
နေမာဟာစပိန်အာဏာပိုင်တို့ကစွဲချက်တင်ခြင်းခံထားရတဲ့ လိမ်လည်မှု၊အကျင့်ပျက်ခြစားမှုတို့မှလွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
အသက်၃၀နှစ်ရှိဘရာဇီးစတားဟာအထက်ပါစွဲချက်များကြောင့်ထောင်ဒဏ်၂နှစ်နှင့်ပေါင်၈.၆၂သန်းဒဏ်ရိုက်ခြင်းခံရမယ့်အရေးနှင့်ကြုံတွေ့ခဲ့ရသူလည်းဖြစ်ပါတယ်။
သူ့ကိုဘရာဇီးကလပ်ဆန်းတို့စ်တွင်ကစားစဉ်က ပိုင်ဆိုင်မှု၄၀ရာခိုင်နှုန်းပိုင်ဆိုင်ထားတဲ့ ဘရာဇီးရင်းနှီးမြှပ်နှံရေးကုမ္ပဏီ DIS ပိုင်ဆိုင်တာဖြစ်ပါတယ်။DIS ဟာနေမာအသက်၁၇နှစ်အရွယ်တုန်းကသူ့ကိုပိုင်ဆိုင်ခွင့်၄၀ရာခိုင်နှုန်းအားယူရို၂သန်းဖြင့်ဝယ်ယူခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ DIS ဟာနေမာကဆန်းတို့စ်မှဘာစီလိုနာသို့ပြောင်းရွှေ့သွားချိန်မှာသူတို့ရသင့်ရထိုက်တဲ့ငွေများမရဘူးဆိုပြီးယုံကြည်ကာတရားစွဲခဲ့ပါတယ်။
ဒါပေမဲ့ဇူလိုင်လတုန်းကတရားရုံးတွင်တင်ပြလာတဲ့စာရွက်စာတမ်းများအရဘာစီလိုနာဟာနေမာကိုခေါ်ယူနိုင်ရေးအတွက် ကစားသမားအားယူရိုသန်း၄၀ပေးခဲ့ရပါသေးတယ်။
ဘာစီလိုနာဟာနေမာအားခေါ်ယူခဲ့မှုအတွက်ဆန်းတို့စ်ကိုယူရို၁၇.၁သန်းတည်းသာပေးခဲ့ရတာလည်းဖြစ်ပါတယ်။၎င်းတို့ဟာအပြောင်းအရွှေ့ဖြစ်မြောက်လာရေးအတွက်ကစားသမားကိုယူရိုသန်း၄၀အထိပေးခဲ့ရတာလည်းဖြစ်ပါတယ်။
တဖက်တွင်နေမာကလည်း၎င်းမှာစာရွက်စာတမ်းတွင်လက်မှတ်ရေးထိုးမှုသာပြုလုပ်ခဲ့တာဖြစ်ပြီးစာချုပ်ကိစ္စဆွေးနွေးမှုကိုသူ့ဖခင်ကတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။
ယခုအခါစပိန်အာဏာပိုင်တို့ကနေမာကိုစွဲချက်တင်ထားမှုများကိုရုတ်သိမ်းကာပေါင်၈.၆သန်းသာဒဏ်ရိုက်မှုပြုလုပ်လာပြီဖြစ်ပါတယ်။
ZawGyi
လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှုတို့ကြောင့် ထောင် ၂ နှစ်ကျမဲ့အရေးမှ လွတ်ကာ ပေါင် ၈.၆ သန်း ဒဏ်ရိုက်ခံခဲ့ရတဲ့ နေမာ