လိုင်ယွန်သို့ သုံးနှစ်စာချုပ်ဖြင့် လီဗာပူးစတားရှာကီရီပြောင်းရွှေ့

ဇာဒန်ရှာကီရီရဲ့လီဗာပူးနေ့ရက်များအဆုံးသတ်သွားပြီဖြစ်ပါတယ်။ရှာကီရီဟာလိုင်ယန်သို့ပြောင်းရွှေ့ကြေးပေါင်၉.၅သန်းဖြင့်သုံးနှစ်စာချုပ်ဖြင့်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိရှာကီရီဟာတနင်္ဂနွေနေ့တုန်းကလီဗာပူးမှလိုင်ယွန်သို့ပြောင်းဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးယခုအခါအပြောင်းအရွှေ့အပြီးသတ်လိုက်ပြီဖြစ်ပါတယ်။

ရှာကီရီဟာယခုရာသီတွင်လီဗာပူးနည်းပြကလော့ပ်ရဲ့အစီအစဉ်တွင်မပါဝင်မှုနဲ့အတူလီဗာပူးရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲတွင်ကစားခွင့်မရခဲ့ပါဘူး။

ရှာကီရီဟာလီဗာပူးနှင့်အတူပရီးမီးယားလိဂ်ဖလားနှင့်ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင်လီဗာပူးဟာအသက်၂၁နှစ်ရှိဝေးလ်အလယ်တန်းကစားသမားဘင်ဝုဒ်ဘန်းကိုစကော့တလန်ကလပ်ဟတ်သို့တစ်ရာသီအငှားချခဲ့ပါတယ်။

ZawGyi





