လိုက်ဇစ်နှင့်ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်ကို ဘူဒါပတ်စ်တွင် လီဗာပူးကစားရမည်

လီဗာပူးရဲ့လိုက်ဇစ်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်ကိုဘူဒါပတ်စ်တွင်ကစားသွားမှာ ဖြစ်ကြောင်းယူအီးအက်ဖ်အေကကြေညာလာပါတယ်။

ဂျာမနီအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လာမယ့်ဖေဖော်ဝါရီလ၁၇ရက်နေ့အထိဗြိတိန်မှခရီးသွားလာမှုကိုပိတ်ပင် ထားပါတယ်။

လိုက်ဇစ်ဟာလီဗာပူးအားချန်ပီယံလိဂ်ပွဲကစားခွင့်ပေးရန်အတွက်အသနားခံလွှာတင်ခဲ့သော်လည်းဂျာမန်အာဏာပိုင်တို့ကပယ်ချခဲ့ပါတယ်။

ယခုအခါယူအီးအက်ဖ်အေဟာညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက်ကြားကွင်းဖြစ်တဲ့ ဘူဒါပတ်စ်တွင်ကစားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

လိုက်ဇစ်နှင့်လီဗာပူးတို့ရဲ့ချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်ကိုဖေဖော်ဝါရီလ၁၆ရက်နေ့မှာဟန်ဂေရီရဲ့မြို့တော်ဘူဒါပတ်စ်ရှိ Puskas Arena တွင်ကစားသွားပါမယ်။

အခြားတစ်ဖက်တွင်မန်စီးတီးအသင်းဟာမိုချင်ဂလက်ဘတ်နှင့်ကစားရမယ့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကိုကြားကွင်းတွင်ကစားသွားဖို့ရှိပါတယ်။

ဒါ့အပြင်အာဆင်နယ်ဟာလည်းပေါ်တူဂီသို့သွားရောက်ကစားရမယ့်ဘင်ဖီကာနှင့်ယူရိုပါလိဂ်၃၂သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်းကြားကွင်းတွင်ကစားရဖို့ရှိပါတယ်။ယူအီးအက်ဖ်အေဟာဘင်ဖီကာနှင့်အာဆင်နယ်တို့ကစားရမယ့် ကြားကွင်းကိုမကြာမီကာလအတွင်းမှာကြေညာသွားဖို့ရှိပါတယ်။

ZawGyi

လိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္ပထမအေက်ာ့ပြဲစဥ္ကို ဘူဒါပတ္စ္တြင္ လီဗာပူးကစားရမည္

လီဗာပူးရဲ႕လိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္ကိုဘူဒါပတ္စ္တြင္ကစားသြားမွာ ျဖစ္ေၾကာင္းယူအီးအက္ဖ္ေအကေၾကညာလာပါတယ္။

ဂ်ာမနီအစိုးရဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္လာမယ့္ေဖေဖာ္ဝါရီလ၁၇ရက္ေန႔အထိၿဗိတိန္မွခရီးသြားလာမႈကိုပိတ္ပင္ ထားပါတယ္။

လိုက္ဇစ္ဟာလီဗာပူးအားခ်န္ပီယံလိဂ္ပြဲကစားခြင့္ေပးရန္အတြက္အသနားခံလႊာတင္ခဲ့ေသာ္လည္းဂ်ာမန္အာဏာပိုင္တို႔ကပယ္ခ်ခဲ့ပါတယ္။

ယခုအခါယူအီးအက္ဖ္ေအဟာညႇိႏႈိင္းေဆြးေႏြးမႈမ်ားျပဳလုပ္ၿပီးေနာက္ၾကားကြင္းျဖစ္တဲ့ ဘူဒါပတ္စ္တြင္ကစားရန္ ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

လိုက္ဇစ္ႏွင့္လီဗာပူးတို႔ရဲ႕ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္ကိုေဖေဖာ္ဝါရီလ၁၆ရက္ေန႔မွာဟန္ေဂရီရဲ႕ၿမိဳ႕ေတာ္ဘူဒါပတ္စ္ရွိ Puskas Arena တြင္ကစားသြားပါမယ္။

အျခားတစ္ဖက္တြင္မန္စီးတီးအသင္းဟာမိုခ်င္ဂလက္ဘတ္ႏွင့္ကစားရမယ့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္ကိုၾကားကြင္းတြင္ကစားသြားဖို႔ရွိပါတယ္။

ဒါ့အျပင္အာဆင္နယ္ဟာလည္းေပၚတူဂီသို႔သြားေရာက္ကစားရမယ့္ဘင္ဖီကာႏွင့္ယူ႐ိုပါလိဂ္၃၂သင္းရႈံးထြက္အဆင့္ပြဲစဥ္ကိုလည္းၾကားကြင္းတြင္ကစားရဖို႔ရွိပါတယ္။ယူအီးအက္ဖ္ေအဟာဘင္ဖီကာႏွင့္အာဆင္နယ္တို႔ကစားရမယ့္ ၾကားကြင္းကိုမၾကာမီကာလအတြင္းမွာေၾကညာသြားဖို႔ရွိပါတယ္။