လိုက်ဇစ်နှင့်ပွဲစဉ်တွင် ရီယက်မရာ့ဇ်ကို အကြီးအကျယ်ဆူပူအော်ငေါက်ခဲ့တဲ့ ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာဟာမနေ့ညတုန်းကလိုက်ဇစ်ကိုမန်စီးတီးကဂိုးပြတ်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာတောင်ပံကစားသမားရီယက်မရာ့ဇ်ကိုအကြီးအကျယ်ဆူပူအော်ငေါက်မှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်မရာ့ဇ်ကပင်နယ်တီကနေဂိုးသွင်းယူမှုကြောင့်၄-၂ဂိုးဖြင့်ဦးဆောင်နေခဲ့သော်လည်းမန်စီးတီးနည်းပြဟာအယ်လ်ဂျီးရီးယားကစားသမားရဲ့မျက်နှာနှင့်လက်မအနည်းငယ်အကွာခန့်သို့အထိတိုးကပ်ကာအော်ဟစ်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

မရာ့ဇ်ကလည်းဂွါဒီယိုလာရဲ့အော်ငေါက်မှုအပေါ်ဒေါသထွက်ကာပြန်လည်တုံ့ပြန်မှုပြုလုပ်ခဲ့တာလည်းတွေ့ရပါတယ်။ဂွါဒီယိုလာပြောကြားတဲ့စကားလုံးများတွင်ကြမ်းတမ်းတဲ့အသုံးအနှုန်းများလည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။

ယင်းသို့ဂွါဒီယိုလာနှင့်မရာ့ဇ်အကြားတင်းမှုများဖြစ်ခဲ့ပေမယ့်မန်စီးတီးဟာလိုက်ဇစ်ကို၆-၃ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။

ZawGyi

လိုက္ဇစ္ႏွင့္ပြဲစဥ္တြင္ ရီယက္မရာ့ဇ္ကို အႀကီးအက်ယ္ဆူပူေအာ္ေငါက္ခဲ့တဲ့ ဂြါဒီယိုလာ

ပက္ဂြါဒီယိုလာဟာမေန႔ညတုန္းကလိုက္ဇစ္ကိုမန္စီးတီးကဂိုးျပတ္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာင္ပံကစားသမားရီယက္မရာ့ဇ္ကိုအႀကီးအက်ယ္ဆူပူေအာ္ေငါက္မႈျပဳလုပ္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္မရာ့ဇ္ကပင္နယ္တီကေနဂိုးသြင္းယူမႈေၾကာင့္၄-၂ဂိုးျဖင့္ဦးေဆာင္ေနခဲ့ေသာ္လည္းမန္စီးတီးနည္းျပဟာအယ္လ္ဂ်ီးရီးယားကစားသမားရဲ႕မ်က္ႏွာႏွင့္လက္မအနည္းငယ္အကြာခန႔္သို႔အထိတိုးကပ္ကာေအာ္ဟစ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

မရာ့ဇ္ကလည္းဂြါဒီယိုလာရဲ႕ေအာ္ေငါက္မႈအေပၚေဒါသထြက္ကာျပန္လည္တုံ႔ျပန္မႈျပဳလုပ္ခဲ့တာလည္းေတြ႕ရပါတယ္။ဂြါဒီယိုလာေျပာၾကားတဲ့စကားလုံးမ်ားတြင္ၾကမ္းတမ္းတဲ့အသုံးအႏႈန္းမ်ားလည္းပါဝင္ခဲ့ေၾကာင္းသိရပါတယ္။

ယင္းသို႔ဂြါဒီယိုလာႏွင့္မရာ့ဇ္အၾကားတင္းမႈမ်ားျဖစ္ခဲ့ေပမယ့္မန္စီးတီးဟာလိုက္ဇစ္ကို၆-၃ဂိုးျဖင့္အႏိုင္ရယူႏိုင္ခဲ့ပါတယ္။