လိုက်ဇစ်နှင့်ပွဲတွင် ပထမဆုံးချန်ပီယံလိဂ်ဂိုးကိုသွင်းယူပြီးနောက် နသန်အကဲရဲ့ ဖခင် ကွယ်လွန်

နသန်အကဲကသူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ဂိုးကိုသွင်းယူပြီးမိနစ်အနည်းငယ်အကြာတွင်ဖခင်ဖြစ်သူကွယ်လွန်ခဲ့ကြောင်းဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

အသက်၂၆နှစ်ရှိမန်စီးတီးနောက်ခံလူဟာဗုဒ္ဓဟူးနေ့ညတုန်းကအီတီဟတ်ကွင်းတွင်လိုက်ဇစ်အား၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာမန်စီးတီးရဲ့အဖွင့်ဂိုးကိုဂျက်ဂရဲလ်လစ်ရှ်ရဲ့ထောင့်ကန်ဘောကနေခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဒတ်ချ်လက်ရွေးစင်နောက်ခံလူဟာသူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ဂိုးကိုကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူအားရည်ရွယ်ခဲ့ပါတယ်။အကဲရဲ့ဖခင်မွိုက်စ်ဟာယင်းနေ့ညနေခင်းအချိန်တွင်ကွယ်လွန်သွားခဲ့ပါတယ်။

အကဲက “ဗုဒ္ဓဟူးနေ့တုန်းကကျွန်တော်ဟာခက်ခဲတဲ့ကာလကြုံရပြီးတဲ့နောက်ပထမဆုံးချန်ပီယံလိဂ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။အဖေငြိမ်းချမ်းစွာမကွယ်လွန်မီမိနစ်အနည်းငယ်အလိုမှာသွင်းယူခဲ့တာဖြစ်ပါတယ်။အဖေဟာကျွန်တော့်ကိုဂုဏ်ယူစွာကြောင့်နေကောင်းကြည့်နေပါလိမ့်မယ်။သူပျော်နေမှာပါ။အဖေဟာကျွန်တော်နဲ့အတူအမြဲရှိနေမှာပါ။ကျွန်တော့်နှလုံးသားထဲမှာအမြဲရှိနေမှာပါ။အဖေကအရမ်းမကျန်းမမာဖြစ်နေခဲ့တယ်။ဆေးကုသဖို့နည်းလမ်းတောင်မရတော့ဘူး။ကျွန်တော့်ချစ်သူ၊မိသားစုနဲ့သူငယ်ချင်းတွေဆီကအားပေးမှုအများကြီးရခဲ့တာအရမ်းကံကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။

အကဲဟာယခုလအစောပိုင်းတုန်းကနယ်သာလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းမှနုတ်ထွက်ခဲ့ရတာဖခင်ဖြစ်သူ နေမကောင်းမှုကြောင့်လို့ယူဆရပါတယ်။

ဒါပေမယ့်သူဟာပြီးခဲ့တဲ့အပတ်ကလက်စတာနှင့်ပွဲတွင်ပြန်ကစားပြီးနောက်လိုက်ဇစ်နှင့်ပွဲတွင်လည်းပါဝင်ကစားခဲ့ပါတယ်။လိုက်ဇစ်နှင့်ပွဲတွင်အကဲကဲ့သို့ပင်ဂျက်ဂရဲလ်လစ်ရှ်ဟာလည်းပထမဆုံးချန်ပီယံလိဂ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

လိုက္ဇစ္ႏွင့္ပြဲတြင္ ဂိုးမသြင္းမီ မိနစ္အနည္းငယ္အလိုတြင္ ဖခင္ေသဆုံးခဲ့တဲ့ မန္စီးတီးနသန္အကဲ

နသန္အကဲကသူ႔ရဲ႕ပထမဆုံးခ်န္ပီယံလိဂ္ဂိုးကိုသြင္းယူၿပီးမိနစ္အနည္းငယ္အၾကာတြင္ဖခင္ျဖစ္သူကြယ္လြန္ခဲ့ေၾကာင္းဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

အသက္၂၆ႏွစ္ရွိမန္စီးတီးေနာက္ခံလူဟာဗုဒၶဟူးေန႔ညတုန္းကအီတီဟတ္ကြင္းတြင္လိုက္ဇစ္အား၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာမန္စီးတီးရဲ႕အဖြင့္ဂိုးကိုဂ်က္ဂရဲလ္လစ္ရွ္ရဲ႕ေထာင့္ကန္ေဘာကေနေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

ဒတ္ခ်္လက္ေ႐ြးစင္ေနာက္ခံလူဟာသူ႔ရဲ႕ပထမဆုံးခ်န္ပီယံလိဂ္ဂိုးကိုကြယ္လြန္သြားခဲ့တဲ့ ဖခင္ျဖစ္သူအားရည္႐ြယ္ခဲ့ပါတယ္။အကဲရဲ႕ဖခင္မြိဳက္စ္ဟာယင္းေန႔ညေနခင္းအခ်ိန္တြင္ကြယ္လြန္သြားခဲ့ပါတယ္။

အကဲက “ဗုဒၶဟူးေန႔တုန္းကကြၽန္ေတာ္ဟာခက္ခဲတဲ့ကာလႀကဳံရၿပီးတဲ့ေနာက္ပထမဆုံးခ်န္ပီယံလိဂ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။အေဖၿငိမ္းခ်မ္းစြာမကြယ္လြန္မီမိနစ္အနည္းငယ္အလိုမွာသြင္းယူခဲ့တာျဖစ္ပါတယ္။အေဖဟာကြၽန္ေတာ့္ကိုဂုဏ္ယူစြာေၾကာင့္ေနေကာင္းၾကည့္ေနပါလိမ့္မယ္။သူေပ်ာ္ေနမွာပါ။အေဖဟာကြၽန္ေတာ္နဲ႔အတူအၿမဲရွိေနမွာပါ။ကြၽန္ေတာ့္ႏွလုံးသားထဲမွာအၿမဲရွိေနမွာပါ။အေဖကအရမ္းမက်န္းမမာျဖစ္ေနခဲ့တယ္။ေဆးကုသဖို႔နည္းလမ္းေတာင္မရေတာ့ဘူး။ကြၽန္ေတာ့္ခ်စ္သူ၊မိသားစုနဲ႔သူငယ္ခ်င္းေတြဆီကအားေပးမႈအမ်ားႀကီးရခဲ့တာအရမ္းကံေကာင္းပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အကဲဟာယခုလအေစာပိုင္းတုန္းကနယ္သာလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲလူစာရင္းမွႏုတ္ထြက္ခဲ့ရတာဖခင္ျဖစ္သူ ေနမေကာင္းမႈေၾကာင့္လို႔ယူဆရပါတယ္။

ဒါေပမယ့္သူဟာၿပီးခဲ့တဲ့အပတ္ကလက္စတာႏွင့္ပြဲတြင္ျပန္ကစားၿပီးေနာက္လိုက္ဇစ္ႏွင့္ပြဲတြင္လည္းပါဝင္ကစားခဲ့ပါတယ္။လိုက္ဇစ္ႏွင့္ပြဲတြင္အကဲကဲ့သို႔ပင္ဂ်က္ဂရဲလ္လစ္ရွ္ဟာလည္းပထမဆုံးခ်န္ပီယံလိဂ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။