လိဒ်ရဲ့ခရစ္စမတ်ပါတီပွဲတွင် ခေါင်းဒဏ်ရာရရှိခဲ့တဲ့ အင်္ဂလန်စတားကယ်ဗင်ဖီးလစ်

ကယ်ဗင်ဖီးလစ်လန်ဒန်နိုက်ကလပ်တစ်ခုတွင်မတော်တဆမှုတစ်ခုကြောင့် အသေးစားခေါင်းဒဏ်ရာရရှိခဲ့ပြီးဆေးကုသမှုခံယူခဲ့ရပါတယ်။

လိဒ်ကစားသမားများဟာတနင်္ဂနွေနေ့တုန်းကစပါးစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ခရစ္စမတ်ပါတီပွဲပြုလုပ်ခဲ့ပြီးနာမည်ကျော် Cirque Le Soir တွင်ကျင်းပခဲ့ပါတယ်။

အင်္ဂလန်စတားဟာလှေကားအတက်တွင်ခြေချော်ကာလှေကားမှပြုတ်ကျခဲ့တာဖြစ်ပါတယ်။သူဟာနံရံကိုခေါင်းဖြင့်ဆောင့်မိခဲ့ပြီးအပေါ်ယံပြတ်ရှဒဏ်ရာရရှိခဲ့ပါတယ်။

ကီဗင်ဖီးလစ်ဟာခေါင်းမူးဝေပြဿနာရှိလာနိုင်မှုကြောင့်လိဒ်ကလပ်ဆရာဝန်ရဲ့စစ်ဆေးမှုခံယူခဲ့ရပါတယ်။ဒါပေမယ့်ဘာမှပြဿနာမရှိမှုကြောင့်အင်္ဂလန်စတားဟာအင်္ဂါနေ့တုန်းကလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။

သူဟာလာမယ့်စနေနေ့တွင်ဘရိုက်တန်အားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲမှာပါဝင်လာပါမယ်။

လိဂ်ဟာယခုရာသီတွင်ရလဒ်ဆိုးရွားမှုကြောင့်အမှတ်ပေးဇယားအဆင့်၁၇တွင်ရပ်တည်နေပြီးတန်းဆင်းဇုန်နှင့်၂မှတ်သာကွာဟပါတော့တယ်။

ဒါပေမယ့်လိဒ်နည်းပြဘီရယ်ဆာဟာကစားသမားများ ဖိအားဒဏ်မခံရစေရန်အတွက်ခွင့်ပေးကာညဖက်အပြင်ထွက်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

လိဒ္ရဲ႕ခရစၥမတ္ပါတီပြဲတြင္ ေခါင္းဒဏ္ရာရရွိခဲ့တဲ့ အဂၤလန္စတားကယ္ဗင္ဖီးလစ္

ကယ္ဗင္ဖီးလစ္လန္ဒန္ႏိုက္ကလပ္တစ္ခုတြင္မေတာ္တဆမႈတစ္ခုေၾကာင့္ အေသးစားေခါင္းဒဏ္ရာရရွိခဲ့ၿပီးေဆးကုသမႈခံယူခဲ့ရပါတယ္။

လိဒ္ကစားသမားမ်ားဟာတနဂၤေႏြေန႔တုန္းကစပါးစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ခရစၥမတ္ပါတီပြဲျပဳလုပ္ခဲ့ၿပီးနာမည္ေက်ာ္ Cirque Le Soir တြင္က်င္းပခဲ့ပါတယ္။

အဂၤလန္စတားဟာေလွကားအတက္တြင္ေျခေခ်ာ္ကာေလွကားမွျပဳတ္က်ခဲ့တာျဖစ္ပါတယ္။သူဟာနံရံကိုေခါင္းျဖင့္ေဆာင့္မိခဲ့ၿပီးအေပၚယံျပတ္ရွဒဏ္ရာရရွိခဲ့ပါတယ္။

ကီဗင္ဖီးလစ္ဟာေခါင္းမူးေဝျပႆနာရွိလာႏိုင္မႈေၾကာင့္လိဒ္ကလပ္ဆရာဝန္ရဲ႕စစ္ေဆးမႈခံယူခဲ့ရပါတယ္။ဒါေပမယ့္ဘာမွျပႆနာမရွိမႈေၾကာင့္အဂၤလန္စတားဟာအဂၤါေန႔တုန္းကေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ပါတယ္။

သူဟာလာမယ့္စေနေန႔တြင္ဘ႐ိုက္တန္အားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲမွာပါဝင္လာပါမယ္။

လိဂ္ဟာယခုရာသီတြင္ရလဒ္ဆိုး႐ြားမႈေၾကာင့္အမွတ္ေပးဇယားအဆင့္၁၇တြင္ရပ္တည္ေနၿပီးတန္းဆင္းဇုန္ႏွင့္၂မွတ္သာကြာဟပါေတာ့တယ္။

ဒါေပမယ့္လိဒ္နည္းျပဘီရယ္ဆာဟာကစားသမားမ်ား ဖိအားဒဏ္မခံရေစရန္အတြက္ခြင့္ေပးကာညဖက္အျပင္ထြက္ခြင့္ေပးခဲ့တာလည္းျဖစ္ပါတယ္။