လိဒ်ရဲ့တန်းမဆင်းရရေးတိုက်ပွဲတွင် ၂ လကြာ ပါဝင်နိုင်မှာမဟုတ်တဲ့ လိဒ်ဂိုးသွင်းဘုရင်ရိုဒရီဂို

လိဒ်ယူနိုက်တက်တိုက်စစ်သမားရိုဒရီဂိုဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်နှစ်လအထိအနားယူရတော့မှာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်တိုက်စစ်သမားဟာစနေနေ့တုန်းကအက်ခရင်တန်ကိုအနိုင်ရရှိတဲ့ပွဲစဉ်တွင်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။

အသက်၃၁နှစ်ရှိရိုဒရီဂိုဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတွင်ဗလင်စီယာမှပေါင်၂၆သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးယခုရာသီတွင်၁၂ဂိုးသွင်းယူကာလိဒ်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်လိဒ်အသင်းရဲ့ပရီးမီးယားလိဂ်ဂိုး၂၆ဂိုးမှ၁၀ဂိုးကိုသွင်းယူထားကာပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်စာရင်းတွင်နံပါတ်၅ချိတ်နေသူလည်းဖြစ်ပါတယ်။

ဂျက်စီမတ်ရှ်ရဲ့လိဒ်ယူနိုက်တက်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၅နေရာတွင်ရပ်တည်နေသူဖြစ်ပြီးတန်းဆင်းဇုန်နှင့်တစ်မှတ်အကွာတွင်သာရပ်တည်နေကာရိုဒရီဂိုဒဏ်ရာရရှိသွားမှုကကြီးမားတဲ့ထိုးနှက်ချက်ဖြစ်နေပါတယ်။

၎င်းတို့ဟာလာမယ့်တနင်္ဂနွေနေ့တွင်တန်းဆင်းဇုန်ပြိုင်ဘက်နော်တင်ဟမ်ဖောရက်စ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ZawGyi

လိဒ္ရဲ႕တန္းမဆင္းရေရးတိုက္ပြဲတြင္ ၂ လၾကာ ပါဝင္ႏိုင္မွာမဟုတ္တဲ့ လိဒ္ဂိုးသြင္းဘုရင္႐ိုဒရီဂို

လိဒ္ယူႏိုက္တက္တိုက္စစ္သမား႐ိုဒရီဂိုဟာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ႏွစ္လအထိအနားယူရေတာ့မွာျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္တိုက္စစ္သမားဟာစေနေန႔တုန္းကအက္ခရင္တန္ကိုအႏိုင္ရရွိတဲ့ပြဲစဥ္တြင္ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရပါတယ္။

အသက္၃၁ႏွစ္ရွိ႐ိုဒရီဂိုဟာ၂၀၂၀ခုႏွစ္၊ဩဂုတ္လတြင္ဗလင္စီယာမွေပါင္၂၆သန္းျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီးယခုရာသီတြင္၁၂ဂိုးသြင္းယူကာလိဒ္ရဲ႕ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

သူဟာယခုရာသီတြင္လိဒ္အသင္းရဲ႕ပရီးမီးယားလိဂ္ဂိုး၂၆ဂိုးမွ၁၀ဂိုးကိုသြင္းယူထားကာပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္စာရင္းတြင္နံပါတ္၅ခ်ိတ္ေနသူလည္းျဖစ္ပါတယ္။

ဂ်က္စီမတ္ရွ္ရဲ႕လိဒ္ယူႏိုက္တက္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၅ေနရာတြင္ရပ္တည္ေနသူျဖစ္ၿပီးတန္းဆင္းဇုန္ႏွင့္တစ္မွတ္အကြာတြင္သာရပ္တည္ေနကာ႐ိုဒရီဂိုဒဏ္ရာရရွိသြားမႈကႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ေနပါတယ္။

၎တို႔ဟာလာမယ့္တနဂၤေႏြေန႔တြင္တန္းဆင္းဇုန္ၿပိဳင္ဘက္ေနာ္တင္ဟမ္ေဖာရက္စ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။