လီဂူး၁ဖလားဆွတ်ခူးပေးပြီး ၂ ရက်အကြာတွင် လိုင်လီနည်းပြရာထူးမှ ဂယ်တီယာနုတ်ထွက်

လိုင်လီနည်းပြခရစ္စတိုဖီဂယ်တီယာဟာအသင်းကိုလီဂူး၁ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးခဲ့ပြီးနှစ်ရက်အကြာတွင်ရာထူးမှနုတ်ထွက်လိုက်ပါတယ်။

ပြင်သစ်ကလပ်ဟာပီအက်စ်ဂျီကိုကျော်ဖြတ်ကာ၂၀၁၁ခုနှစ်နောက်ပိုင်းပထမဆုံးပြင်သစ်လီဂူး၁ဖလားဆွတ်ခူးခဲ့ပါတယ်။

လိုင်လီဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကအင်းဂါးအား၂-၁ဂိုးဖြင့်အနိုင်ရယူကာပိုချက်တီနိုရဲ့ပီအက်စ်ဂျီအားကျော်ဖြတ်ကာလီဂူး၁ဖလားဆွတ်ခူးခဲ့တာပါ။

ဒါပေမယ့်ဂယ်တီယာဟာလိုင်လီအသင်းနဲ့အတူမြို့ပတ်ကာအောင်ပွဲခံမှုပြုလုပ်ပြီး၄၈နာရီအကြာမှာဘဲရာထူးမှနုတ်ထွက်လိုက်ပါတယ်။

ဂယ်တီယာဟာလိုင်လီနည်းပြရာထူးမှနုတ်ထွက်လိုက်ပေမယ့်ကလပ်လက်မဲ့အဖြစ်ကာလရှည်ကြာရှိနေဖို့မရှိပါဘူး။သူ့ကိုလီဂူး၁ကလပ်များဖြစ်ကြတဲ့နိုက်စ်၊လိုင်ယွန်အပြင်စီးရီးအေထိပ်သီးနာပိုလီက ဆက်သွယ်မှုများပြုလုပ်နေပါတယ်။

အသက်၅၄နှစ်ရှိဂယ်တီယာဟာ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလတုန်းကမာဆယ်လိုဘီရဲလ်ဆာရဲ့နေရာမှာအစားထိုးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

ZawGyi

လီဂူး၁ဖလားဆြတ္ခူးေပးၿပီး ၂ ရက္အၾကာတြင္ လိုင္လီနည္းျပရာထူးမွ ဂယ္တီယာႏုတ္ထြက္

လိုင္လီနည္းျပခရစၥတိုဖီဂယ္တီယာဟာအသင္းကိုလီဂူး၁ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးခဲ့ၿပီးႏွစ္ရက္အၾကာတြင္ရာထူးမွႏုတ္ထြက္လိုက္ပါတယ္။

ျပင္သစ္ကလပ္ဟာပီအက္စ္ဂ်ီကိုေက်ာ္ျဖတ္ကာ၂၀၁၁ခုႏွစ္ေနာက္ပိုင္းပထမဆုံးျပင္သစ္လီဂူး၁ဖလားဆြတ္ခူးခဲ့ပါတယ္။

လိုင္လီဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကအင္းဂါးအား၂-၁ဂိုးျဖင့္အႏိုင္ရယူကာပိုခ်က္တီႏိုရဲ႕ပီအက္စ္ဂ်ီအားေက်ာ္ျဖတ္ကာလီဂူး၁ဖလားဆြတ္ခူးခဲ့တာပါ။

ဒါေပမယ့္ဂယ္တီယာဟာလိုင္လီအသင္းနဲ႔အတူၿမိဳ႕ပတ္ကာေအာင္ပြဲခံမႈျပဳလုပ္ၿပီး၄၈နာရီအၾကာမွာဘဲရာထူးမွႏုတ္ထြက္လိုက္ပါတယ္။

ဂယ္တီယာဟာလိုင္လီနည္းျပရာထူးမွႏုတ္ထြက္လိုက္ေပမယ့္ကလပ္လက္မဲ့အျဖစ္ကာလရွည္ၾကာရွိေနဖို႔မရွိပါဘူး။သူ႔ကိုလီဂူး၁ကလပ္မ်ားျဖစ္ၾကတဲ့ႏိုက္စ္၊လိုင္ယြန္အျပင္စီးရီးေအထိပ္သီးနာပိုလီက ဆက္သြယ္မႈမ်ားျပဳလုပ္ေနပါတယ္။

အသက္၅၄ႏွစ္ရွိဂယ္တီယာဟာ၂၀၁၇ခုႏွစ္၊ဒီဇင္ဘာလတုန္းကမာဆယ္လိုဘီရဲလ္ဆာရဲ႕ေနရာမွာအစားထိုးတာဝန္ယူခဲ့သူျဖစ္ပါတယ္။