လိဒ်ရှုံးပွဲတွင် ဒိုင်လူကြီးကို ပေါက်ကွဲခဲ့တဲ့ ကစားဖော်မားသီးယပ်စ်နူနက်စ်ကို ဝင်ထိန်းခဲ့တဲ့ ဒီယေဂိုကော့စတာ

ဝုဗ်အရန်ကစားသမားမားသီးယပ်စ်နူနက်ဇ်ဟာလိဒ်ကိုရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့နာကျင်အချိန်ပိုတွင် အနီကတ်ပြသခြင်းခံခဲ့ရပြီးဒီယေဂိုကော့စတာကကြားဝင်ထိန်းမှုပြုလုပ်ခဲ့ရပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာအိမ်ကွင်းတွင်လိဒ်ကို၂-၄ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ပေါ်တူဂီလက်ရွေးစင်ကစားသမားကိုပြဿနာအကြီးအကျယ်မဖြစ်အောင်ထိန်းသိမ်းပေးခဲ့ရတာလည်းဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိနူနက်စ်ဟာရိုဒရီဂိုရဲ့နောက်ကျဂိုးအားခွင့်ပြုပေးမှုအတွက်ဒိုင်လူကြီးကိုအကြီးအကျယ်ဒေါသထွက်ခဲ့ပြီး ဒိုင်လူကြီးမိုက်ကယ်ဆာလစ်ဘူရီကအနီကတ်ပြသခဲ့ပါတယ်။

ဝုဗ်နှင့်လိဒ်တို့ရဲ့ပွဲစဉ်မှာတန်းမဆင်းရရေးတိုက်ပွဲအတွက်အလွန်အရေးပါတဲ့ပွဲဖြစ်ပါတယ်။

လိဒ်ဟာဟာရစ်ဆင်၊ အေလင်း၊ ခရစ္စတင်ဆင်တို့ရဲ့ဂိုးများဖြင့်ဝုဗ်ကို၃-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ယင်းနောက်ဂျွန်နီက၆၅မိနစ်မှာကိုက်၄၀အကွာမှသွင်းယူတဲ့ဂိုးဖြင့်စတင်ချေပဂိုးသွင်းခဲ့ပြီး၇၃မိနစ်မှာကန်ဟာကဒုတိယချေပဂိုးသွင်းခဲ့ပါတယ်။ဒါပေမဲ့၈၄မိနစ်တွင်ဂျွန်နီအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးရိုဒရီဂိုကနာကျင်အချိန်ပိုမှာလိဒ်တို့၄-၂ဖြင့်အနိုင်ရစေမဲ့စတုတ္ထဂိုးကိုသွင်းယူခဲ့ပါတယ်။

ZawGyi

လိဒ္ရႈံးပြဲတြင္ ဒိုင္လူႀကီးကို ေပါက္ကြဲခဲ့တဲ့ ကစားေဖာ္မားသီးယပ္စ္ႏူနက္စ္ကို ဝင္ထိန္းခဲ့တဲ့ ဒီေယဂိုေကာ့စတာ

ဝုဗ္အရန္ကစားသမားမားသီးယပ္စ္ႏူနက္ဇ္ဟာလိဒ္ကိုရႈံးနိမ့္တဲ့ပြဲစဥ္ရဲ႕နာက်င္အခ်ိန္ပိုတြင္ အနီကတ္ျပသျခင္းခံခဲ့ရၿပီးဒီေယဂိုေကာ့စတာကၾကားဝင္ထိန္းမႈျပဳလုပ္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာအိမ္ကြင္းတြင္လိဒ္ကို၂-၄ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ေပၚတူဂီလက္ေ႐ြးစင္ကစားသမားကိုျပႆနာအႀကီးအက်ယ္မျဖစ္ေအာင္ထိန္းသိမ္းေပးခဲ့ရတာလည္းျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိႏူနက္စ္ဟာ႐ိုဒရီဂိုရဲ႕ေနာက္က်ဂိုးအားခြင့္ျပဳေပးမႈအတြက္ဒိုင္လူႀကီးကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့ၿပီး ဒိုင္လူႀကီးမိုက္ကယ္ဆာလစ္ဘူရီကအနီကတ္ျပသခဲ့ပါတယ္။

ဝုဗ္ႏွင့္လိဒ္တို႔ရဲ႕ပြဲစဥ္မွာတန္းမဆင္းရေရးတိုက္ပြဲအတြက္အလြန္အေရးပါတဲ့ပြဲျဖစ္ပါတယ္။

လိဒ္ဟာဟာရစ္ဆင္၊ ေအလင္း၊ ခရစၥတင္ဆင္တို႔ရဲ႕ဂိုးမ်ားျဖင့္ဝုဗ္ကို၃-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ယင္းေနာက္ဂြၽန္နီက၆၅မိနစ္မွာကိုက္၄၀အကြာမွသြင္းယူတဲ့ဂိုးျဖင့္စတင္ေခ်ပဂိုးသြင္းခဲ့ၿပီး၇၃မိနစ္မွာကန္ဟာကဒုတိယေခ်ပဂိုးသြင္းခဲ့ပါတယ္။ဒါေပမဲ့၈၄မိနစ္တြင္ဂြၽန္နီအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီး႐ိုဒရီဂိုကနာက်င္အခ်ိန္ပိုမွာလိဒ္တို႔၄-၂ျဖင့္အႏိုင္ရေစမဲ့စတုတၳဂိုးကိုသြင္းယူခဲ့ပါတယ္။