
အာလင်းဟာလန်းဟာမနေ့ညတုန်းကလိုက်ဇစ်နှင့်ပွဲတွင်၅ဂိုးအထိသွင်းယူခဲ့ပေမဲ့လည်းပွဲကစားချိန်အတွင်းတွင်ဘောလုံးထိမှုအကြိမ်၃၀တည်းသာရှိခဲ့ပါတယ်။
အာလင်းဟာလန်းဟာမနေ့ညတုန်းကလိုက်ဇစ်ကိုမန်စီးတီးက၇-၀ဂိုးဖြင့်အနိုင်ရခဲ့တဲ့ပွဲတွင်၃၅မိနစ်အတွင်း၅ဂိုးအထိသွင်းယူခဲ့ပါတယ်။
သူဟာပထမပိုင်းတွင်ဟက်ထရစ်သွင်းယူပြီးနောက်ဒုတိယပိုင်းတွင်စတုတ္ထဂိုးနဲ့ပဥ္စမဂိုးတို့ကိုသွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့သူဟာ၅ဂိုးထိသွင်းယူနိုင်ဖို့အတွက်ဘောလုံးထိမှုအကြိမ်၃၀တည်းသာလိုအပ်ခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်သူဟာဂိုးရှေ့တွင်ဘယ်လောက်အန္တရာယ်ကြီးမားတယ်ဆိုတာပြသနေပါတယ်။ဒါ့အပြင်သူဟာဂိုးပေါက်ကန်ချက်၈ကြိမ်ပြုလုပ်ရာမှာ၅ဂိုးရခဲ့တာလည်းဖြစ်ပါတယ်။
သူဟာယခုအခါမန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၃၉ဂိုးအထိသွင်းထားနိုင်ပြီဖြစ်ပြီးတစ်ပွဲပျမ်းမျှ၁.၉ဂိုးနှုန်းအထိသွင်းခဲ့ပါတယ်။သူဟာယခုရာသီသွင်းဂိုး၃၉ဂိုးအထိရှိသွားမှုနှင့်အတူမန်စီးတီးသမိုင်းတွင်တစ်ရာသီတည်းဂိုးအများဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ်သမိုင်းမှတ်တမ်းတွင်သွားခဲ့သလိုချန်ပီယံလိဂ်သမိုင်းတွင်လည်းဂိုး၃၀အမြန်ဆုံးပြည့်တဲ့ကစားသမားအဖြစ်လည်းကောင်း၊ဂိုး၃၀ပြည့်သွင်းနိုင်တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ်လည်းကောင်းသမိုင်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒါပေမဲ့သူဟာပွဲမပြီးမီဂွါဒီယိုလာရဲ့လူစားလဲခြင်းခံရမှုနှင့်အတူချန်ပီယံလိဂ်နှစ်ထပ်ထပ်ကွမ်းဟက်ထရစ်သွင်းပြီးစံချိန်သစ်ရေးထိုးနိုင်မဲ့အခွင့်အရေးလက်လွှတ်ခဲ့ရပါတယ်။
ယင်းနှင့်ပတ်သက်ပြီးအာလင်းဟာလန်းက “လူစားလဲခံရတုန်းကပက်(ဂွါဒီယိုလာ)ကိုနှစ်ထပ်ကွမ်းဟက်ထရစ်သွင်းချင်တယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ဘာများတတ်နိုင်မှာတုန်း”လို့ဟာသနှောပြောကြားသွားခဲ့ပါတယ်။
