လိုင်ယွန်စတားအူအာအတွက် အာဆင်နယ်နှင့်စပါးစ်တို့ အပြောင်းအရွှေ့တိုက်ပွဲဖြစ်နေ

ခါးသီးလှတဲ့မြောက်လန်ဒန်ပြိုင်ဘက်များဖြစ်တဲ့အာဆင်နယ်နှင့်စပါးစ်တို့ဟာလိုင်ယွန်ကွင်းလယ်ဖန်တီးရှင်ဟူဆမ်အူအာကို စာချုပ်ချုပ်ဆိုနိုင်ရေးအတွက်တိုက်ပွဲဝင်လျက်ရှိကြပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာ၂၅နှစ်တာကာလအတွင်းပထမဆုံးအကြိမ်အဖြစ်ဥရောပပြိုင်ပွဲဝင်ခွင့်မရခဲ့ပြီးနောက်လာမယ့်ရာသီတွင်ပရီးမီးယားလိဂ်တွင်အောင်မြင်မှုရရှိရန်အသင်းကိုတည်ဆောက်ခွင့်ရရှိထားပြီးအပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၂၅၀အထိရရှိထားပါတယ်။

အာတီတာခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့သူများထဲမှတစ်ဦးကပြင်သစ်အလယ်တန်းကစားသမားအူဘာလည်းပါဝင်ပါတယ်။အူဘာဟာလိုင်ယွန်နှင့်၂၀၂၃ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးယခုနွေတွင်လိုင်ယွန်မှထွက်ခွာရန်သေချာနေသူဖြစ်ပါတယ်။

အူအာရဲ့အစ်ကိုဖြစ်တဲ့အပြင်အေးဂျင့်ဖြစ်သူဟာလန်ဒန်သို့ရောက်ရှိနေပြီးအာဆင်နယ်၊စပါးစ်တို့မှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများပြုလုပ်နေပါတယ်။

အာဆင်နယ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကအူအာကိုခေါ်ယူရန်ပေါင်၂၅သန်းဖြင့်ကမ်းလှမ်းခဲ့သော်လည်းလိုင်ယွန်ကပေါင်၅၅သန်းအထိရရှိလိုမှုနဲ့အတူ အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။

ယခုနွေမှာတော့လိုင်ယွန်ဟာအူအာကိုဈေးနှုန်းလျှော့ချရောင်းချသွားမှာဖြစ်ပြီးပေါင်၂၅သန်းဝန်းကျင်ဖြင့်ရောင်းချဖို့ရှိပါတယ်။

ZawGyi

လိုင္ယြန္စတားအူအာအတြက္ အာဆင္နယ္ႏွင့္စပါးစ္တို႔ အေျပာင္းအေ႐ႊ႕တိုက္ပြဲျဖစ္ေန

ခါးသီးလွတဲ့ေျမာက္လန္ဒန္ၿပိဳင္ဘက္မ်ားျဖစ္တဲ့အာဆင္နယ္ႏွင့္စပါးစ္တို႔ဟာလိုင္ယြန္ကြင္းလယ္ဖန္တီးရွင္ဟူဆမ္အူအာကို စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္တိုက္ပြဲဝင္လ်က္ရွိၾကပါတယ္။

အာဆင္နယ္နည္းျပအာတီတာဟာ၂၅ႏွစ္တာကာလအတြင္းပထမဆုံးအႀကိမ္အျဖစ္ဥေရာပၿပိဳင္ပြဲဝင္ခြင့္မရခဲ့ၿပီးေနာက္လာမယ့္ရာသီတြင္ပရီးမီးယားလိဂ္တြင္ေအာင္ျမင္မႈရရွိရန္အသင္းကိုတည္ေဆာက္ခြင့္ရရွိထားၿပီးအေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္သန္း၂၅၀အထိရရွိထားပါတယ္။

အာတီတာေခၚယူဖို႔ပစ္မွတ္ထားေနတဲ့သူမ်ားထဲမွတစ္ဦးကျပင္သစ္အလယ္တန္းကစားသမားအူဘာလည္းပါဝင္ပါတယ္။အူဘာဟာလိုင္ယြန္ႏွင့္၂၀၂၃ခုႏွစ္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးယခုေႏြတြင္လိုင္ယြန္မွထြက္ခြာရန္ေသခ်ာေနသူျဖစ္ပါတယ္။

အူအာရဲ႕အစ္ကိုျဖစ္တဲ့အျပင္ေအးဂ်င့္ျဖစ္သူဟာလန္ဒန္သို႔ေရာက္ရွိေနၿပီးအာဆင္နယ္၊စပါးစ္တို႔မွတာဝန္ရွိသူမ်ားႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနပါတယ္။

အာဆင္နယ္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကအူအာကိုေခၚယူရန္ေပါင္၂၅သန္းျဖင့္ကမ္းလွမ္းခဲ့ေသာ္လည္းလိုင္ယြန္ကေပါင္၅၅သန္းအထိရရွိလိုမႈနဲ႔အတူ အေျပာင္းအေ႐ႊ႕မျဖစ္ခဲ့ပါဘူး။

ယခုေႏြမွာေတာ့လိုင္ယြန္ဟာအူအာကိုေဈးႏႈန္းေလွ်ာ့ခ်ေရာင္းခ်သြားမွာျဖစ္ၿပီးေပါင္၂၅သန္းဝန္းက်င္ျဖင့္ေရာင္းခ်ဖို႔ရွိပါတယ္။