လိုက်ဇစ်တွင် ကစားသမားများကို အပြစ်ပေးရာတွင် လှည့်ဘီးသုံးခဲ့တဲ့ ယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်

ရေးလ်ရန်နစ်ခ်ဟာလိုက်ဇစ်အသင်းကိုကိုင်တွယ်တုန်းကကစားသမားကိုပြစ်ဒဏ်ပေးရာတွင်လှည့်ဘီးကိုအသုံးပြုကာဆုံးဖြတ်ခဲ့ဖူးပါတယ်။

ရန်နစ်ခ်ဟာပြီးခဲ့တဲ့အပတ်တနင်္ဂနွေနေ့တုန်းကရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရတဲ့အိုလီဂန်းနားဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြနေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဂျာမန်လူမျိုးနည်းပြဟာမန်ယူကိုခြောက်လကြာတာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီးယခုအခါမန်ချက်စတာသို့ရောက်နေပြီဖြစ်ပါတယ်။

ရန်နစ်ခ်ဟာဂျာမနီတွင်စတုဂတ်၊ဟန်နိုဗာ၊ဟော်ဖန်ဟိမ်း၊ရှော်လ်ကေးနှင့်လိုက်ဇစ်တို့ကိုကိုင်တွယ်ခဲ့ဖူးကာနည်းဗျူဟာဆန်းသစ်တီထွင်မှုကြောင့်ပရော်ဖက်ဆာအဖြစ်တင်စားခြင်းခံရသူလည်းဖြစ်ပါတယ်။

အသက်၆၃နှစ်ရှိနည်းပြဟာ Gegenpressing စတိုင်ရဲ့ Godfather အဖြစ်သတ်မှတ်ခြင်းခံရသူလည်းဖြစ်ပါတယ်။

ဒါ့အပြင်သူဟာစည်းကမ်းပိုင်းတင်းကြပ်သူအဖြစ်လည်းနာမည်ကြီးသူဖြစ်ပါတယ်။သူဟာလိုက်ဇစ်အသင်းကိုကိုင်တွယ်တုန်းကစားသမားကိုအပြစ်ပေးရာမှာလှည့်ဘီးကိုသုံးပြီးကံစီရာအတိုင်းအပြစ်ပေးခံရတဲ့စနစ်ကိုသုံးခဲ့ပါတယ်။သူ့ရဲ့အပြစ်ပေးမှုများတွင်ကလပ်ဆိုင်တွင်အလုပ်လုပ်ရန်ပါဝင်သလိုအသင်းကန်တိန်းတွင်အစားအသောက်ဝန်ဆောင်မှုပေးတဲ့အလုပ်ကဲ့သို့ရယ်စရာကောင်းတဲ့အလုပ်လည်းပါဝင်ပါတယ်။

ရန်နစ်ခ်ဟာမန်ယူကိုယာယီနည်းပြအဖြစ်ခြောက်လကိုင်တွယ်ရန်ချုပ်ဆိုထားတဲ့စာချုပ်တွင်နောက်ထပ်၂နှစ်ကလပ်ရဲ့အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နိုင်မယ့်အချက်လည်းပါဝင်ပါတယ်။

ဒါကိုကြည့်ရင်မန်ယူဟာရန်နစ်ခ်ကိုအမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန်အစီအစဉ်မရှိဘဲသူတို့ရဲ့နံပါတ်တစ်ပစ်မှတ်ဖြစ်တဲ့ပိုချက်တီနိုကိုခန့်အပ်ရေးလက်မလျှော့သေးတာမြင်နိုင်ပါတယ်။

ZawGyi

လိုက္ဇစ္တြင္ ကစားသမားမ်ားကို အျပစ္ေပးရာတြင္ လွည့္ဘီးသုံးခဲ့တဲ့ ယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္

ေရးလ္ရန္နစ္ခ္ဟာလိုက္ဇစ္အသင္းကိုကိုင္တြယ္တုန္းကကစားသမားကိုျပစ္ဒဏ္ေပးရာတြင္လွည့္ဘီးကိုအသုံးျပဳကာဆုံးျဖတ္ခဲ့ဖူးပါတယ္။

ရန္နစ္ခ္ဟာၿပီးခဲ့တဲ့အပတ္တနဂၤေႏြေန႔တုန္းကရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရတဲ့အိုလီဂန္းနားဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ဂ်ာမန္လူမ်ိဳးနည္းျပဟာမန္ယူကိုေျခာက္လၾကာတာဝန္ထမ္းေဆာင္သြားမွာျဖစ္ၿပီးယခုအခါမန္ခ်က္စတာသို႔ေရာက္ေနၿပီျဖစ္ပါတယ္။

ရန္နစ္ခ္ဟာဂ်ာမနီတြင္စတုဂတ္၊ဟန္ႏိုဗာ၊ေဟာ္ဖန္ဟိမ္း၊ေရွာ္လ္ေကးႏွင့္လိုက္ဇစ္တို႔ကိုကိုင္တြယ္ခဲ့ဖူးကာနည္းဗ်ဴဟာဆန္းသစ္တီထြင္မႈေၾကာင့္ပေရာ္ဖက္ဆာအျဖစ္တင္စားျခင္းခံရသူလည္းျဖစ္ပါတယ္။

အသက္၆၃ႏွစ္ရွိနည္းျပဟာ Gegenpressing စတိုင္ရဲ႕ Godfather အျဖစ္သတ္မွတ္ျခင္းခံရသူလည္းျဖစ္ပါတယ္။

ဒါ့အျပင္သူဟာစည္းကမ္းပိုင္းတင္းၾကပ္သူအျဖစ္လည္းနာမည္ႀကီးသူျဖစ္ပါတယ္။သူဟာလိုက္ဇစ္အသင္းကိုကိုင္တြယ္တုန္းကစားသမားကိုအျပစ္ေပးရာမွာလွည့္ဘီးကိုသုံးၿပီးကံစီရာအတိုင္းအျပစ္ေပးခံရတဲ့စနစ္ကိုသုံးခဲ့ပါတယ္။သူ႔ရဲ႕အျပစ္ေပးမႈမ်ားတြင္ကလပ္ဆိုင္တြင္အလုပ္လုပ္ရန္ပါဝင္သလိုအသင္းကန္တိန္းတြင္အစားအေသာက္ဝန္ေဆာင္မႈေပးတဲ့အလုပ္ကဲ့သို႔ရယ္စရာေကာင္းတဲ့အလုပ္လည္းပါဝင္ပါတယ္။

ရန္နစ္ခ္ဟာမန္ယူကိုယာယီနည္းျပအျဖစ္ေျခာက္လကိုင္တြယ္ရန္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္တြင္ေနာက္ထပ္၂ႏွစ္ကလပ္ရဲ႕အႀကံေပးအျဖစ္တာဝန္ထမ္းေဆာင္ႏိုင္မယ့္အခ်က္လည္းပါဝင္ပါတယ္။

ဒါကိုၾကည့္ရင္မန္ယူဟာရန္နစ္ခ္ကိုအၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ရန္အစီအစဥ္မရွိဘဲသူတို႔ရဲ႕နံပါတ္တစ္ပစ္မွတ္ျဖစ္တဲ့ပိုခ်က္တီႏိုကိုခန႔္အပ္ေရးလက္မေလွ်ာ့ေသးတာျမင္ႏိုင္ပါတယ္။