လိုင်စင်နှင့်အာမခံမရှိဘဲLamborghiniကိုမောင်းနှင်မှုကြောင့် မန်စီးတီးစတားမင်ဒီဒဏ်ရိုက်ခံရ

မန်စီးတီးစတားဘင်ဂျာမင်မင်ဒီဟာပေါင်၄၇၅၀၀၀တန်Lamborghiniကိုလိုင်စင်(သို့မဟုတ်)အာမခံမရှိဘဲ မောင်းနှင်မှုကြောင့်ပေါင်၁၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

မိုနာကိုမှပေါင်၅၂သန်းဖြင့်ပြောင်းလာခဲ့တဲ့မင်ဒီဟာလွန်ခဲ့တဲ့လအနည်းငယ်ခန့်တုန်းကအဖြူရောင် Lamborghini ကိုလိုင်စင်(သို့မဟုတ်)အာမခံမရှိဘဲမောင်းနှင်မှုဖြင့်ရဲတပ်ဖွဲ့ရဲ့သိမ်းဆည်းခြင်းခံခဲ့ရပါတယ်။

သူ့ရဲ့Lamborghini က သုံးစက္ကန့်အောက်တွင်တစ်နာရီလျှင်မိုင်၆၀နှုန်းဖြင့်မောင်းနှင်နိုင်တဲ့အထိမောင်းနှင်နိုင်စွမ်း ရှိပါတယ်။သူဟာနိုဝင်ဘာလ၁၅ရက်နေ့တုန်းကချီရှိုင်းယားတွင်ရဲတပ်ဖွဲ့ရဲ့တားဆီးစစ်ဆေးမှုခံခဲ့ရပြီးစာရွက်စာ တမ်းအထောက်အထားပြသနိုင်ခြင်းမရှိမှုနဲ့အတူကားအသိမ်းခံခဲ့ရပါတယ်။

မင်ဒီဟာ၂၀၁၇ခုနှစ်တုန်းကမန်စီးတီးသို့ပြောင်းခဲ့သူဖြစ်ပြီးLamborghini ကိုပြင်သစ်တွင်ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့Lamborghini က Aventador S ဖြစ်ပြီးတစ်ကမ္ဘာလုံးတွင်အစီး၉၀၀သာရှိတဲ့ကားလည်းဖြစ်ပါတယ်။

ZawGyi

လိုင္စင္ႏွင့္အာမခံမရွိဘဲLamborghiniကိုေမာင္းႏွင္မႈေၾကာင့္ မန္စီးတီးစတားမင္ဒီဒဏ္႐ိုက္ခံရ

မန္စီးတီးစတားဘင္ဂ်ာမင္မင္ဒီဟာေပါင္၄၇၅၀၀၀တန္Lamborghiniကိုလိုင္စင္(သို႔မဟုတ္)အာမခံမရွိဘဲ ေမာင္းႏွင္မႈေၾကာင့္ေပါင္၁၀၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

မိုနာကိုမွေပါင္၅၂သန္းျဖင့္ေျပာင္းလာခဲ့တဲ့မင္ဒီဟာလြန္ခဲ့တဲ့လအနည္းငယ္ခန႔္တုန္းကအျဖဴေရာင္ Lamborghini ကိုလိုင္စင္(သို႔မဟုတ္)အာမခံမရွိဘဲေမာင္းႏွင္မႈျဖင့္ရဲတပ္ဖြဲ႕ရဲ႕သိမ္းဆည္းျခင္းခံခဲ့ရပါတယ္။

သူ႔ရဲ႕Lamborghini က သုံးစကၠန႔္ေအာက္တြင္တစ္နာရီလွ်င္မိုင္၆၀ႏႈန္းျဖင့္ေမာင္းႏွင္ႏိုင္တဲ့အထိေမာင္းႏွင္ႏိုင္စြမ္း ရွိပါတယ္။သူဟာႏိုဝင္ဘာလ၁၅ရက္ေန႔တုန္းကခ်ီရႈိင္းယားတြင္ရဲတပ္ဖြဲ႕ရဲ႕တားဆီးစစ္ေဆးမႈခံခဲ့ရၿပီးစာ႐ြက္စာ တမ္းအေထာက္အထားျပသႏိုင္ျခင္းမရွိမႈနဲ႔အတူကားအသိမ္းခံခဲ့ရပါတယ္။

မင္ဒီဟာ၂၀၁၇ခုႏွစ္တုန္းကမန္စီးတီးသို႔ေျပာင္းခဲ့သူျဖစ္ၿပီးLamborghini ကိုျပင္သစ္တြင္ဝယ္ယူခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕Lamborghini က Aventador S ျဖစ္ၿပီးတစ္ကမာၻလုံးတြင္အစီး၉၀၀သာရွိတဲ့ကားလည္းျဖစ္ပါတယ္။