လိုအပ်ချက်မပြည့်စုံမှုကြောင့် မန်စီးတီးရဲ့အမေရိကန်ခရီးစဉ်သို့ လိုက်ပါခွင့်မရခဲ့တဲ့ ဂျွန်စတုန်း၊ ဂန်ဒိုဂန်၊ ဖီးလ်ဖိုဒန်

ဂျွန်စတုန်း၊အိုင်ကေးဂန်ဒိုဂန်နှင့်ဖီးလ်ဖိုဒန်တို့ဟာလိုအပ်ချက်မပြည့်စုံမှုကြောင့်မန်စီးတီးရဲ့အမေရိကန်ခရီးစဉ်တွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

မန်စီးတီးဟာအသင်းရဲ့အဓိကကစားသမားသုံးဦးတို့မှာဘယ်လိုအကြောင်းပြချက်ဖြင့်ချန်ထားခဲ့ရသလဲဆိုတာကြေညာသွားခြင်းမရှိပါဘူး။

ဒါပေမဲ့ဗြိတိန်မီဒီယာများကယင်းကစားသမားသုံးဦးတို့ဟာကိုဗစ်ကာကွယ်ဆေးအပြည့်အစုံထိုးထားခြင်းမရှိသေးမှုကြောင့်မန်စီးတီးရဲ့အမေရိကန်ခရီးစဉ်တွင်ချန်လှပ်ခြင်းခံခဲ့ရတာလို့ယုံကြည်ရပါတယ်။

ယင်းကစားသမားတို့ဟာခရိုအေးရှားသို့မန်စီးတီးလူငယ်အသင်းနှင့်သွားရောက်ကာလေ့ကျင့်ခန်းဆင်းမှုသာပြုလုပ်သွားပါမယ်။

မန်စီးတီးဟာဇူလိုင်လ၃၀ရက်နေ့တွင်လီဗာပူးနှင့်ကွန်မြူနတီဒိုင်းပွဲမကစားမီ အမေရိကန်တွင်ကလပ်အမေရိက၊ဘိုင်ယန်မြူးနစ်တို့နှင့်ခြေစမ်းပွဲကစားသွားပါမယ်။

အေမီရစ်လာပေါ်တီမှာမူကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့်မန်စီးတီးရဲ့အမေရိကန်ခရီးစဉ်တွင်လိုက်ပါခြင်းမရှိပဲမန်ချက်စတာတွင်ပင်ကြံ့ခိုင်မှုပြည့်ဝရေးဆက်လက်လုပ်ဆောင်သွားပါမယ်။

ချဲလ်ဆီးဟာကိုဗစ်ကာကွယ်ဆေးအပြည့်အစုံမထိုးထားတဲ့အန်ဂိုလိုကန်တီနှင့်ရူဘင်လိုတပ်စ်ချက်ခ်တို့ကို အမေရိကန်ခရီးစဉ်တွင်ချန်ထားခဲ့ရပါတယ်။

Zawgyi

လိုအပ္ခ်က္မျပည့္စုံမႈေၾကာင့္ မန္စီးတီးရဲ႕အေမရိကန္ခရီးစဥ္သို႔ လိုက္ပါခြင့္မရခဲ့တဲ့ ဂြၽန္စတုန္း၊ ဂန္ဒိုဂန္၊ ဖီးလ္ဖိုဒန္

ဂြၽန္စတုန္း၊အိုင္ေကးဂန္ဒိုဂန္ႏွင့္ဖီးလ္ဖိုဒန္တို႔ဟာလိုအပ္ခ်က္မျပည့္စုံမႈေၾကာင့္မန္စီးတီးရဲ႕အေမရိကန္ခရီးစဥ္တြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

မန္စီးတီးဟာအသင္းရဲ႕အဓိကကစားသမားသုံးဦးတို႔မွာဘယ္လိုအေၾကာင္းျပခ်က္ျဖင့္ခ်န္ထားခဲ့ရသလဲဆိုတာေၾကညာသြားျခင္းမရွိပါဘူး။

ဒါေပမဲ့ၿဗိတိန္မီဒီယာမ်ားကယင္းကစားသမားသုံးဦးတို႔ဟာကိုဗစ္ကာကြယ္ေဆးအျပည့္အစုံထိုးထားျခင္းမရွိေသးမႈေၾကာင့္မန္စီးတီးရဲ႕အေမရိကန္ခရီးစဥ္တြင္ခ်န္လွပ္ျခင္းခံခဲ့ရတာလို႔ယုံၾကည္ရပါတယ္။

ယင္းကစားသမားတို႔ဟာခ႐ိုေအးရွားသို႔မန္စီးတီးလူငယ္အသင္းႏွင့္သြားေရာက္ကာေလ့က်င့္ခန္းဆင္းမႈသာျပဳလုပ္သြားပါမယ္။

မန္စီးတီးဟာဇူလိုင္လ၃၀ရက္ေန႔တြင္လီဗာပူးႏွင့္ကြန္ျမဴနတီဒိုင္းပြဲမကစားမီ အေမရိကန္တြင္ကလပ္အေမရိက၊ဘိုင္ယန္ျမဴးနစ္တို႔ႏွင့္ေျခစမ္းပြဲကစားသြားပါမယ္။

ေအမီရစ္လာေပၚတီမွာမူႀကံ့ခိုင္မႈမျပည့္ဝျခင္းေၾကာင့္မန္စီးတီးရဲ႕အေမရိကန္ခရီးစဥ္တြင္လိုက္ပါျခင္းမရွိပဲမန္ခ်က္စတာတြင္ပင္ႀကံ့ခိုင္မႈျပည့္ဝေရးဆက္လက္လုပ္ေဆာင္သြားပါမယ္။

ခ်ဲလ္ဆီးဟာကိုဗစ္ကာကြယ္ေဆးအျပည့္အစုံမထိုးထားတဲ့အန္ဂိုလိုကန္တီႏွင့္႐ူဘင္လိုတပ္စ္ခ်က္ခ္တို႔ကို အေမရိကန္ခရီးစဥ္တြင္ခ်န္ထားခဲ့ရပါတယ္။