လီဂီယာဝါဆောဆိုးသွမ်းပရိသတ်များကြောင့် ရဲတပ်ဖွဲ့ဝင်၁၂ဦးဒဏ်ရာရရှိ

ရဲတပ်ဖွဲ့ကကြာသပတေးနေ့တုန်းကလက်စတာနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်လီဂီယာဝါဆောဆိုးသွမ်းပရိသတ်များရဲ့တိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့ဝင်တစ်ဒါဇင်ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုလာပါတယ်။

လက်စတာက၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ယင်းပွဲတွင်ဧည့်သည်အသင်းပရိသတ်များဟာမီးရှူးမီးပန်းများထွန်းခဲ့ကြပြီးနောက်လက်စတာပရိသတ်များရှိရာပွဲကြည့်စင်သို့ကူးရန်ကြိုးပမ်းခဲ့ကြပါတယ်။

၎င်းတို့ဟာလက်စတာပရိသတ်များရှိရာသို့ပစ္စည်းများဖြင့်ပစ်ပေါက်ခဲ့ကြပြီးရဲတပ်ဖွဲ့နှင့်လုံခြုံရေးတို့လာရောက်ထိန်းသိမ်းခဲ့ပါတယ်။၎င်းတို့ဟာရဲတပ်ဖွဲ့ဝင်များကိုပြန်လည်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဟာလီဂီယာဝါဆောရဲ့ဆိုးသွမ်းပရိသတ်၇ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်များအရလီဂီယာဝါဆောပရိသတ်များဟာလှေကားတွင်ရဲတပ်ဖွဲ့ဝင်များကိုကန်ကျောက်မှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။

လက်စတာဟာလီဂီယာဝါဆောကိုအနိုင်ရရှိပေမယ့်လည်းအုပ်စုနောက်ဆုံးပွဲဖြစ်တဲ့နာပိုလီနှင့်ပွဲမှာရှုံးနိမ့်ပြီးစပါးတပ်မော်စကိုကဝါဆောကိုအနိုင်ရရှိလျှင်ယူရိုပါလိဂ်၃၂သင်းအဆင့်သို့တက်ခွင့်ရရှိမှာမဟုတ်ပါဘူး။

ZawGyi

လီဂီယာဝါေဆာဆိုးသြမ္းပရိသတ္မ်ားေၾကာင့္ ရဲတပ္ဖြဲ႕ဝင္၁၂ဦးဒဏ္ရာရရွိ

ရဲတပ္ဖြဲ႕ကၾကာသပေတးေန႔တုန္းကလက္စတာႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္လီဂီယာဝါေဆာဆိုးသြမ္းပရိသတ္မ်ားရဲ႕တိုက္ခိုက္မႈေၾကာင့္ရဲတပ္ဖြဲ႕ဝင္တစ္ဒါဇင္ဒဏ္ရာရရွိခဲ့ေၾကာင္းအတည္ျပဳလာပါတယ္။

လက္စတာက၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ယင္းပြဲတြင္ဧည့္သည္အသင္းပရိသတ္မ်ားဟာမီးရႉးမီးပန္းမ်ားထြန္းခဲ့ၾကၿပီးေနာက္လက္စတာပရိသတ္မ်ားရွိရာပြဲၾကည့္စင္သို႔ကူးရန္ႀကိဳးပမ္းခဲ့ၾကပါတယ္။

၎တို႔ဟာလက္စတာပရိသတ္မ်ားရွိရာသို႔ပစၥည္းမ်ားျဖင့္ပစ္ေပါက္ခဲ့ၾကၿပီးရဲတပ္ဖြဲ႕ႏွင့္လုံၿခဳံေရးတို႔လာေရာက္ထိန္းသိမ္းခဲ့ပါတယ္။၎တို႔ဟာရဲတပ္ဖြဲ႕ဝင္မ်ားကိုျပန္လည္တိုက္ခိုက္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ရဲတပ္ဖြဲ႕ဟာလီဂီယာဝါေဆာရဲ႕ဆိုးသြမ္းပရိသတ္၇ဦးကိုဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္မ်ားအရလီဂီယာဝါေဆာပရိသတ္မ်ားဟာေလွကားတြင္ရဲတပ္ဖြဲ႕ဝင္မ်ားကိုကန္ေက်ာက္မႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။

လက္စတာဟာလီဂီယာဝါေဆာကိုအႏိုင္ရရွိေပမယ့္လည္းအုပ္စုေနာက္ဆုံးပြဲျဖစ္တဲ့နာပိုလီႏွင့္ပြဲမွာရႈံးနိမ့္ၿပီးစပါးတပ္ေမာ္စကိုကဝါေဆာကိုအႏိုင္ရရွိလွ်င္ယူ႐ိုပါလိဂ္၃၂သင္းအဆင့္သို႔တက္ခြင့္ရရွိမွာမဟုတ္ပါဘူး။