လိုကာတယ်လီမှာ နိုင်ငံခြားကလပ်သို့ ပြောင်းရန် နီးစပ်နေကြောင်း ဆက်စ်ဆူလိုအတည်ပြု

အာဆင်နယ်အသင်းပစ်မှတ်ထားနေတဲ့မန်နူရယ်လိုကာတယ်လီမှာနိုင်ငံခြားကလပ်တစ်ခုသို့ပြောင်းရွှေ့ရေးဆွေးနွေးမှုတိုးတက်ကောင်းမွန်နေကြောင်းဆက်စ်ဆူလိုစီအီးအိုဂျီယိုဗန်နီကာနီဗာလီကအတည်ပြုပြောကြားလာပါတယ်။

ယူရို၂၀၂၀ဗိုလ်လုပွဲရောက်အီတလီအသင်းနှင့်အတူခြေစွမ်းပြကစားနေတဲ့အီတလီလက်ရွေးစင်အလယ်တန်းကစားသမားကိုအာဆင်နယ်နှင့်ဂျူဗင်တပ်တို့ကပစ်မှတ်ထားနေပါတယ်။

ကာနီဗာလီကယူရို၂၀၂၀ပြိုင်ပွဲပြီးဆုံးချိန်တွင်အီတလီကွင်းလယ်ကစားသမားနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးအနာဂတ်ကိုဆုံးဖြတ်မည်လို့ဆိုထားပါတယ်။

ဆက်စ်ဆူလိုစီအီးအိုက “လိုကာတယ်လီအတွက်ကမ်းလှမ်းမှုရခဲ့ပါတယ်။ဒါပေမယ့်ဘီရာဒီ၊ရာစပါဒိုရီနဲ့ဘိုဂါတို့အတွက်လည်းကမ်းလှမ်းမှုရထားတာပါ။ယူရို၂၀၂၀အပြီးမှာလိုကာတယ်လီနဲ့ဆွေးနွေးသွားပါမယ်။လာမယ့်တနင်္ဂနွေနေ့အထိသူ့ကိုစိတ်အေးလက်အေးနဲ့ရှိစေချင်ပါတယ်။သူ့အတွက်ကောင်းမွန်တဲ့ကမ်းလှမ်းမှုရထားပါတယ်။ကလပ်တစ်ခုနဲ့ဆွေးနွေးမှုကလည်းတိုးတက်ကောင်းမွန်နေပါတယ်။ဂျူဗီနဲ့လည်းတွေ့ဆုံမှုလုပ်ထားပါတယ်။လာမယ့်အပတ်မှာထပ်တွေ့ပါမယ်။ဒါပေမယ့်အားလုံးကိုသုံးသပ်မှုပြုလုပ်ပါမယ်။ယနေ့အချိန်မှာအီတလီဈေးကွက်အခြေအနေကခက်ခဲပါတယ်။နိုင်ငံခြားကကမ်းလှမ်းမှုကပိုကောင်းပါတယ်။သေချာတာကတော့ကျွန်တော်တို့မှာကလပ်ကြီးတွေမှာကစားဖို့ရည်မှန်းချက်ရှိတဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားပါတယ်”လို့ပြောကြားသွားပါတယ်။

ဆက်စ်ဆူလိုဟာယခုနွေရာသီမှာဘရာဇီးနောက်ခံလူမာလွန်ကိုရောင်းချထားသလိုဒီဖရန်ဆစ္စကိုအား SPAL သို့လည်းကောင်း၊မာဂနာနီအားဗီရိုနာသို့လည်းကောင်းလက်လွှတ်ထားပြီးဖြစ်ပါတယ်။

ZawGyi

လိုကာတယ္လီမွာ ႏိုင္ငံျခားကလပ္သို႔ ေျပာင္းရန္ နီးစပ္ေနေၾကာင္း ဆက္စ္ဆူလိုအတည္ျပဳ

အာဆင္နယ္အသင္းပစ္မွတ္ထားေနတဲ့မန္ႏူရယ္လိုကာတယ္လီမွာႏိုင္ငံျခားကလပ္တစ္ခုသို႔ေျပာင္းေ႐ႊ႕ေရးေဆြးေႏြးမႈတိုးတက္ေကာင္းမြန္ေနေၾကာင္းဆက္စ္ဆူလိုစီအီးအိုဂ်ီယိုဗန္နီကာနီဗာလီကအတည္ျပဳေျပာၾကားလာပါတယ္။

ယူ႐ို၂၀၂၀ဗိုလ္လုပြဲေရာက္အီတလီအသင္းႏွင့္အတူေျခစြမ္းျပကစားေနတဲ့အီတလီလက္ေ႐ြးစင္အလယ္တန္းကစားသမားကိုအာဆင္နယ္ႏွင့္ဂ်ဴဗင္တပ္တို႔ကပစ္မွတ္ထားေနပါတယ္။

ကာနီဗာလီကယူ႐ို၂၀၂၀ၿပိဳင္ပြဲၿပီးဆုံးခ်ိန္တြင္အီတလီကြင္းလယ္ကစားသမားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးအနာဂတ္ကိုဆုံးျဖတ္မည္လို႔ဆိုထားပါတယ္။

ဆက္စ္ဆူလိုစီအီးအိုက “လိုကာတယ္လီအတြက္ကမ္းလွမ္းမႈရခဲ့ပါတယ္။ဒါေပမယ့္ဘီရာဒီ၊ရာစပါဒိုရီနဲ႔ဘိုဂါတို႔အတြက္လည္းကမ္းလွမ္းမႈရထားတာပါ။ယူ႐ို၂၀၂၀အၿပီးမွာလိုကာတယ္လီနဲ႔ေဆြးေႏြးသြားပါမယ္။လာမယ့္တနဂၤေႏြေန႔အထိသူ႔ကိုစိတ္ေအးလက္ေအးနဲ႔ရွိေစခ်င္ပါတယ္။သူ႔အတြက္ေကာင္းမြန္တဲ့ကမ္းလွမ္းမႈရထားပါတယ္။ကလပ္တစ္ခုနဲ႔ေဆြးေႏြးမႈကလည္းတိုးတက္ေကာင္းမြန္ေနပါတယ္။ဂ်ဴဗီနဲ႔လည္းေတြ႕ဆုံမႈလုပ္ထားပါတယ္။လာမယ့္အပတ္မွာထပ္ေတြ႕ပါမယ္။ဒါေပမယ့္အားလုံးကိုသုံးသပ္မႈျပဳလုပ္ပါမယ္။ယေန႔အခ်ိန္မွာအီတလီေဈးကြက္အေျခအေနကခက္ခဲပါတယ္။ႏိုင္ငံျခားကကမ္းလွမ္းမႈကပိုေကာင္းပါတယ္။ေသခ်ာတာကေတာ့ကြၽန္ေတာ္တို႔မွာကလပ္ႀကီးေတြမွာကစားဖို႔ရည္မွန္းခ်က္ရွိတဲ့ကစားသမားေတြကိုပိုင္ဆိုင္ထားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္စ္ဆူလိုဟာယခုေႏြရာသီမွာဘရာဇီးေနာက္ခံလူမာလြန္ကိုေရာင္းခ်ထားသလိုဒီဖရန္ဆစၥကိုအား SPAL သို႔လည္းေကာင္း၊မာဂနာနီအားဗီ႐ိုနာသို႔လည္းေကာင္းလက္လႊတ္ထားၿပီးျဖစ္ပါတယ္။