လိုက်ဇစ်နှင့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကို လန်ဒန်တွင် ကစားရဖို့ရှိနေတဲ့ လီဗာပူး

လီဗာပူးဟာလိုက်ဇစ်နှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်ပွဲနှစ်ကျော့လုံးကိုအင်္ဂလန်မှာဘဲကစားရဖို့ ရှိနေပါတယ်။ လိုက်ဇစ်အသင်းဟာချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်အားကစားရန်ဂျာမနီသို့လီဗာပူးအသင်းအား ဝင်ခွင့်ပြု/မပြုကိုအစိုးရထံမှာအကြောင်းပြန်မှုမရရှိသေးပါဘူး။

ဒါပေမယ့်လည်းလီဗာပူးနှင့်လိုက်ဇစ်တို့ဟာ၎င်းတို့ရဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုလန်ဒန်ရှိကွင်းတစ် ကွင်းတွင်ကစားရန်ဆွေးနွေးနေကြပြီဖြစ်ပါတယ်။

တကယ်လို့ကွင်းခွင့်ပြုချက်ရရှိလျှင်ပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာချန်ပီယံလိဂ်၁၆သင်းအားနိုင်ငံခြားသို့ သွားကစားရန်မလိုဘဲနှစ်ကျော့လုံးကိုအင်္ဂလန်တွင်ပင်ကစားရဖို့ရှိနေပါတယ်။

ဂျာမနီအစိုးရဟာလာမယ့်ဖေဖော်ဝါရီလ၁၇ရက်နေ့အထိဗြိတိန်နိုင်ငံမှလေယာဉ်များဆိုက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ပထမအကျော့ပွဲစဉ်ကိုဂျာမနီတွင်ဖေဖော်ဝါရီလ၁၆ရက်နေ့မှာကစားခဲ့ပါတယ်။

ဂျာမန်အစိုးရကအားကစားများကိုပါပိတ်ပင်မှုပြုလုပ်ထားပေမယ့်လိုက်ဇစ်ကတော့အစိုးရထံသို့အထူးခွင့်ပြုချက် တောင်းခံမှုပြုလုပ်ထားပါတယ်။

အခြားတစ်ဖက်တွင်ယူအီးအက်ဖ်အေဟာအန်ဖီးလ်တွင်ပထမအကျော့ပြောင်းကစားစေပြီးအပြောင်းအလဲလုပ်ခွင့် ရှိနေသေးသလိုနှစ်ကျော့မကစားစေဘဲတစ်ကျော့တည်းဖြင့်ကစားစေမှုလည်းပြုလုပ်လာနိုင်ပါတယ်။

ZawGyi

လိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္ကို လန္ဒန္တြင္ ကစားရဖို႔ရွိေနတဲ့ လီဗာပူး

လီဗာပူးဟာလိုက္ဇစ္ႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲႏွစ္ေက်ာ့လုံးကိုအဂၤလန္မွာဘဲကစားရဖို႔ ရွိေနပါတယ္။ လိုက္ဇစ္အသင္းဟာခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္အားကစားရန္ဂ်ာမနီသို႔လီဗာပူးအသင္းအား ဝင္ခြင့္ျပဳ/မျပဳကိုအစိုးရထံမွာအေၾကာင္းျပန္မႈမရရွိေသးပါဘူး။

ဒါေပမယ့္လည္းလီဗာပူးႏွင့္လိုက္ဇစ္တို႔ဟာ၎တို႔ရဲ႕ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ကိုလန္ဒန္ရွိကြင္းတစ္ ကြင္းတြင္ကစားရန္ေဆြးေႏြးေနၾကၿပီျဖစ္ပါတယ္။

တကယ္လို႔ကြင္းခြင့္ျပဳခ်က္ရရွိလွ်င္ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းဟာခ်န္ပီယံလိဂ္၁၆သင္းအားႏိုင္ငံျခားသို႔ သြားကစားရန္မလိုဘဲႏွစ္ေက်ာ့လုံးကိုအဂၤလန္တြင္ပင္ကစားရဖို႔ရွိေနပါတယ္။

ဂ်ာမနီအစိုးရဟာလာမယ့္ေဖေဖာ္ဝါရီလ၁၇ရက္ေန႔အထိၿဗိတိန္ႏိုင္ငံမွေလယာဥ္မ်ားဆိုက္ေရာက္ခြင့္ပိတ္ပင္ထားပါတယ္။ပထမအေက်ာ့ပြဲစဥ္ကိုဂ်ာမနီတြင္ေဖေဖာ္ဝါရီလ၁၆ရက္ေန႔မွာကစားခဲ့ပါတယ္။

ဂ်ာမန္အစိုးရကအားကစားမ်ားကိုပါပိတ္ပင္မႈျပဳလုပ္ထားေပမယ့္လိုက္ဇစ္ကေတာ့အစိုးရထံသို႔အထူးခြင့္ျပဳခ်က္ ေတာင္းခံမႈျပဳလုပ္ထားပါတယ္။

အျခားတစ္ဖက္တြင္ယူအီးအက္ဖ္ေအဟာအန္ဖီးလ္တြင္ပထမအေက်ာ့ေျပာင္းကစားေစၿပီးအေျပာင္းအလဲလုပ္ခြင့္ ရွိေနေသးသလိုႏွစ္ေက်ာ့မကစားေစဘဲတစ္ေက်ာ့တည္းျဖင့္ကစားေစမႈလည္းျပဳလုပ္လာႏိုင္ပါတယ္။