လိုက်ဇစ်ဗဟိုနောက်ခံလူကိုနိုတ်ကို ပေါင်၃၆သန်းဖြင့် လီဗာပူးအသင်းခေါ်ယူ

လီဗာပူးဟာလိုက်ဇစ်နောက်ခံလူအိုင်ဘရာဟမ်ကိုနိုတ်အားစာချုပ်ပါအချက်အတိုင်းပေါင်၃၆သန်းဖြင့်ခေါ်ယူအားဖြည့်လိုက်ပါတယ်။

ဂျာမန်လူမျိုးနည်းပြဂျာဂင်ကလော့ပ်ဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကခံစစ်ပြဿနာကြောင့်ရုန်းကန်ခဲ့ရမှုနဲ့အတူယခုနွေရာသီတွင်ပထမဆုံးခေါ်ယူအားဖြည့်မှုအနေဖြင့်ဗဟိုခံစစ်မှူးအားခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့နှစ်နွေတုန်းကဒီဂျန်လော့ဗ်ရန်ကိုရောင်းချခဲ့ပြီးနောက်ဗန်ဒိုက်အပါအဝင်အဓိကခံစစ်သမားတို့ကာလရှည်ကြာအနားယူခဲ့ရကာရလဒ်ဆိုးရွားမှုများကြုံခဲ့ပါတယ်။

ယခုအခါမှာတော့လီဗာပူးဟာခံစစ်ပြဿနာကိုဖြေရှင်းနိုင်ရေးအတွက်လိုက်ဇစ်မှကိုနိုက်ကိုခေါ်ယူကာဖြေရှင်းလာပါတယ်။

အသက်၂၂နှစ်ရှိကိုနိုက်ဟာယခုရာသီမှာဘွန်ဒက်စ်လီဂါတွင်၈ပွဲပွဲထွက်ကစားမှုအပါအဝင်လိုက်ဇစ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၁ပွဲကစားခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ပြင်သစ်ယူ-၂၁လက်ရွေးစင်က “လီဗာပူးလိုကြီးကျယ်တဲ့ကလပ်တစ်ခုသို့ပြောင်းခွင့်ရတဲ့အတွက်အရမ်းဝမ်းသာပါတယ်။ကျွန်တော်နဲ့မိသားစုအတွက်အရမ်းစိတ်လှုပ်ရှားရတဲ့ကာလပါ။ကစားဖော်သစ်တွေ၊ဝန်ထမ်းတွေတွေနဲ့တွေ့ဆုံပြီးစာမျက်နှာသစ်စတင်ဖို့စိတ်လှုပ်ရှားနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာဇန်နဝါရီတုန်းကရှော်လ်ကေးမှအငှားဖြင့်လာရောက်ကစားနေတဲ့အိုဇန်ခါဘစ်ခ်ကိုအပြီးသတ်ခေါ်ယူမှုပြုလုပ်သွားမှာမဟုတ်ပါဘူး။

ZawGyi

လိုက္ဇစ္ဗဟိုေနာက္ခံလူကိုႏိုတ္ကို ေပါင္၃၆သန္းျဖင့္ လီဗာပူးအသင္းေခၚယူ

လီဗာပူးဟာလိုက္ဇစ္ေနာက္ခံလူအိုင္ဘရာဟမ္ကိုႏိုတ္အားစာခ်ဳပ္ပါအခ်က္အတိုင္းေပါင္၃၆သန္းျဖင့္ေခၚယူအားျဖည့္လိုက္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကခံစစ္ျပႆနာေၾကာင့္႐ုန္းကန္ခဲ့ရမႈနဲ႔အတူယခုေႏြရာသီတြင္ပထမဆုံးေခၚယူအားျဖည့္မႈအေနျဖင့္ဗဟိုခံစစ္မႉးအားေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကဒီဂ်န္ေလာ့ဗ္ရန္ကိုေရာင္းခ်ခဲ့ၿပီးေနာက္ဗန္ဒိုက္အပါအဝင္အဓိကခံစစ္သမားတို႔ကာလရွည္ၾကာအနားယူခဲ့ရကာရလဒ္ဆိုး႐ြားမႈမ်ားႀကဳံခဲ့ပါတယ္။

ယခုအခါမွာေတာ့လီဗာပူးဟာခံစစ္ျပႆနာကိုေျဖရွင္းႏိုင္ေရးအတြက္လိုက္ဇစ္မွကိုႏိုက္ကိုေခၚယူကာေျဖရွင္းလာပါတယ္။

အသက္၂၂ႏွစ္ရွိကိုႏိုက္ဟာယခုရာသီမွာဘြန္ဒက္စ္လီဂါတြင္၈ပြဲပြဲထြက္ကစားမႈအပါအဝင္လိုက္ဇစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၁ပြဲကစားခြင့္ရရွိခဲ့သူလည္းျဖစ္ပါတယ္။

ျပင္သစ္ယူ-၂၁လက္ေ႐ြးစင္က “လီဗာပူးလိုႀကီးက်ယ္တဲ့ကလပ္တစ္ခုသို႔ေျပာင္းခြင့္ရတဲ့အတြက္အရမ္းဝမ္းသာပါတယ္။ကြၽန္ေတာ္နဲ႔မိသားစုအတြက္အရမ္းစိတ္လႈပ္ရွားရတဲ့ကာလပါ။ကစားေဖာ္သစ္ေတြ၊ဝန္ထမ္းေတြေတြနဲ႔ေတြ႕ဆုံၿပီးစာမ်က္ႏွာသစ္စတင္ဖို႔စိတ္လႈပ္ရွားေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လီဗာပူးဟာဇန္နဝါရီတုန္းကေရွာ္လ္ေကးမွအငွားျဖင့္လာေရာက္ကစားေနတဲ့အိုဇန္ခါဘစ္ခ္ကိုအၿပီးသတ္ေခၚယူမႈျပဳလုပ္သြားမွာမဟုတ္ပါဘူး။