
အာလင်းဟာလန်းကလိုက်ဇစ်ကို၇-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်ဂိုး၅ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်းယင်းဂိုး၅ဂိုးအားမည်သည့်အရာမှမစဉ်းစားဘဲကန်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားသွားပါတယ်။
နော်ဝေတိုက်စစ်မှူးဟာအင်္ဂါနေ့တုန်းကအီတီဟတ်ကွင်းတွင်မန်စီးတီးကလိုက်ဇစ်ကို၇-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာ၃၅မိနစ်အတွင်း၅ဂိုးသွင်းခဲ့သူလည်းဖြစ်ပါတယ်။
သူဟာယင်းဂိုး၅ဂိုးကြောင့်ယခုရာသီတွင်မန်စီးတီးအတွက်၃၅ပွဲကစားထားရာမှာ၃၉ဂိုးအထိသွင်းထားနိုင်ပြီဖြစ်ပါတယ်။
သူဟာ၉၄နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့တွမ်မီဂျွန်ဆင်ရဲ့မန်စီးတီးသမိုင်းတွင်တစ်ရာသီတည်းတွင်ဂိုးအများဆုံးသွင်းယူသူစံချိန်(၃၈ဂိုး)ကိုရာသီမကုန်ဆုံးမီရိုက်ချိုးနိုင်လိုက်ပြီဖြစ်ပါတယ်။
သူဟာယခုရာသီချန်ပီယံလိဂ်တွင်၉ဂိုးအထိရှိထားပြီဖြစ်ပြီးချန်ပီယံလိဂ်ဂိုးစုစုပေါင်း၃၃ဂိုးရှိသွားပြီဖြစ်ပါတယ်။သူဟာချန်ပီယံလိဂ်သမိုင်းတွင်ဂိုး၃၀အမြန်ဆုံးနှင့်အသက်အငယ်ဆုံးသွင်းနိုင်တဲ့ကစားသမားဖြစ်လာပါတယ်။
သူဟာလိုက်ဇစ်နှင့်ပွဲတွင်ဘောလုံးအကြိမ်၃၀တည်းသာထိခဲ့ပြီး၆၃မိနစ်တွင်လူစားလဲခြင်းခံခဲ့ရပါတယ်။တကယ်လို့များပွဲချိန်ပြည့်ကစားရမည်ဆိုပါကဟာလန်းကတစ်ပွဲတည်း၆ဂိုးသွင်းနိုင်လာဖို့ရှိပါတယ်။
ဟာလင်းဟာလန်းက “တကယ့်ကြီးကျယ်တဲ့ညပါ။ချန်ပီယံလိဂ်ကစားခွင့်ရတာအရမ်းဂုဏ်ယူတယ်လို့ပြောချင်တယ်။ဒီပြိုင်ပွဲကိုချစ်တယ်။အိမ်ကွင်းမှာ၇-၀ဂိုးနဲ့နိုင်ရာမှာ၅ဂိုးသွင်းနိုင်ခဲ့တယ်။အရမ်းပျော်တယ်။ဦးနှောက်ထဲမှာအားလုံးဝေဝေဝါးဝါးပဲ။ဂိုးတွေနဲ့ပတ်သက်ပြီးဘာမှမမှတ်မိဘူး။ဘာမှမစဉ်းစားဘဲဒီအတိုင်းပဲကြည့်လိုက်တာ”လို့ပြောကြားသွားပါတယ်။
ZawGyi
လိုက္ဇစ္ပြဲစဥ္မွ ဂိုး ၅ ဂိုးကို ဘာမွ မစဥ္းစားဘဲ ကန္ခဲ့ျခင္းျဖစ္ေၾကာင္း အာလင္းဟာလန္းဖြင့္ဟလာ
အာလင္းဟာလန္းကလိုက္ဇစ္ကို၇-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္ဂိုး၅ဂိုးသြင္းႏိုင္ခဲ့ေပမဲ့လည္းယင္းဂိုး၅ဂိုးအားမည္သည့္အရာမွမစဥ္းစားဘဲကန္ခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။
ေနာ္ေဝတိုက္စစ္မႉးဟာအဂၤါေန႔တုန္းကအီတီဟတ္ကြင္းတြင္မန္စီးတီးကလိုက္ဇစ္ကို၇-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာ၃၅မိနစ္အတြင္း၅ဂိုးသြင္းခဲ့သူလည္းျဖစ္ပါတယ္။
သူဟာယင္းဂိုး၅ဂိုးေၾကာင့္ယခုရာသီတြင္မန္စီးတီးအတြက္၃၅ပြဲကစားထားရာမွာ၃၉ဂိုးအထိသြင္းထားႏိုင္ၿပီျဖစ္ပါတယ္။
သူဟာ၉၄ႏွစ္ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့တြမ္မီဂြၽန္ဆင္ရဲ႕မန္စီးတီးသမိုင္းတြင္တစ္ရာသီတည္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္(၃၈ဂိုး)ကိုရာသီမကုန္ဆုံးမီ႐ိုက္ခ်ိဳးႏိုင္လိုက္ၿပီျဖစ္ပါတယ္။
သူဟာယခုရာသီခ်န္ပီယံလိဂ္တြင္၉ဂိုးအထိရွိထားၿပီျဖစ္ၿပီးခ်န္ပီယံလိဂ္ဂိုးစုစုေပါင္း၃၃ဂိုးရွိသြားၿပီျဖစ္ပါတယ္။သူဟာခ်န္ပီယံလိဂ္သမိုင္းတြင္ဂိုး၃၀အျမန္ဆုံးႏွင့္အသက္အငယ္ဆုံးသြင္းႏိုင္တဲ့ကစားသမားျဖစ္လာပါတယ္။
သူဟာလိုက္ဇစ္ႏွင့္ပြဲတြင္ေဘာလုံးအႀကိမ္၃၀တည္းသာထိခဲ့ၿပီး၆၃မိနစ္တြင္လူစားလဲျခင္းခံခဲ့ရပါတယ္။တကယ္လို႔မ်ားပြဲခ်ိန္ျပည့္ကစားရမည္ဆိုပါကဟာလန္းကတစ္ပြဲတည္း၆ဂိုးသြင္းႏိုင္လာဖို႔ရွိပါတယ္။
ဟာလင္းဟာလန္းက “တကယ့္ႀကီးက်ယ္တဲ့ညပါ။ခ်န္ပီယံလိဂ္ကစားခြင့္ရတာအရမ္းဂုဏ္ယူတယ္လို႔ေျပာခ်င္တယ္။ဒီၿပိဳင္ပြဲကိုခ်စ္တယ္။အိမ္ကြင္းမွာ၇-၀ဂိုးနဲ႔ႏိုင္ရာမွာ၅ဂိုးသြင္းႏိုင္ခဲ့တယ္။အရမ္းေပ်ာ္တယ္။ဦးေႏွာက္ထဲမွာအားလုံးေဝေဝဝါးဝါးပဲ။ဂိုးေတြနဲ႔ပတ္သက္ၿပီးဘာမွမမွတ္မိဘူး။ဘာမွမစဥ္းစားဘဲဒီအတိုင္းပဲၾကည့္လိုက္တာ”လို႔ေျပာၾကားသြားပါတယ္။