
ကိုင်လီယန်ဘက်ပေးဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်ပီအက်စ်ဂျီအတွက်ပထမဆုံးပွဲထွက်ပြန်ကစားနိုင်တဲ့ပွဲစဉ်တွင်အံ့ဩသင့်စရာကောင်းတဲ့တကိုယ်တော်အစွမ်းဂိုးကိုသွင်းယူခဲ့ပါတယ်။
လီဂူး၁ကိုဦးဆောင်နေတဲ့ပီအက်စ်ဂျီဟာမနေ့ညတုန်းကParc des Princes တွင်လိုင်လီကိုဧည့်ခံကစားခဲ့ရပါတယ်။
သူဟာတံကောက်ကြောဒဏ်ရာကြောင့်တူးလော့စ်၊မိုနာကိုတို့အားရှုံးနိမ့်တဲ့ပွဲစဉ်များကိုလွဲချော်ခဲ့ပြီးကြားရက်တုန်းကဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်တဲ့ပွဲတွင်အရန်အဖြစ်ဝင်ကစားခဲ့ပါတယ်။
သူဟာလိုင်လီနှင့်ပွဲတွင်ပီအက်စ်ဂျီပွဲထွက်လူစာရင်းတွင်ပြန်လည်ပါဝင်လာနိုင်ပြီးတဲ့နောက်ပွဲ၁၁မိနစ်မှာလိုင်လီနောက်ခံလူတွေကိုလှပတဲ့ပဥ္စလက်လှည့်ကွက်ဖြင့်ကျော်ဖြတ်ပြီးလှပတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။
ဘက်ပေးဟာလိုင်လီနောက်ခံလူတွေဖြစ်ကြတဲ့ဘာဖိုဒီဒိုင်ယာကိတ်နှင့်တီယာဂိုဒီဂျာလိုတို့ပိတ်ဆို့နေတဲ့ကြားမှာလှပတဲ့ပဥ္စလက်ကွက်ဖြင့်ကျော်ဖြတ်ပြီးဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
ဘက်ပေးကဦးဆောင်ဂိုးသွင်းယူပြီးနောက်၆မိနစ်အကြာတွင်နေမာကထပ်မံဂိုးသွင်းခဲ့လို့ပွဲအစ၁၇မိနစ်မှာပီအက်စ်ဂျီတို့၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ပွဲချိန်၂၄မိနစ်မှာဒိုင်ယာကိတ်ကလိုင်လီအတွက်ပထမချေပဂိုးသွင်းခဲ့ပြီးဂျိုနသန်ဒေးဗစ်ဘက်၅၈မိနစ်မှာပင်နယ်တီကနေဒုတိယချေပဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်လိုင်လီဟာပွဲ၆၉မိနစ်မှာဘမ်ဘာရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြန်ပါတယ်။
ဒါပေမဲ့လည်းပွဲချိန်၈၉မိနစ်မှာဘက်ပေးကပင်ချေပဂိုးသွင်းခဲ့ပြီးနာကျင်အချိန်ပိုမှာမက်ဆီကဖရီးကစ်ကနေအနိုင်ဂိုးသွင်းခဲ့လို့ပီအက်စ်ဂျီတို့၄-၃ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ZawGyi
လိုင္လီကို အႏိုင္ရတဲ့ပြဲတြင္ အံ့ဩသင့္စရာေကာင္းတဲ့ တကိုယ္ေတာ္အစြမ္းဂိုး သြင္းယူခဲ့တဲ့ ကိုင္လီယန္ဘက္ေပး
ကိုင္လီယန္ဘက္ေပးဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္ပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲထြက္ျပန္ကစားႏိုင္တဲ့ပြဲစဥ္တြင္အံ့ဩသင့္စရာေကာင္းတဲ့တကိုယ္ေတာ္အစြမ္းဂိုးကိုသြင္းယူခဲ့ပါတယ္။
လီဂူး၁ကိုဦးေဆာင္ေနတဲ့ပီအက္စ္ဂ်ီဟာမေန႔ညတုန္းကParc des Princes တြင္လိုင္လီကိုဧည့္ခံကစားခဲ့ရပါတယ္။
သူဟာတံေကာက္ေၾကာဒဏ္ရာေၾကာင့္တူးေလာ့စ္၊မိုနာကိုတို႔အားရႈံးနိမ့္တဲ့ပြဲစဥ္မ်ားကိုလြဲေခ်ာ္ခဲ့ၿပီးၾကားရက္တုန္းကဘိုင္ယန္ျမဴးနစ္ကိုရႈံးနိမ့္တဲ့ပြဲတြင္အရန္အျဖစ္ဝင္ကစားခဲ့ပါတယ္။
သူဟာလိုင္လီႏွင့္ပြဲတြင္ပီအက္စ္ဂ်ီပြဲထြက္လူစာရင္းတြင္ျပန္လည္ပါဝင္လာႏိုင္ၿပီးတဲ့ေနာက္ပြဲ၁၁မိနစ္မွာလိုင္လီေနာက္ခံလူေတြကိုလွပတဲ့ပၪၥလက္လွည့္ကြက္ျဖင့္ေက်ာ္ျဖတ္ၿပီးလွပတဲ့ဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။
ဘက္ေပးဟာလိုင္လီေနာက္ခံလူေတြျဖစ္ၾကတဲ့ဘာဖိုဒီဒိုင္ယာကိတ္ႏွင့္တီယာဂိုဒီဂ်ာလိုတို႔ပိတ္ဆို႔ေနတဲ့ၾကားမွာလွပတဲ့ပၪၥလက္ကြက္ျဖင့္ေက်ာ္ျဖတ္ၿပီးဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။
ဘက္ေပးကဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္၆မိနစ္အၾကာတြင္ေနမာကထပ္မံဂိုးသြင္းခဲ့လို႔ပြဲအစ၁၇မိနစ္မွာပီအက္စ္ဂ်ီတို႔၂-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ပြဲခ်ိန္၂၄မိနစ္မွာဒိုင္ယာကိတ္ကလိုင္လီအတြက္ပထမေခ်ပဂိုးသြင္းခဲ့ၿပီးဂ်ိဳနသန္ေဒးဗစ္ဘက္၅၈မိနစ္မွာပင္နယ္တီကေနဒုတိယေခ်ပဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္လိုင္လီဟာပြဲ၆၉မိနစ္မွာဘမ္ဘာရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ျပန္ပါတယ္။
ဒါေပမဲ့လည္းပြဲခ်ိန္၈၉မိနစ္မွာဘက္ေပးကပင္ေခ်ပဂိုးသြင္းခဲ့ၿပီးနာက်င္အခ်ိန္ပိုမွာမက္ဆီကဖရီးကစ္ကေနအႏိုင္ဂိုးသြင္းခဲ့လို႔ပီအက္စ္ဂ်ီတို႔၄-၃ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။