လိုက်ဇစ်နှင့်ပွဲ ပြီးခါနီးတွင် ရှင်းလင်းတဲ့ ပင်နယ်တီ မရရှိမှုအတွက် မန်စီးတီးပရိသတ်များ ပေါက်ကွဲ

မန်စီးတီးပရိသတ်များဟာမနေ့ညတုန်းကလိုက်ဇစ်နှင့်ပွဲစဉ်ရဲ့ပွဲပြီးခါနီးအချိန်တွင်ရှင်းလင်းတဲ့ပင်နယ်တီမရရှိခဲ့မှုအတွက်ဒေါသထွက်နေကြပါတယ်။

တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ပွဲပြီးခါနီးအချိန်တွင်လိုက်ဇစ်ရဲ့ဘင်ဂျာမင်ဟန်းရစ်ဟာပင်နယ်တီဧရိယာအတင်းလက်ထိဘောဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒိုင်လူကြီးကယင်းအဖြစ်အပျက်ကိုမတွေ့လိုက်ပါဘူး။ဒါကြောင့်လည်းမန်စီးတီးဟာပင်နယ်တီမရရှိပါဘူး။

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းပီတာဝယ်တွန်က VAR မှာအထက်ပါအဖြစ်အပျက်ကိုစစ်ဆေးခဲ့ခြင်းမရှိကြောင်းနှင့်ယင်းဖြစ်ရပ်မှာပင်နယ်တီပေးရမဲ့အဖြစ်အပျက်ဖြစ်ကြောင်းဆိုသွားပါတယ်။

၎င်းက “လက်ထိဘောဖြစ်သွားတယ်။လက်ကပုံမှန်မဟုတ်တဲ့နေရာမှာရှိတယ်။ဘယ်ရှုထောင့်ကပဲကြည့်ကြည့်လက်ထိဘောဆိုတာမြင်နိုင်တယ်။ဒါပေမဲ့VAR ကမစစ်ခဲ့ဘူး။ကျွန်တော့်ဆီမှာVAR ကစစ်ဆေးသမားဆိုတာသိနိုင်တဲ့မော်နီတာတစ်ခုရှိတယ်။ဒီအဖြစ်အပျက်ကိုတော့မစစ်ပါဘူး။အံ့ဩမိတယ်”လို့ပြောကြားသွားပါတယ်။

မနေ့ညကပွဲစဉ်တွင်မန်စီးတီးဟာပွဲချိန်၂၇မိနစ်မှာမရာ့ဇ်သွင်းယူတဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလိုက်ဇစ်ဟာဖန်တီးမှုအားကောင်းလာခဲ့ပြီးပွဲပြီးဖို့မိနစ်၂၀အလိုမှာဂဗာဒီယော်ကခေါင်းတိုက်ကာချေပဂိုးသွင်းယူခဲ့ပါတယ်။

ZawGyi

လိုက္ဇစ္ႏွင့္ပြဲ ၿပီးခါနီးတြင္ ရွင္းလင္းတဲ့ ပင္နယ္တီ မရရွိမႈအတြက္ မန္စီးတီးပရိသတ္မ်ား ေပါက္ကြဲ

မန္စီးတီးပရိသတ္မ်ားဟာမေန႔ညတုန္းကလိုက္ဇစ္ႏွင့္ပြဲစဥ္ရဲ႕ပြဲၿပီးခါနီးအခ်ိန္တြင္ရွင္းလင္းတဲ့ပင္နယ္တီမရရွိခဲ့မႈအတြက္ေဒါသထြက္ေနၾကပါတယ္။

တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္ရဲ႕ပြဲၿပီးခါနီးအခ်ိန္တြင္လိုက္ဇစ္ရဲ႕ဘင္ဂ်ာမင္ဟန္းရစ္ဟာပင္နယ္တီဧရိယာအတင္းလက္ထိေဘာျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဒိုင္လူႀကီးကယင္းအျဖစ္အပ်က္ကိုမေတြ႕လိုက္ပါဘူး။ဒါေၾကာင့္လည္းမန္စီးတီးဟာပင္နယ္တီမရရွိပါဘူး။

ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္းပီတာဝယ္တြန္က VAR မွာအထက္ပါအျဖစ္အပ်က္ကိုစစ္ေဆးခဲ့ျခင္းမရွိေၾကာင္းႏွင့္ယင္းျဖစ္ရပ္မွာပင္နယ္တီေပးရမဲ့အျဖစ္အပ်က္ျဖစ္ေၾကာင္းဆိုသြားပါတယ္။

၎က “လက္ထိေဘာျဖစ္သြားတယ္။လက္ကပုံမွန္မဟုတ္တဲ့ေနရာမွာရွိတယ္။ဘယ္ရႈေထာင့္ကပဲၾကည့္ၾကည့္လက္ထိေဘာဆိုတာျမင္ႏိုင္တယ္။ဒါေပမဲ့VAR ကမစစ္ခဲ့ဘူး။ကြၽန္ေတာ့္ဆီမွာVAR ကစစ္ေဆးသမားဆိုတာသိႏိုင္တဲ့ေမာ္နီတာတစ္ခုရွိတယ္။ဒီအျဖစ္အပ်က္ကိုေတာ့မစစ္ပါဘူး။အံ့ဩမိတယ္”လို႔ေျပာၾကားသြားပါတယ္။

မေန႔ညကပြဲစဥ္တြင္မန္စီးတီးဟာပြဲခ်ိန္၂၇မိနစ္မွာမရာ့ဇ္သြင္းယူတဲ့ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလိုက္ဇစ္ဟာဖန္တီးမႈအားေကာင္းလာခဲ့ၿပီးပြဲၿပီးဖို႔မိနစ္၂၀အလိုမွာဂဗာဒီေယာ္ကေခါင္းတိုက္ကာေခ်ပဂိုးသြင္းယူခဲ့ပါတယ္။