လိဒ်ယူနိုက်တက်နှင့် ငါးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ တိုက်စစ်မှူးဘမ်းဖို့ဒ်

ပက်ထရစ်ဘမ်းဖို့ဒ်ဟာလိဒ်ယူနိုက်တက်နှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။ဘမ်းဖို့ဒ်ဟာလိဒ်တွင်နှစ်ရှည်ရှိနေတော့မှာဖြစ်တာညီနှင့်အတူဥရောပဝင်ခွင့်ရရှိရန်လည်းပစ်မှတ်ထားနေပါတယ်။

အသက်၂၇နှစ်ရှိချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာလိဒ်အတွက်၁၁၁ပွဲကစားကာ၄၃ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။

ဘမ်းဖို့ဒ်ဟာ၂၀၁၈ခုနှစ်တွင်မစ်ဒယ်ဘရော့မှလိဒ်သို့ရောက်လာပြီးနောက်အဓိကကစားသမားအဖြစ်ပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင်ကူညီခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလိဒ်အတွက်၃၈ပွဲကစားခဲ့ရာမှာ၁၇ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အင်္ဂလန်အသင်းရဲ့ယူရို၂၀၂၀အသင်းတွင်ရွေးချယ်ခြင်းခံခဲ့ရရန်ရေပန်းစားခဲ့ဖူးပါတယ်။

ဘမ်းဖို့ဒ်က “ကျွန်တော့်ကစားသမားဘဝမှာဒီမှာတောင်အထိုင်ကျတာမရှိခဲ့ပါဘူး။ဒါကြောင့်လည်းဘဲကျွန်တော်ဟာစာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အကြီးမားဆုံးရည်မှန်းချက်ကတော့လိဒ်အနေနဲ့ဥရောပခွင့်ရဖို့ပါ။ဥရောပပြိုင်ပွဲမှာလိဒ်ကစားတုန်းကကာလကိုသတိရပါသေးတယ်။အဲဒီတုန်းကလိဒ်ကအသင်းတိုင်းကြောက်ရတဲ့အသင်းဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ဟာဒီအတွက်ဘဲကြိုးစားရပါမယ်”လို့ပြောကြားသွားပါတယ်။

လိဒ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်မန်ယူအား၅-၁ဂိုးဖြင့်ရှုံးနိမ့်ထားပါတယ်။၎င်းတို့ဟာစနေနေ့မှာအဲဗာတန်ကိုအိမ်ကွင်းမှာဧည့်ခံကစားရပါမယ်။

ZawGyi






