လိမ္မော်ရည်ပုလင်းနဲ့ အထုခံခဲ့ရတဲ့ ချဲလ်ဆီးနောက်ခံလူအလွန်ဆို

ချဲလ်ဆီးဘယ်နောက်ခံလူမားကို့စ်အလွန်ဆိုဟာမနေ့ညတုန်းကလီဗာပူးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်လိမ္မော်ရည်ပုလင်းနဲ့ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးဟာလီဗာပူးနှင့်ပွဲစဉ်တွင်ရီစီဂျိမ်းစ်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရမှုကြောင့်၁၀ယောက်တည်းဖြင့်ကစားခဲ့ရသော်လည်းလီဗာပူးရဲ့တိုက်စစ်အားနည်းစနစ်ကျကျပိတ်ဆို့ဖြတ်တောက်ကာအဖိုးတန်ရလဒ်တစ်မှတ်ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်အဆိုပါပွဲစဉ်ရဲ့မိနစ်၆၀နောက်ပိုင်းတွင်ချဲလ်ဆီးနောက်ခံလူအလွန်ဆိုကိုရည်ရွယ်ကာလိမ္မော်ရည်ပုလင်းဖြင့်ပစ်ပေါက်မှုတစ်ခုဖြစ်ခဲ့ကြောင်းတွေ့ရပါတယ်။

စကိုင်းစပေါ့ကင်မရာကလိမ္မော်ရည်ပုလင်းရိုက်ကူးပြသခဲ့ပါတယ်။ယင်းလိမ္မော်ရည်ပုလင်းကိုဘယ်သူပစ်တယ်ဆိုတာမသိရပါဘူး။

လီဗာပူးနှင့်ပွဲတွင်ချဲလ်ဆီးဟာပွဲချိန်၂၂မိနစ်တွင်ကိုင်ဟာဗတ်ဇ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးလီဗာပူးအပေါ်ဖိအားပေးကစားနိုင်ခဲ့ကာအခွင့်အရေးများစွာရရှိခဲ့ပါတယ်။

ဒါပေမယ့်ပထမနှောင်းပိုင်းမှာလီဗာပူးဟာအငြင်းပွားဖွယ်ပင်နယ်တီရရှိခဲ့ပါတယ်။ကွင်းလယ်ဒိုင်လူကြီးအန်တိုနီတေလာကရီစီဂျိမ်းစ်ကိုဧရိယာအတွင်းမှာဘောလုံးကိုလက်ဖြင့် တားတယ်ဆိုပြီးလီဗာပူးဘက်သို့ပင်နယ်တီပေးခဲ့ပါတယ်။ယင်းပင်နယ်တီကိုဆာလက်ကချေပဂိုးသွင်းခဲ့ပါတယ်။ယင်းပင်နယ်တီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးလီဗာပူးနှင့်ချဲလ်ဆီးကစားသမားများအကြားရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ZawGyi

လိေမၼာ္ရည္ပုလင္းနဲ႔ အထုခံခဲ့ရတဲ့ ခ်ဲလ္ဆီးေနာက္ခံလူအလြန္ဆို

ခ်ဲလ္ဆီးဘယ္ေနာက္ခံလူမားကို႔စ္အလြန္ဆိုဟာမေန႔ညတုန္းကလီဗာပူးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္လိေမၼာ္ရည္ပုလင္းနဲ႔ပစ္ေပါက္ျခင္းခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာလီဗာပူးႏွင့္ပြဲစဥ္တြင္ရီစီဂ်ိမ္းစ္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရမႈေၾကာင့္၁၀ေယာက္တည္းျဖင့္ကစားခဲ့ရေသာ္လည္းလီဗာပူးရဲ႕တိုက္စစ္အားနည္းစနစ္က်က်ပိတ္ဆို႔ျဖတ္ေတာက္ကာအဖိုးတန္ရလဒ္တစ္မွတ္ရယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္အဆိုပါပြဲစဥ္ရဲ႕မိနစ္၆၀ေနာက္ပိုင္းတြင္ခ်ဲလ္ဆီးေနာက္ခံလူအလြန္ဆိုကိုရည္႐ြယ္ကာလိေမၼာ္ရည္ပုလင္းျဖင့္ပစ္ေပါက္မႈတစ္ခုျဖစ္ခဲ့ေၾကာင္းေတြ႕ရပါတယ္။

စကိုင္းစေပါ့ကင္မရာကလိေမၼာ္ရည္ပုလင္း႐ိုက္ကူးျပသခဲ့ပါတယ္။ယင္းလိေမၼာ္ရည္ပုလင္းကိုဘယ္သူပစ္တယ္ဆိုတာမသိရပါဘူး။

လီဗာပူးႏွင့္ပြဲတြင္ခ်ဲလ္ဆီးဟာပြဲခ်ိန္၂၂မိနစ္တြင္ကိုင္ဟာဗတ္ဇ္ရဲ႕ေခါင္းတိုက္ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးလီဗာပူးအေပၚဖိအားေပးကစားႏိုင္ခဲ့ကာအခြင့္အေရးမ်ားစြာရရွိခဲ့ပါတယ္။

ဒါေပမယ့္ပထမေႏွာင္းပိုင္းမွာလီဗာပူးဟာအျငင္းပြားဖြယ္ပင္နယ္တီရရွိခဲ့ပါတယ္။ကြင္းလယ္ဒိုင္လူႀကီးအန္တိုနီေတလာကရီစီဂ်ိမ္းစ္ကိုဧရိယာအတြင္းမွာေဘာလုံးကိုလက္ျဖင့္ တားတယ္ဆိုၿပီးလီဗာပူးဘက္သို႔ပင္နယ္တီေပးခဲ့ပါတယ္။ယင္းပင္နယ္တီကိုဆာလက္ကေခ်ပဂိုးသြင္းခဲ့ပါတယ္။ယင္းပင္နယ္တီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီးလီဗာပူးႏွင့္ခ်ဲလ္ဆီးကစားသမားမ်ားအၾကား႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။