လီဂူး ၁ တစ်လတာအကောင်းဆုံးကစားသမားဆုကို မက်ဆီကို ကျော်ပြီး နေမာဆွတ်ခူး

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာဩဂုတ်လအတွက်လီဂူး၁တစ်လတာအကောင်းဆုံးကစားသမားဆုကို ကစားဖော်လီယွန်နယ်မက်ဆီအားကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့ပါတယ်။

နေမာဟာလီဂူး၁တစ်လတာအကောင်းဆုံးကစားသမားဆုကိုမနေ့ညတုန်းကနိုက်စ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မတိုင်မီလက်ခံရယူခဲ့ပါတယ်။

နေမာဟာလီဂူး၁တစ်လတာအကောင်းဆုံးကစားသမားဆုအား မဲ ၄၅ရာခိုင်နှုန်းဖြင့်ဆွတ်ခူးသွားခဲ့တာဖြစ်ပြီးလန်းစ်တိုက်စစ်မှူးဖလိုရီယန်ဆိုတိုကာ(၃၀ရာခိုင်နှုန်း)နှင့်လီယွန်နယ်မက်ဆီ(၂၅ရာခိုင်နှုန်း)တို့ကိုကျော်ဖြတ်ကာဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နေမာဟာဩဂုတ်လအတွင်းတွင်ပီအက်စ်ဂျီအတွက်လီဂူး၁တွင် ၇ဂိုးသွင်းယူကာ၆ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီးနောက်လီဂူး၁ တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပီအက်စ်ဂျီသို့ပြောင်းရွှေ့လာပြီးတဲ့နောက် လီဂူး၁တစ်လတာအကောင်းဆုံးကစားသမားဆုကိုတတိယအကြိမ်မြောက်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။သူဟာ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလနှင့်၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းတို့ကလည်းဆွတ်ခူးခဲ့ပါတယ်။

ZawGyi





