
ပြင်သစ်ထိပ်သီး OGC နိုက်စ်အသင်းကို OGC Naughty လို့အမည်ပြောင်းရတော့မှာဖြစ်ပါတယ်။
လီဂူး၁ပွဲတစ်ပွဲမှာသူတို့ရဲ့ကွင်းအတွင်းမှာအပြာကားရိုက်ကူးခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
RMC Sport ကဇန်နဝါရီလ၂၉ရက်နေ့တုန်းကလိုင်လီကိုနိုက်စ်က၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာအိမ်သာအခန်းထဲမှာအပြာကားရိုက်ကူးသွားကြတာဖြစ်ပါတယ်။
နိုက်စ်အသင်းကိုယူနိုက်တက်ကိုဝယ်ယူဖို့ကြိုးပမ်းနေတဲ့ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်ဆာဂျမ်ရက်ကလစ်ဖ်ကပိုင်ဆိုင်တာဖြစ်ပြီးယင်းအပြာကားမှာလူမှုကွန်ယက်တွင်ထွက်ပေါ်လာပြီးနောက် တိုင်ကြားမှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။
Nice Eco Stadium ကပရိသတ်၃၅၀၀၀ဆန့်ကွင်းဖြစ်ပြီးကွင်းရဲ့ပုံရိပ်ညှိုးနွမ်းစေမှုအတွက်အမှုဖွင့်လာတာလည်းဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်အပြာကားကအသင်းအတွက်ကံကောင်းမှုတွေယူဆောင်လာတယ်လို့တော့ပြောရပါမယ်။နိုက်စ်ဟာအထက်ပါအဖြစ်အပျက်ဖြစ်ပျက်ပြီးနောက်နောက်ဆုံးသုံးပွဲဆက်နိုင်ပွဲရရှိထားပါတယ်။
ယခုအခါ၎င်းတို့ဟာလီဂူး၁ထိပ်ဆုံးခြောက်သင်းစာရင်းနားသို့ကပ်နိုင်ပြီဖြစ်ပါတယ်။
တဖက်တွင်အသင်းပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာလည်းယူနိုက်တက်ကိုဝယ်ယူနိုင်ရေးခြေတစ်လှမ်းအလိုသို့ရောက်နေပါတယ်။
ZawGyi
လိုင်လီကို အနိုင်ရတဲ့ပွဲတွင် ကွင်းအတွင်း အပြာကားရိုက်ကူးခံရမှုကြောင့် ဒေါသထွက်နေတဲ့ နိုက်စ်