ပွဲတွင်အသက်၁၅နှစ်၊၂၈၉ရက်တွင်ကစားခွင့်ရရှိကလိဒ်သမိုင်းတွင်အသက်အငယ်ဆုံးပွဲကစားခွင့်ရရှိသူအဖြစ်မှတ်တမ်းရေးထိုးထားသူလည်း ဖြစ်ပါတယ်။အလယ်တန်းတိုက်စစ်သမားဟာရီဗီလက်ထက်တုန်းကလိဒ်အသင်းဥရောပနှင့်ပြည်တွင်းတို့အားလွှမ်းမိုးနိုင်စဉ်ကအရေးပါတဲ့ကစားသမားဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

လိဒ္ယူႏိုက္တက္စံခ်ိန္တင္ဂိုးရွင္ပီတာလိုရီမာ ကြယ္လြန္

လိဒ္ယူႏိုက္တက္အသင္းသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ပီတာလိုရီမာဟာ အသက္၇၄ႏွစ္မွာကြယ္လြန္သြားခဲ့ပါတယ္။

စေကာ့တလန္လက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းဟာလိဒ္အသင္းတြင္ႏွစ္ႀကိမ္တိုင္တိုင္၂၃ႏွစ္တာကစားစဥ္အတြင္း၇၀၅ပြဲကစားကာ၂၃၈ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာနည္းျပဒြန္ရီဗီရဲ႕လက္ေအာက္မွာလိဒ္ယူႏိုက္တက္ႏွင့္အတူအမွတ္ေပးဖလား၂ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္ႏွင့္လိဂ္ဖလား၁ႀကိမ္အသီးသီးဆြတ္ခူးႏိုင္ခဲ့ပါတယ္။

လိုရီမာဟာစေကာ့တလန္လက္ေ႐ြးစင္အသင္းအတြက္၂၁ပြဲကစားခဲ့ၿပီး၁၉၇၄ကမာၻ႔ဖလားပြဲသုံးပြဲလုံးတြင္ ကစားခဲ့ကာဇိုင္ရီအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းႏိုင္ခဲ့ပါတယ္။

လိုရီမာဟာ၁၉၆၂ခုႏွစ္၊စက္တင္ဘာလတုန္းကေဆာက္သမ္တန္ႏွင့္ပြဲတြင္အသက္၁၅ႏွစ္၊၂၈၉ရက္တြင္ကစားခြင့္ရရွိကလိဒ္သမိုင္းတြင္အသက္အငယ္ဆုံးပြဲကစားခြင့္ရရွိသူအျဖစ္မွတ္တမ္းေရးထိုးထားသူလည္း ျဖစ္ပါတယ္။အလယ္တန္းတိုက္စစ္သမားဟာရီဗီလက္ထက္တုန္းကလိဒ္အသင္းဥေရာပႏွင့္ျပည္တြင္းတို႔အားလႊမ္းမိုးႏိုင္စဥ္ကအေရးပါတဲ့ကစားသမားျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။