လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီကို အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် အက်သလက်တီကို အငှားဖြင့်ခေါ်ယူ

အက်သလက်တီကိုဟာလိုင်ယွန်တိုက်စစ်သမားမူဆာဒမ်ဘီလီကိုအပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်အငှားဖြင့် ခေါ်ယူလိုက်ပါတယ်။

လာလီဂါထိပ်သီးကလပ်ဟာဒမ်ဘီလီအတွက်ငှားရမ်းခအဖြစ်လိုင်ယွန်ထံသို့ယူရို၁.၅သန်းပေးရမှာဖြစ်ပြီးရာသီအ ကုန်မှာအပြီးသတ်ခေါ်ယူဖို့အတွက်ယူရို၃၃.၅သန်းထပ်မံပေးရပါမယ်။

ပြင်သစ်တိုက်စစ်သမားဟာ၂၀၁၈ခုနှစ်၊စက်တင်ဘာလမှာဆဲလ်တစ်မှလိုင်ယွန်သို့ရောက်လာပြီးနောက် ပြိုင်ပွဲအ ရပ်ရပ်တွင်၄၅ဂိုးသွင်းယူထားနိုင်ပါတယ်။အက်သလက်တီကိုဟာယခုလအစောပိုင်းတုန်းကစာချုပ်ဖျက်သိမ်းကာ ထွက်ခွာခွင့်ပေးလိုက်တဲ့ဒီယေဂိုကော့စတာနေရာမှာအစားထိုးဖို့သူ့ကိုခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

လိုင်ယွန်ဟာလည်းအက်သလက်တီကိုသို့ထွက်ခွာသွားတဲ့ဒမ်ဘီလီရဲ့နေရာမှာလက်စတာနှင့်စာချုပ်ဖျက်သိမ်းကာ ထွက်ခွာလာတဲ့ဆလာမာနီကိုအစားထိုးခေါ်ယူလိုက်ပါတယ်။ဆလာမာနီဟာ၂၀၁၆ခုနှစ်၊စက်တင်ဘာလမှာလက်စ တာသို့ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးယူရို၂၈သန်းဖြင့်ပြောင်းလာပြီးနောက်ရုန်းကန်နေရသူဖြစ်ပြီးခြောက်လကျန်စာချုပ်အားဖျက်သိမ်းကာလိုင်ယွန်သို့ပြောင်းခဲ့ပါတယ်။

ZawGyi

လိုင္ယြန္တိုက္စစ္မႉးဒမ္ဘီလီကို အၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္ အက္သလက္တီကို အငွားျဖင့္ေခၚယူ

အက္သလက္တီကိုဟာလိုင္ယြန္တိုက္စစ္သမားမူဆာဒမ္ဘီလီကိုအၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္အငွားျဖင့္ ေခၚယူလိုက္ပါတယ္။

လာလီဂါထိပ္သီးကလပ္ဟာဒမ္ဘီလီအတြက္ငွားရမ္းခအျဖစ္လိုင္ယြန္ထံသို႔ယူ႐ို၁.၅သန္းေပးရမွာျဖစ္ၿပီးရာသီအ ကုန္မွာအၿပီးသတ္ေခၚယူဖို႔အတြက္ယူ႐ို၃၃.၅သန္းထပ္မံေပးရပါမယ္။

ျပင္သစ္တိုက္စစ္သမားဟာ၂၀၁၈ခုႏွစ္၊စက္တင္ဘာလမွာဆဲလ္တစ္မွလိုင္ယြန္သို႔ေရာက္လာၿပီးေနာက္ ၿပိဳင္ပြဲအ ရပ္ရပ္တြင္၄၅ဂိုးသြင္းယူထားႏိုင္ပါတယ္။အက္သလက္တီကိုဟာယခုလအေစာပိုင္းတုန္းကစာခ်ဳပ္ဖ်က္သိမ္းကာ ထြက္ခြာခြင့္ေပးလိုက္တဲ့ဒီေယဂိုေကာ့စတာေနရာမွာအစားထိုးဖို႔သူ႔ကိုေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

လိုင္ယြန္ဟာလည္းအက္သလက္တီကိုသို႔ထြက္ခြာသြားတဲ့ဒမ္ဘီလီရဲ႕ေနရာမွာလက္စတာႏွင့္စာခ်ဳပ္ဖ်က္သိမ္းကာ ထြက္ခြာလာတဲ့ဆလာမာနီကိုအစားထိုးေခၚယူလိုက္ပါတယ္။ဆလာမာနီဟာ၂၀၁၆ခုႏွစ္၊စက္တင္ဘာလမွာလက္စ တာသို႔ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၂၈သန္းျဖင့္ေျပာင္းလာၿပီးေနာက္႐ုန္းကန္ေနရသူျဖစ္ၿပီးေျခာက္လက်န္စာခ်ဳပ္အားဖ်က္သိမ္းကာလိုင္ယြန္သို႔ေျပာင္းခဲ့ပါတယ္။