လီဂူး၁ နှင့်ပတ်သက်ပြီး မက်ဆီကို သတိပေးမှုပြုလုပ်လာတဲ့ ဖာဘရီဂက်စ်

လီဂူး၁ မှာအလွန်အကြိတ်အနယ်ရှိပြီးကစားပုံအလွန်ကြမ်းတမ်းကာလူအများထင်သကဲ့သို့မလွယ်ကူကြောင်း လီယွန်နယ်မက်ဆီသတိပေးခြင်းခံလာရပါတယ်။

မက်ဆီရဲ့ဘာစီလိုနာကစားဖော်ဟောင်းဆက်စ်ဖာဘရီဂက်စ်ကပီအက်စ်ဂျီအသင်းမှာငွေကြေးအင်အားအလွန်တောင့်တင်းလွန်းသော်လည်းတစ်သင်းတည်းပြိုင်တဲ့လိဂ်မဟုတ်ကြောင်းလည်းသတိပေးလာပါတယ်။

Ballon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးထားတဲ့လီယွန်နယ်မက်ဆီဟာဗုဒ္ဓဟူးနေ့တုန်းကပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

မက်ဆီဟာဥရောပရဲ့အခက်ခဲဆုံးလိဂ်တွင်မပါဝင်တဲ့ပြင်သစ်လီဂူး၁သို့ပြောင်းရွှေ့မှုနဲ့အတူမေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်မိုနာကိုစတားက “သူ့ကိုယ်သူအရမ်းကြီးမားတယ်လို့သူမတွေးမိသလိုပေါ့ဗျာ။တစ်ခါတစ်လေသူအပြင်ထွက်တယ်။သူကတော့သူ့အတွက်ပုံမှန်လိုပဲထင်မှာပေါ့။သူ့ပတ်ဝန်းကျင်မှာသူငယ်ချင်းတွေအများကြီးဝိုင်းရံနေတော့ပုံမှန်လိုပဲပေါ့။ဒါပေမယ့်အဲဒါကိုအပြင်ကကြည့်တဲ့အခါတစ်မျိုးမြင်နေရတယ်။ပီအက်စ်ဂျီဟာအမှတ်ပေးဖလားမရခဲ့ဘူး။သူတို့ကငွေတွေအများကြီးသုံးခဲ့တော့ဒါကကျရှုံးမှုတစ်ခုပေါ့။လူတိုင်းကဒီလိဂ်ကတစ်သင်းတည်းပြိုင်တဲ့လိဂ်လို့ထင်နေကြတာ။ဒါပေမယ့်ပြီးခဲ့တဲ့ငါးနှစ်မှာမိုနာကိုလုပ်လာတာတွေ၊လိုင်လီထိုးဖောက်လာတွေကသက်သေပါ။လူတွေထင်သလိုမလွယ်ပါဘူး။ပြိုင်ဆိုင်မှုအရမ်းပြင်းထန်တယ်။ကစားတာကြမ်းတယ်။အရမ်းမြန်တယ်။ကစားသမားတွေလည်းတောင့်တင်းတယ်။ခံစစ်ကစားတာလည်းကောင်းကြတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ပြင်သစ်လီဂူး၁နှင့်ပတ်သက်ပြီးအာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းက “ဒီလိဂ်ကလိဂ်ကောင်းတစ်ခုပါ။တိုးတက်နေတဲ့လိဂ်ဖြစ်ပါတယ်။ခံစစ်ကစားတာကောင်းသလိုကစားသမားတွေလည်းအရမ်းတောင့်တင်းပြီးကစားတာကြမ်းပါတယ်။တိုက်စစ်ပိုင်းမှာပါရမီရှင်တွေမရှိပေမယ့်လည်းတိုးတက်နေပါတယ်။နိုင်ငံခြားသားတွေ၊မော်ဒန်နည်းပြတွေရောက်လာမှုနဲ့အတူလိဂ်မှာမျိုးဆက်သစ်ကစားသမားတွေ၊နည်းပြတွေပေါ်ထွက်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးဖာဘရီဂက်စ်ဟာလီဂူး၁မှကစားသမားများဟာလီယွန်နယ်မက်ဆီရောက်လာမှုနဲ့အတူအရမ်းစိတ်လှုပ်ရှားလျက်ရှိကြကြောင်းဆိုသွားပါတယ်။

