လိဒ်ရဲ့ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာတော့မယ့် ဒါနီီရယ်ဂျိမ်းစ်

မန်ချက်စတာယူနိုက်တက်ရဲ့ဒါနီရယ်ဂျိမ်းစ်ဟာလိဒ်သို့ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၃၀ဖြင့်ပြောင်းရွှေ့လုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။

ဝေးလ်လက်ရွေးစင်ကစားသမားဟာတနင်္ဂနွေနေ့တုန်းကဝုဗ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်အပါအဝင်မန်ယူရဲ့ယခုရာသီပရီးမီးယားလိဂ်သုံးပွဲမှနှစ်ပွဲကိုပွဲထွက်ကစားသမားအဖြစ်ကစားခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာဆန်ချိုနှင့်ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူသူ့ရဲ့ပွဲကစားခွင့်ဟာလည်းအကန့်အသတ်ခြင်းခံလာရတော့မှာဖြစ်ပါတယ်။

လိဒ်နည်းပြမာဆယ်လိုဘီရဲလ်ဆာဟာအသက်၂၃နှစ်ရှိဂျိမ်းစ်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီးမန်ယူသို့မပြောင်းမီတုန်းကလည်းခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးပါတယ်။

ဂျိမ်းစ်ဟာ၂၀၁၉ခုနှစ်၊ဇွန်လတုန်းကဆွမ်စီးမှမန်ယူသို့ပေါင်၁၈သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကလိဒ်သို့ပြောင်းရွှေ့ကြေးပေါင်၁၀ဖြင့်ပြောင်းလုနီးပါးဖြစ်ခဲ့ပေမယ့်ပျက်ခဲ့သူဖြစ်ပါတယ်။

ဒါနီရယ်ဂျိမ်းစ်ဟာဆိုးလ်ရှားအကြိုက်တွေ့တဲ့ကစားသမားဖြစ်ပေမယ့်လည်းမားကပ်စ်ရှပ်ရှ်ဖို့ဒ်ဒဏ်ရာမှပြန်လည်ကောင်းမွန်လာမှု၊မေဆင်ဂရင်းဝုဒ်အကောင်းဆုံးပုံစံရရှိနေမှု၊ဂျက်စီလင်ဂတ်ရှိနေမှုတို့နဲ့အတူလိဒ်သို့ထွက်ခွာရတော့မှာဖြစ်ပါတယ်။

ZawGyi

လိဒ္ရဲ႕ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ျဖစ္လာေတာ့မယ့္ ဒါနီီရယ္ဂ်ိမ္းစ္

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ဒါနီရယ္ဂ်ိမ္းစ္ဟာလိဒ္သို႔ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၃၀ျဖင့္ေျပာင္းေ႐ႊ႕လုနီးပါးျဖစ္ေနၿပီျဖစ္ပါတယ္။

ေဝးလ္လက္ေ႐ြးစင္ကစားသမားဟာတနဂၤေႏြေန႔တုန္းကဝုဗ္အား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္အပါအဝင္မန္ယူရဲ႕ယခုရာသီပရီးမီးယားလိဂ္သုံးပြဲမွႏွစ္ပြဲကိုပြဲထြက္ကစားသမားအျဖစ္ကစားခြင့္ရရွိထားသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာဆန္ခ်ိဳႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူသူ႔ရဲ႕ပြဲကစားခြင့္ဟာလည္းအကန႔္အသတ္ျခင္းခံလာရေတာ့မွာျဖစ္ပါတယ္။

လိဒ္နည္းျပမာဆယ္လိုဘီရဲလ္ဆာဟာအသက္၂၃ႏွစ္ရွိဂ်ိမ္းစ္ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီးမန္ယူသို႔မေျပာင္းမီတုန္းကလည္းေခၚယူရန္ႀကိဳးပမ္းခဲ့ဖူးပါတယ္။

ဂ်ိမ္းစ္ဟာ၂၀၁၉ခုႏွစ္၊ဇြန္လတုန္းကဆြမ္စီးမွမန္ယူသို႔ေပါင္၁၈သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကလိဒ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၀ျဖင့္ေျပာင္းလုနီးပါးျဖစ္ခဲ့ေပမယ့္ပ်က္ခဲ့သူျဖစ္ပါတယ္။

ဒါနီရယ္ဂ်ိမ္းစ္ဟာဆိုးလ္ရွားအႀကိဳက္ေတြ႕တဲ့ကစားသမားျဖစ္ေပမယ့္လည္းမားကပ္စ္ရွပ္ရွ္ဖို႔ဒ္ဒဏ္ရာမွျပန္လည္ေကာင္းမြန္လာမႈ၊ေမဆင္ဂရင္းဝုဒ္အေကာင္းဆုံးပုံစံရရွိေနမႈ၊ဂ်က္စီလင္ဂတ္ရွိေနမႈတို႔နဲ႔အတူလိဒ္သို႔ထြက္ခြာရေတာ့မွာျဖစ္ပါတယ္။