လိဒ်-အာဆင်နယ်ပွဲတွင် မီးပြတ်တောက်မှုကြောင့် မိနစ် ၄၀ ရပ်ဆိုင်းလိုက်မှုအပေါ် တစ်လေသံတည်းထွက်လာတဲ့ ပရိသတ်များ

ဘောလုံးပရိသတ်များဟာလျှပ်စစ်မီးပြတ်တောက်မှုကြောင့်လိဒ်နှင့်အာဆင်နယ်ပွဲစဉ်မှာမိနစ်၄၀အထိရပ်ဆိုင်းလိုက်ရပြီးနောက်တစ်လေသံတည်းထွက်လာပါတယ်။

ကွင်းလယ်ဒိုင်လူကြီးခရစ်ကာဗာနက်ချ်ဟာပွဲအစစက္ကန့်ပိုင်းမှာပဲ မီးပြတ်တောက်သွားပြီးနောက်ပွဲကိုရပ်ဆိုင်းကာကစားသမားများအားအဝတ်အစားလဲခန်းအတွင်းသို့ ပြန်ဝင်စေခဲ့ပါတယ်။

ယင်းနောက်ပွဲကိုမိနစ်၄၀ကြာရပ်ဆိုင်းခဲ့ပြီးပြန်လည်စတင်ခဲ့ရပါတယ်။

မီးပြတ်တောက်မှုနှင့်အတူ ဒိုင်လူကြီးကာဗာနက်ချ်မှာ သူ့ရဲ့VAR အသင်းနှင့်ချိတ်ဆက်နိုင်ခြင်းမရှိတော့ပါဘူး။

ထူးဆန်းတာကတော့ Elland Road ရှိ ကြီးမားတဲ့ Screen များကတော့ အလုပ်လုပ်နေတုန်းဖြစ်ပါတယ်။

ဘောလုံးပရိသတ်များကတော့ ဗြိတိန်တွင်နေထိုင်မှုစရိတ်ကြီးမားလာမှုအပေါ် ပွဲအားမိနစ်၄၀ကြာရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြီးဟာသနှောလှောင်ပြောင်မှုပြုလုပ်လာကြပါတယ်။

ပရိသတ်တစ်ဦးက “နေထိုင်မှုစရိတ်ကြီးတာသိတယ်။ဒါပေမဲ့လိဒ်ရော မီတာခပေးနိုင်ရဲ့လား။ကျွန်တော်တို့ကလေးစားမှုတချို့ရထားတဲ့ အမှတ်ပေးဇယားဦးဆောင်သူတွေပါ”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “မီတာဆောင်ဖို့ လိဒ်မေ့နေပုံရတယ်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “လိဒ်ယူနိုက်တက်တို့ မီတာဘေလ်တောင်မဆောင်နိုင်တော့ပါလား”လို့ ဆိုသွားပါတယ်။

အဆိုပါပွဲစဉ်တွင်အာဆင်နယ်ဟာလိဒ်ကို ဆာကာရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပွဲ၁၀ပွဲတွင်၉ပွဲအနိုင်ရယူထားနိုင်ပါတယ်။

ZawGyi

လိဒ္-အာဆင္နယ္ပြဲတြင္ မီးျပတ္ေတာက္မႈေၾကာင့္ မိနစ္ ၄၀ ရပ္ဆိုင္းလိုက္မႈအေပၚ တစ္ေလသံတည္းထြက္လာတဲ့ ပရိသတ္မ်ား

ေဘာလုံးပရိသတ္မ်ားဟာလွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္လိဒ္ႏွင့္အာဆင္နယ္ပြဲစဥ္မွာမိနစ္၄၀အထိရပ္ဆိုင္းလိုက္ရၿပီးေနာက္တစ္ေလသံတည္းထြက္လာပါတယ္။

ကြင္းလယ္ဒိုင္လူႀကီးခရစ္ကာဗာနက္ခ်္ဟာပြဲအစစကၠန႔္ပိုင္းမွာပဲ မီးျပတ္ေတာက္သြားၿပီးေနာက္ပြဲကိုရပ္ဆိုင္းကာကစားသမားမ်ားအားအဝတ္အစားလဲခန္းအတြင္းသို႔ ျပန္ဝင္ေစခဲ့ပါတယ္။

ယင္းေနာက္ပြဲကိုမိနစ္၄၀ၾကာရပ္ဆိုင္းခဲ့ၿပီးျပန္လည္စတင္ခဲ့ရပါတယ္။

မီးျပတ္ေတာက္မႈႏွင့္အတူ ဒိုင္လူႀကီးကာဗာနက္ခ်္မွာ သူ႔ရဲ႕VAR အသင္းႏွင့္ခ်ိတ္ဆက္ႏိုင္ျခင္းမရွိေတာ့ပါဘူး။

ထူးဆန္းတာကေတာ့ Elland Road ရွိ ႀကီးမားတဲ့ Screen မ်ားကေတာ့ အလုပ္လုပ္ေနတုန္းျဖစ္ပါတယ္။

ေဘာလုံးပရိသတ္မ်ားကေတာ့ ၿဗိတိန္တြင္ေနထိုင္မႈစရိတ္ႀကီးမားလာမႈအေပၚ ပြဲအားမိနစ္၄၀ၾကာရပ္ဆိုင္းထားမႈႏွင့္ပတ္သက္ၿပီးဟာသေႏွာေလွာင္ေျပာင္မႈျပဳလုပ္လာၾကပါတယ္။

ပရိသတ္တစ္ဦးက “ေနထိုင္မႈစရိတ္ႀကီးတာသိတယ္။ဒါေပမဲ့လိဒ္ေရာ မီတာခေပးႏိုင္ရဲ႕လား။ကြၽန္ေတာ္တို႔ကေလးစားမႈတခ်ိဳ႕ရထားတဲ့ အမွတ္ေပးဇယားဦးေဆာင္သူေတြပါ”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “မီတာေဆာင္ဖို႔ လိဒ္ေမ့ေနပုံရတယ္”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “လိဒ္ယူႏိုက္တက္တို႔ မီတာေဘလ္ေတာင္မေဆာင္ႏိုင္ေတာ့ပါလား”လို႔ ဆိုသြားပါတယ္။

အဆိုပါပြဲစဥ္တြင္အာဆင္နယ္ဟာလိဒ္ကို ဆာကာရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္ပြဲ၁၀ပြဲတြင္၉ပြဲအႏိုင္ရယူထားႏိုင္ပါတယ္။