ZawGyi
လိုက္ဇစ္ႏွင့္ပြဲတြင္ ၅ ဂိုးသြင္းဖို႔အတြက္ ေဘာလုံးထိမႈ အႀကိမ္ ၃၀ သာ လိုအပ္ခဲ့တဲ့ အာလင္းဟာလန္း
အာလင္းဟာလန္းဟာမေန႔ညတုန္းကလိုက္ဇစ္ႏွင့္ပြဲတြင္၅ဂိုးအထိသြင္းယူခဲ့ေပမဲ့လည္းပြဲကစားခ်ိန္အတြင္းတြင္ေဘာလုံးထိမႈအႀကိမ္၃၀တည္းသာရွိခဲ့ပါတယ္။
အာလင္းဟာလန္းဟာမေန႔ညတုန္းကလိုက္ဇစ္ကိုမန္စီးတီးက၇-၀ဂိုးျဖင့္အႏိုင္ရခဲ့တဲ့ပြဲတြင္၃၅မိနစ္အတြင္း၅ဂိုးအထိသြင္းယူခဲ့ပါတယ္။
သူဟာပထမပိုင္းတြင္ဟက္ထရစ္သြင္းယူၿပီးေနာက္ဒုတိယပိုင္းတြင္စတုတၳဂိုးနဲ႔ပၪၥမဂိုးတို႔ကိုသြင္းယူခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့သူဟာ၅ဂိုးထိသြင္းယူႏိုင္ဖို႔အတြက္ေဘာလုံးထိမႈအႀကိမ္၃၀တည္းသာလိုအပ္ခဲ့ပါတယ္။ဒါကိုၾကည့္ျခင္းအားျဖင့္သူဟာဂိုးေရွ႕တြင္ဘယ္ေလာက္အႏၲရာယ္ႀကီးမားတယ္ဆိုတာျပသေနပါတယ္။ဒါ့အျပင္သူဟာဂိုးေပါက္ကန္ခ်က္၈ႀကိမ္ျပဳလုပ္ရာမွာ၅ဂိုးရခဲ့တာလည္းျဖစ္ပါတယ္။
သူဟာယခုအခါမန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၉ဂိုးအထိသြင္းထားႏိုင္ၿပီျဖစ္ၿပီးတစ္ပြဲပ်မ္းမွ်၁.၉ဂိုးႏႈန္းအထိသြင္းခဲ့ပါတယ္။သူဟာယခုရာသီသြင္းဂိုး၃၉ဂိုးအထိရွိသြားမႈႏွင့္အတူမန္စီးတီးသမိုင္းတြင္တစ္ရာသီတည္းဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ကစားသမားအျဖစ္သမိုင္းမွတ္တမ္းတြင္သြားခဲ့သလိုခ်န္ပီယံလိဂ္သမိုင္းတြင္လည္းဂိုး၃၀အျမန္ဆုံးျပည့္တဲ့ကစားသမားအျဖစ္လည္းေကာင္း၊ဂိုး၃၀ျပည့္သြင္းႏိုင္တဲ့အသက္အငယ္ဆုံးကစားသမားအျဖစ္လည္းေကာင္းသမိုင္းမွတ္တမ္းဝင္သြားခဲ့ပါတယ္။
ဒါေပမဲ့သူဟာပြဲမၿပီးမီဂြါဒီယိုလာရဲ႕လူစားလဲျခင္းခံရမႈႏွင့္အတူခ်န္ပီယံလိဂ္ႏွစ္ထပ္ထပ္ကြမ္းဟက္ထရစ္သြင္းၿပီးစံခ်ိန္သစ္ေရးထိုးႏိုင္မဲ့အခြင့္အေရးလက္လႊတ္ခဲ့ရပါတယ္။
ယင္းႏွင့္ပတ္သက္ၿပီးအာလင္းဟာလန္းက “လူစားလဲခံရတုန္းကပက္(ဂြါဒီယိုလာ)ကိုႏွစ္ထပ္ကြမ္းဟက္ထရစ္သြင္းခ်င္တယ္လို႔ေျပာခဲ့တယ္။ဒါေပမဲ့ဘာမ်ားတတ္ႏိုင္မွာတုန္း”လို႔ဟာသေႏွာေျပာၾကားသြားခဲ့ပါတယ္။