လိုက်ဇစ်နှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲကစားရန် လီဗာပူး ဂျာမနီသို့ပြည်ဝင်ခွင့်မရ

လီဗာပူးဟာချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမကျော့ပွဲစဉ်ကစားရန်လိုက်ဇစ်သို့သွားရောက်ခွင့်ဂျာမနီအစိုးရထံသို့ လျှောက်ထားမှုငြင်းပယ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ချန်ပီယံလိဂ်ဖလားခြောက်ကြိမ်ရလီဗာပူးဟာဖေဖော်ဝါရီလ၁၆ရက်နေ့မှာဂျာမန်ကလပ်လိုက်ဇစ်နှင့်ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်အားသွားရောက်ကစားရပါမယ်။

ဒါပေမယ့်ဂျာမနီအစိုးရကကိုဗစ်ကြောင့်ဗြိတိန်မှလေယာဉ်ဆိုက်ရောက်မှုအားဖေဖော်ဝါရီလ၁၇ရက်နေ့အထိပိတ်ပင်မှုပြုလုပ်ထားပါတယ်။လီဗာပူးနှင့်လိုက်ဇစ်တို့ဟာဂျာမနီသို့အားကစားပွဲအတွက်အထူးသွားလာခွင့်လျှောက်ထားမှုပြုလုပ်ခဲ့ပေမယ့်အစိုးရရဲ့ပယ်ချမှုခံခဲ့ရပါတယ်။

ဒါကြောင့်လည်းလိုက်ဇစ်နှင့်ကစားရမယ့်ချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်ကိုကြားကွင်းမှာကစားရ တော့မှာဖြစ်ပါတယ်။လိုက်ဇစ်ကကစားရမယ့်ကြားကွင်းကိုရှာဖွေရမှာဖြစ်ပါတယ်။

ဗြိတိန်မီဒီယာများကတော့လိုက်ဇစ်ဟာလန်ဒန်ရှိကွင်းတစ်ကွင်းတွင်ကစားရန်ရွေးချယ်လာနိုင်ကြောင်းဖော်ပြလျက်ရှိကြပါတယ်။

ZawGyi

လိုက္ဇစ္ႏွင့္ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲကစားရန္ လီဗာပူး ဂ်ာမနီသို႔ျပည္ဝင္ခြင့္မရ

လီဗာပူးဟာခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပထမေက်ာ့ပြဲစဥ္ကစားရန္လိုက္ဇစ္သို႔သြားေရာက္ခြင့္ဂ်ာမနီအစိုးရထံသို႔ ေလွ်ာက္ထားမႈျငင္းပယ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ခ်န္ပီယံလိဂ္ဖလားေျခာက္ႀကိမ္ရလီဗာပူးဟာေဖေဖာ္ဝါရီလ၁၆ရက္ေန႔မွာဂ်ာမန္ကလပ္လိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္အားသြားေရာက္ကစားရပါမယ္။

ဒါေပမယ့္ဂ်ာမနီအစိုးရကကိုဗစ္ေၾကာင့္ၿဗိတိန္မွေလယာဥ္ဆိုက္ေရာက္မႈအားေဖေဖာ္ဝါရီလ၁၇ရက္ေန႔အထိပိတ္ပင္မႈျပဳလုပ္ထားပါတယ္။လီဗာပူးႏွင့္လိုက္ဇစ္တို႔ဟာဂ်ာမနီသို႔အားကစားပြဲအတြက္အထူးသြားလာခြင့္ေလွ်ာက္ထားမႈျပဳလုပ္ခဲ့ေပမယ့္အစိုးရရဲ႕ပယ္ခ်မႈခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းလိုက္ဇစ္ႏွင့္ကစားရမယ့္ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္ကိုၾကားကြင္းမွာကစားရ ေတာ့မွာျဖစ္ပါတယ္။လိုက္ဇစ္ကကစားရမယ့္ၾကားကြင္းကိုရွာေဖြရမွာျဖစ္ပါတယ္။

ၿဗိတိန္မီဒီယာမ်ားကေတာ့လိုက္ဇစ္ဟာလန္ဒန္ရွိကြင္းတစ္ကြင္းတြင္ကစားရန္ေ႐ြးခ်ယ္လာႏိုင္ေၾကာင္းေဖာ္ျပလ်က္ရွိၾကပါတယ္။