ZawGyi

လီဂူး၁ ႏွင့္ပတ္သက္ၿပီး မက္ဆီကို သတိေပးမႈျပဳလုပ္လာတဲ့ ဖာဘရီဂက္စ္

လီဂူး၁ မွာအလြန္အႀကိတ္အနယ္ရွိၿပီးကစားပုံအလြန္ၾကမ္းတမ္းကာလူအမ်ားထင္သကဲ့သို႔မလြယ္ကူေၾကာင္း လီယြန္နယ္မက္ဆီသတိေပးျခင္းခံလာရပါတယ္။

မက္ဆီရဲ႕ဘာစီလိုနာကစားေဖာ္ေဟာင္းဆက္စ္ဖာဘရီဂက္စ္ကပီအက္စ္ဂ်ီအသင္းမွာေငြေၾကးအင္အားအလြန္ေတာင့္တင္းလြန္းေသာ္လည္းတစ္သင္းတည္းၿပိဳင္တဲ့လိဂ္မဟုတ္ေၾကာင္းလည္းသတိေပးလာပါတယ္။

Ballon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးထားတဲ့လီယြန္နယ္မက္ဆီဟာဗုဒၶဟူးေန႔တုန္းကပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။

မက္ဆီဟာဥေရာပရဲ႕အခက္ခဲဆုံးလိဂ္တြင္မပါဝင္တဲ့ျပင္သစ္လီဂူး၁သို႔ေျပာင္းေ႐ႊ႕မႈနဲ႔အတူေမးခြန္းထုတ္ျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္မိုနာကိုစတားက “သူ႔ကိုယ္သူအရမ္းႀကီးမားတယ္လို႔သူမေတြးမိသလိုေပါ့ဗ်ာ။တစ္ခါတစ္ေလသူအျပင္ထြက္တယ္။သူကေတာ့သူ႔အတြက္ပုံမွန္လိုပဲထင္မွာေပါ့။သူ႔ပတ္ဝန္းက်င္မွာသူငယ္ခ်င္းေတြအမ်ားႀကီးဝိုင္းရံေနေတာ့ပုံမွန္လိုပဲေပါ့။ဒါေပမယ့္အဲဒါကိုအျပင္ကၾကည့္တဲ့အခါတစ္မ်ိဳးျမင္ေနရတယ္။ပီအက္စ္ဂ်ီဟာအမွတ္ေပးဖလားမရခဲ့ဘူး။သူတို႔ကေငြေတြအမ်ားႀကီးသုံးခဲ့ေတာ့ဒါကက်ရႈံးမႈတစ္ခုေပါ့။လူတိုင္းကဒီလိဂ္ကတစ္သင္းတည္းၿပိဳင္တဲ့လိဂ္လို႔ထင္ေနၾကတာ။ဒါေပမယ့္ၿပီးခဲ့တဲ့ငါးႏွစ္မွာမိုနာကိုလုပ္လာတာေတြ၊လိုင္လီထိုးေဖာက္လာေတြကသက္ေသပါ။လူေတြထင္သလိုမလြယ္ပါဘူး။ၿပိဳင္ဆိုင္မႈအရမ္းျပင္းထန္တယ္။ကစားတာၾကမ္းတယ္။အရမ္းျမန္တယ္။ကစားသမားေတြလည္းေတာင့္တင္းတယ္။ခံစစ္ကစားတာလည္းေကာင္းၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ျပင္သစ္လီဂူး၁ႏွင့္ပတ္သက္ၿပီးအာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းက “ဒီလိဂ္ကလိဂ္ေကာင္းတစ္ခုပါ။တိုးတက္ေနတဲ့လိဂ္ျဖစ္ပါတယ္။ခံစစ္ကစားတာေကာင္းသလိုကစားသမားေတြလည္းအရမ္းေတာင့္တင္းၿပီးကစားတာၾကမ္းပါတယ္။တိုက္စစ္ပိုင္းမွာပါရမီရွင္ေတြမရွိေပမယ့္လည္းတိုးတက္ေနပါတယ္။ႏိုင္ငံျခားသားေတြ၊ေမာ္ဒန္နည္းျပေတြေရာက္လာမႈနဲ႔အတူလိဂ္မွာမ်ိဳးဆက္သစ္ကစားသမားေတြ၊နည္းျပေတြေပၚထြက္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးဖာဘရီဂက္စ္ဟာလီဂူး၁မွကစားသမားမ်ားဟာလီယြန္နယ္မက္ဆီေရာက္လာမႈနဲ႔အတူအရမ္းစိတ္လႈပ္ရွားလ်က္ရွိၾကေၾကာင္းဆိုသြားပါတယ္။